Thursday, 11 October 2012

Big Sales Big Discount with Big Fun 2012 သီတင်းကျွတ် ဈေးရောင်းပွဲတော်တွင် နေ့စဉ် ဟန်းဖုန်းနှစ်လုံး မဲဖောက်ပေးမည်



Myanmar Image Media Group မှ ကြီးမှူး၍ Big Sales Big Discount with Big Fun 2012 သီတင်းကျွတ် ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို အောက်တိုဘာ ၂၇ ရက်မှ ၃၁ ရက် အထိ ကန်တော်ကြီး ဥယျာဉ်ရှိ ကရဝိတ် နန်းတော်တွင် နံနက် ၉ နာရီမှ ည ၁ဝ နာရီအထိ ကျင်းပမည်ဖြစ်သည်။

ဈေးရောင်းပွဲတော်ကြီးတွင် လူသ
ုံး ကုန်ပစ္စည်းမျိုးစုံ၊ ခရီးသွားကုမ္ပဏီများ၊ မင်္ဂလာဝတ်စုံများ၊ လျှပ်စစ် ပစ္စည်းများ၊ အိမ်ရာနှင့် အိမ်ဆောက်ပစ္စည်းများ၊ ပရိဘောဂများ၊ မီးဖိုချောင်သုံးပစ္စည်း များ၊ အထည်အလိပ်များ၊ အဝတ် အထည်များ၊ အိတ်များ၊ ဖန်စီပစ္စည်း များ၊ အလှကုန်ပစ္စည်းများ၊ အစား အသောက်များ၊ ဖုန်းနှင့် ဆက်စပ်အပို ပစ္စည်းများ၊ ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများ၊ စာရေးကိရိယာများ၊ ကျန်း မာရေးနှင့် ဆေးပစ္စည်းများ စသည်ဖြင့် ကုန်ပစ္စည်းမျိုးစုံ ပါဝင်ပြသရောင်းချ မည်ဖြစ်သည်။

ထို့အပြင် ဖျော်ဖြေရေး အစီအစဉ်များ ကိုလည်း နေ့စဉ် ထည့်သွင်းဖျော်ဖြေ မည် ဖြစ်ရာ ပြပွဲလာရောက်သူများ အတွက် အထူးကံစမ်းမဲ အစီအစဉ်များ ကိုလည်း စီစဉ်ထားပြီး နေ့စဉ် ဟန်းဖုန်းနှစ်လုံး မဲဖောက်ပေးခြင်း၊ အလိုက်ဖက်ဆုံး စုံတွဲ ရွေးချယ်သည့် အစီအစဉ်၊ ဖက်ရှင် ရှိုးပွဲများ၊ ဟာသဖျော်ဖြေရေး အစီအစဉ် များနှင့် ပျော်ရွှင်ဖွယ်ကစားနည်းများ လည်းပါဝင်ကြောင်း သိရသည်။

အဆိုပါပွဲတော်တွင် ဈေးရောင်းချ လိုသူများအနေဖြင့် ဆိုင်ခန်းငှားရမ်းခ မှာ နေရာပေါ်မူတည်၍ အနည်းဆုံး ငွေကျပ် ၁၅ဝဝဝဝ မှ ငွေကျပ် ၂၈ဝဝဝဝ ဈေးနှုန်းရှိကြောင်း သိရသည်။

No comments:

Post a Comment