ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ် ခြင်းခံရသော ဂျပန်နိုင်ငံသံ အမတ်ကြီးအဖြစ် မစ္စတာမီကီအိုနူမတအား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရက သဘောတူညီပြီးဖြစ် သည်။
မစ္စတာမီကီအိုနူမတသည် ၁၉၅ဝ ပြည့်နှစ် မတ် ၉ ရက်တွင် မွေးဖွားခဲ့ ပြီး ၁၉၇၄ ခုနှစ် မတ်လတွင် တကုရှိုးကုတက္ကသိုလ်မှ စီးပွားရေးစီမံခန့်ခွဲမှုဘာ
သာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး ၁၉၇၄ ခုနှစ် ဇန်နဝါရီလတွင်
နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ဝင်ရောက်ခဲ့သည်။ ၂ဝဝ၄ ခုနှစ်တွင်
ဟောင်ကောင်မြို့ ဂျပန်ကောင်စစ်ဝန် ချုပ်ရုံးတွင်
ကောင်စစ်ဝန်အဖြစ်လည်းကောင်း ၊
၂ဝဝ၇ ခုနှစ် ဧပြီလတွင် နယူး ယောက်မြို့ ဂျပန်ကောင်စစ်ဝန်ချုပ်
ရုံးတွင်လည်းကောင်း၊ ၂ဝဝ၉ ခုနှစ် ဇူလိုင်လ တွင် ပါလီမန်ရေးရာတွင် ဒုတိယ
လက်ထောက်ဝန်ကြီး အဖြစ်လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့ပြီး ၂ဝ၁၁
ခုနှစ်မှစတင်၍ ကောင်စစ်ရေးရာ ဗျူရို တွင် ညွှန်ကြားရေးမှူးချုပ်အဖြစ်
တာဝန်ထမ်းဆောင်လျက်ရှိသည်။
မစ္စတာမီကီအိုနူမတသည် အိမ်ထောင်သည်ဖြစ်ပြီး သားတစ်ယောက်ရှိသည်။
မြ၀တီ
မစ္စတာမီကီအိုနူမတသည် အိမ်ထောင်သည်ဖြစ်ပြီး သားတစ်ယောက်ရှိသည်။
မြ၀တီ

No comments:
Post a Comment