Wednesday, 24 October 2012

မင်းပြား၊ မြောက်ဦး ပဋိပက္ခ ၂ ဦးသေ၊ ၈ ဦး ဒဏ်ရာရ



 ရခိုင်ပြည်နယ်တွင် ဒေသခံရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင် ဘာသာဝင်တို့အကြား ယခုနှစ် ဇွန်လဆန်းမှ စတင်၍ ပဋိပက္ခများ ဖြစ်ပွားနေခဲ့သည် (ဓာတ်ပုံ – Reuters)
ရခိုင်ပြည်နယ်၊ မင်းပြား၊ မြောက်ဦးဒေသတို့မှာ နောက်ဆုံးဖြစ်ပျက်နေသည့် ပဋိပက္ခနဲ့ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာရဲ့ ဖော်ပြချက်ပါ။ 


မင်းပြားမြို့နယ်က ကျေးရွာ ၆ ရွာမှာ အိမ်ခြေ ၅၃၁ အိမ်၊ မြောက်ဦးမြို့နယ်က ကျေးရွာ ၂ ရွာက အိမ်ခြေ ၅၀၈ အိမ် ၊ စုစုပေါင်း အိမ်ခြေ ၁၀၃၉ ဆုံးရှုံးပျက်စီးခဲ့ပြီး အမျိုးသား ၁ ဦးနှင့် အမျိုးသမီးတဦး အသက် ဆုံးရှုံးခဲ့ပြီး အမျိုးသား ၈ ဦး ဒဏ်ရာ ရှိခဲ့ကြောင်းအခုလို နိုင်ငံပိုင် သတင်းစာက တရားဝင် ထုတ်ဖော်ပြ ထားပါတယ်။

အခုဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခဟာ မြန်မာ အစိုးရက အစ္စလမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရုံး မြန်မာနိုင်ငံ တွင် အခြေစိုက်ဖွင့်ခွင့် မပြုလို့ ကြေညာပြီးနောက်ပိုင်း  ပြန်လည်ဖြစ်ပွားလာတဲ့ မတည်ငြိမ်မှုလည်း ဖြစ်ပါ
တယ်။

No comments:

Post a Comment