Sunday, 28 October 2012

ကျေးဇူးကြီးလှ မိနှင့် ဘ



" အကျိုးလိုကာ၊ စေတနာတူ၊ မေတ္တာဖြူပေး၊
အရိပ်ပေး၊ ငြိမ်းအေးကူမ မိနှင့်ဘ။

သမီးနှင့်သား၊ ဒုက္ခများ၍၊ သနားကြင်နာ၊ ယုယကာ၊
ကောင်းစွာ ဖေးမ မိနှင့်ဘ။

တိုးတက်ကြီးပွား၊ အောင်မြင်သွားမူ၊ စိတ်ထားဖြူစွာ၊
မုဒိတာ၊ ၀မ်းသာရွှင်ပြ မိနှင့်ဘ။

ကိုယ့်လမ်းကိုယ်သွား၊ ကိုယ့်အားကိုယ်ကိုး၊ စွမ်းရည်တိုးလား၊
ဥပေက္ခာ၊ ကောင်းစွာပြုကြ မိနှင့်ဘ။

တရား၎-ပါး၊ စောင့်ရှောက်ထား၍၊ သမီးသားမှာ၊
ကြီးပွားလာ၊ ချမ်းသာစေကြ မိနှင့်ဘ။

အချစ်ဆုံးဟု၊ ကောင်းမှုတန်ခိုး၊ အစဉ်တိုး၊
ဆွေးမျိုး မိနှင့်ဘ။ "

- တိပိဋကယောဆရာတော်ဘုရားကြီး အရှင်သိရိန္ဒာဘိဝံသ

Young Buddhist's Association

No comments:

Post a Comment