ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်သည် အောက်တိုဘာ ၂၀ရက်နေ့ ရန်ကုန်မြို့၊ ဒဂုန်မြို့သစ်တောင် ပိုင်း၊ သီရိမင်္ဂလာမဟာစည်ရိပ် သာကျောင်းတိုက်၊ ဓမ္မကထိက တွံ
တေးဆရာတော် အရှင်ဧန္ဒက၏ရွှေရတု မွေးနေ့၌
မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဦးဝီရသူနှင့် တွေ့ဆုံစဉ်
ပါတီနိုင်ငံရေးမလုပ်ဘဲ အမျိုးသားနိုင်ငံရေးစစ်ကိုသာ လုပ်သွားမည်ဟု
ပြောကြားခဲ့ကြောင်း ဆရာတော်မှ ပေါ်ပြူလာနယူးစ်သို့ မိန့်ကြားသည်။
ဓမ္မကထိက တွံတေးဆရာတော် အရှင်ဧန္ဒက၏ရွှေရတုမွေးနေ့ကို မန်းလေးမှ ဆရာတော်ဦးဝီရသူအပါ အ၀င် သံဃာတော်ကိုးပါးမွေးနေ့အခမ်းအနားကို ကြွရောက်ခဲ့ပြီး ဦးခင်ညွန့်မှာလည်း အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် ဦးခင်ညွန့်မှ ဆရာတော်ဝီရသူအား လာရောက်ရှိခိုးစဉ် ဆရာတော်မှ အကျဉ်းစံအရှုံးသမား၏ အညှင်းခံနှလုံးသားဆိုပေမယ့် အပြင်းအထန်အမုန်းမပွားဖို့မသင့်တော့ဘူး ဟု အားပေးစကားမိန့်ကြားခဲ့ကြောင်း ဆရာတော်က ဆက်လက်ရှင်းပြသည်။
အခမ်းအနားပြီးဆုံးသွားပြီးနောက် ဦးခင်ညွှန့်မှ ဆရာတော်ဝီရသူအား သီးသန့်လာရောက်တွေ့ဆုံပြီး သူ၏ဇာတိဖြစ်သော သန်လျင်ကျောက်တန်းတွင် ဖောင်ဒေးရှင်းတွေဖွဲ့စည်းရ်ျ အစီစဉ်ဆွဲကာ အလုပ်လုပ်နေပြီး ပါတီနိုင်ငံရေးကို မလုပ်ဘဲ အမျိုးသားနိုင်ငံရေးကိုသာ ပြုလုပ်သွားမည်ဟု ပြောသွားခဲ့ကြောင်း ဆရာတော် ဦးဝီရ သူမှ မိန့်ကြားသည်။
သီရိမင်္ဂလာမဟာစည်ရိပ်သာကျောင်းတိုက်သည် အမျိုးသားထောက်လှန်းရေးခေတ်တွင် ဦးခင်ညွန်မှ ကျောင်းများဆောက်လုပ်လှူဒါန်းခဲ့ကြောင်း တွံတေးဆရာတော် အရှင်ဧန္ဒကမှာ ဦးခင်ညွန့်၏ ဆရာတော်ဖြစ် ကြောင်း ဆရာတော် ဦးဝီရသူမှ ဆက်လက်မိန့်ကြားသွားခဲ့သည်။
မန်းလေး၊ အောက်တိုဘာ ၂၂
ဖိုးလပြည့်
ဓာတ်ပုံ - ဦးဝီရသူ ဖေ့စ်ဘွတ်

No comments:
Post a Comment