Sunday, 30 September 2012

(၁၃)ကြိမ်မြောက် မြန်မာ့ရိုးရာ တိုကျိုသီတင်းကျွတ်ပွဲတော်



(၁၃)ကြိမ်မြောက် မြန်မာ့ရိုးရာ တိုကျိုသီတင်းကျွတ်ပွဲတော်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဂျပန်ဌာန မှ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ တွင် နံနက်၁၀ နာရီမှ ညနေ၅နာရီအထိ KIBA KOHAN ခီးဘ ပန်းခြံတွင် အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ ပထမဦးစွာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်
ဂျပန်ဌာနဥက္ကဌ ဦးလှဟန်မှ အမှာစကားပြောကြားပြီး မြန်မာ့ရိုးရာ တိုကျိုသီတင်းကျွတ်ပွဲတော် ကိုဖွင့်လှစ်ပေးခဲ့ပါတယ်။ ၄င်းနောက် ဖျော်ဖြေပွဲ သို့ လာရောက် တီးခတ်ကြသော ခေတ်ပေါ် တေးဂီတ၀ိုင်းများ၊ တိုကျိုမှ တီးဝိုင်းများ၊ နဂိုယာ မှခေတ်ပေါ်တေးဂီတအဖွဲ့ များ ၊ ရွှေဝါရောင်အငြိမ့်အဖွဲ့နှင့် ရင်သွေးငယ်များ၏ တေးသရုပ်ဖော်ကပြဖျော်ဖြေတင်ဆက်ခြင်း၊ AUNအဖွဲ့မှ တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။
ယနေ့ လာရောက်ကြသော မြန်မာမိသားစုများ ကို မြန်မာ့ရိုးရာ အစဉ်လာ မပျက် ဖျော်ဖြေခဲ့ကြပါတယ်။ ပွဲတော်တွင် အဖွဲ အစည်းအသီးသီးမှ အရောင်းဆိုင်များ က မြန်မာအစားအစာများ ၊ ဒန်ပေါက်၊ ကျောက်ကျော၊ရွှေရင်အေး၊ဖါလူဒါ၊ ကြက်သားကင်များ၊ အသုပ်စုံ၊ အအေး၊ဘီယာ၊ 0033 တယ်လီဖုံး ကြေငြာများ ၊ နောက်ဆုံးပေါ် I pard 5 ကြေငြာများ၊ စုံလင်စွာ တွေ့ မြင်ခဲ့ရပါတယ်။ ဒု ဥက္ကဌ ဦးသောင်းလှိုင်မှ တိုကျိုသီတင်းကျွတ်ပွဲတော် အား အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဂျပန်ဌာနမှ ပွဲတော်ကျင်းပတာ အခုအကြိမ် သည် ၁၃ကြိမ်မြောက်ပြီဖြစ်ကြောင်း၊နှစ်စဉ် အစဉ်လာမပျက် နိုင်ငံရေး အနှစ်သာရရှိရှိ ကျင်းပပေးကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဂျပန်ဌာန၏ ဦးတည်ချက်များ ၊ရပ်တည်ချက်များအားရှင်းပြခဲ့ပါတယ်၊၊ ဂျပန်နိုင်ငံ သို့ ခေတ္တရောက်ရှိနေသော ကျောင်းသားတပ်မတော်မှ ဥက္ကဌ ရဲဘော်သံခဲ ၊ မြန်မာ့အရေးကို ကူညီပေးလျက်ရှိသော ရှေ့ နေကြီး ၀ါတာနဘေး၊ မြန်မာစကားပြန် ဦးရွှေဘ၊ ဂျပန်သို့ ရောက်ရှိနေသော မြန်မာတိုင်းရင်းသားများ၊ မြန်မာ့ ဒီမိုကရေစီ အဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိ သူများ၊ တိုကျိုမြို့ သို့ ရောက်ရှိနေသော အခြားသောနိုင်ငံများမှ နိုင်ငံခြားသားများကို တိုကျိုသီတင်းကျွတ်ပွဲတော်တွင် ထူးဆန်းစွာ တွေ့ မြင်ခဲ့ရပါတယ် ။ ဆက်လက်ပြီး အတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ တိုကျိုသီတင်းကျွတ်ပွဲတော် ကျင်းပပုံ အား အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏ အလံတော်အောက်တွင် ဦးလည်မသုန် နာခံလျက်ရှိကြောင်း ၊ မြန်မာ့ရိုးရာ နှင့်အညီ မြန်မာများ ယနေ့ ပွဲတော် တွင် အဝေးတနေရာမှ မြန်မာများဆုံကြကြောင်း ၊ မိသားစုများ ကွင်းလယ်တွင် စုရုံးပြီး စားသောက်သောကြောင့် ၀မ်းသာကြောင်း၊လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲများ ကောင်းသောဖက်ကိုရောက်သောကြောင့် ကြိုဆိုကြောင်း ၊ ဂျပန်ဌာနမှ အဖွဲ့ ဝင်များ ယနေ့ ပွဲတော်တွင် စည်းစည်း ရုံးရုံး နှင့် တာဝန် ကျေသောကြောင့် ပွဲတော်မှာ အောင်အောင်မြင်မြင် နှင့် ပြီးသွားကြောင်း ၊ ယနေ့ ပွဲတော်ကို တိုကျို နှင့်နယ်အသီးသီးမှ မြန်မာများ၊ ဂျပန်များနှင့် နိုင်ငံခြားသားများ လူဦးရေ ၇၀၀ ကျော်လာကြောင်း ရှင်းပြခဲ့ပါတယ်။ သတင်း နှင့် ဓါတ်ပုံ ကိုထွန်းဝေ ဒီလင့်တွင်ဓါတ်ပုံများရရှိနိုင် ပါတယ်။ https://picasaweb.google.com/108726349834682516899/TokyoSeptember302012 ဗွီဒီယို https://www.youtube.com/user/zayyar20283 https://www.youtube.com/user/maungwto?feature=watch တွင် ကြည့်ရှုနိုင်ပါတယ်၊၊

No comments:

Post a Comment