Monday, 15 October 2012

"အောက်တိုဘာ ၂၃တွင် Apple Event ကျင်းပမည်ဟု Reuters မှအတည်ပြု




လွန်ခဲ့သော ရက်အနည်းငယ်ခန့်  ကထွက်ပေါ်လာသော သတင်းများအရ Apple မှနေ၍ အောက်တိုဘာ၂၃ တွင် Apple Event ကိုကျင်းပမှာဖြစ်ပြီး ထိုပွဲတွင် iPad Mini ကိုမိတ်ဆက်မှာ ဖြစ်ကြောင်းသိရပါတယ်။ ထိုသတင်းကို AddThingsD မှရရှိတာဖြစ်ပါတယ်။ ယခုအခါတွင်တော့ Reuters မှနေ၍ပါ အောက်တိုဘာ ၂၃တွင် Apple မှ Apple Event ကိုကျင်းပမှာ ဖြစ်တယ်လို့  အတည်ပြု ပြောကြားလိုက်ပြီြ
ဖစ်ပါတယ်။ ဒါပေမယ့် Reuters ရဲ့ဖော်ပြချက်တွင်တော့ ထိုပွဲသည် မည်သည့်အကြောင်းကြောင့် ကျင်းပခြင်း ဖြစ်တယ်လို့  ပြောကြားခြင်း မရှိပါဘူး။ ဒါပေမယ့် iPad Mini ကိုမိတ်ဆက်ပွဲထုတ်ရန်အတွက်သာ ကျင်းပခြင်းဖြစ်ဖွယ်ရှိနေပါသည်။

ထို့  အပြင် The Loop မှ Jim Dalrymple ရဲ့ပြောကြားချက်အရ ထိုသတင်းများသည် အမှန်ပင် ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ Jim Dalrymple သည် Apple နှင့်အလွန်ရင်းနှီး နီးစပ်သူဖြစ်ပြီး ယခင်တုန်းကလည်း Apple ၏ Product အသစ်များ ထွက်ရှိမည့် အကြောင်းများကိုပြောကြားစဉ်ကလည်း များသောအားဖြင့် မှန်ကန်သောကြောင့် ယခု အောက်တိုဘာ ၂၃ တွင် iPad Mini ထွက်ရှိမည် ဆိုသည်မှာ အမှန်ပင်ဖြစ်ဖွယ် ရှိနေပါသည်။
သတင်း GSMArena

No comments:

Post a Comment