Tuesday, 4 September 2012

ရီးယဲလ်မှ ရော်နယ်လ်ဒို ထွက်ခွာနိုင်ကြောင်း သတင်းများက မန်ယူ၊ မန်စီးတီးနှင့် PSGတို့ အတွက် တပ်လှန့်မှုဖြစ်လာ


PDF Print E-mail
Tuesday, 04 September 2012 09:26

ရီးယဲလ်မက်ဒရစ်ကို စွန့်ခွာရန် ခရစ္စတီယာနို ရော်နယ်လ်ဒိုက စဉ်းစားနေပြီ ဆိုသော သတင်းသည် မန်ချက်စတာ နှစ်သင်းနှင့် PSGတို့ အတွက် တပ်လှန့်မှု တစ်ခုသဖွယ် ဖြစ်လာခဲ့သည်။

ပရော်ဖက်ရှင်နယ်ပိုင်းနှင့် ဆိုင်သော ကိစ္စ တစ်ခုကြောင့် မိမိသည် စပိန်လာလီဂါ ချန်ပီယံ အသင်းတွင် မပျော်ပိုက်တော့ဟု ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးက ပွင့်ပွင့်လင်းလင်း ဝန်ခံ လိုက်ပြီးနောက် ရော်နယ်လ်ဒို၏ ဘာနေဗျူး အနာဂတ်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ရီးယဲလ်သည် ရော်နယ်လ်ဒို၏ စာချုပ်တွင် ပေါင်စတာလင် သန်း(၁၀၀)တန် ကမ်းလှမ်းမှုမျိုး ရှိမှသာ ရောင်းထုတ်မည် ဟူသော အချက်ကို ထည့်သွင်း ချုပ်ဆိုထားသည်။ လက်ရှိတွင် အသက်(၂၇)နှစ်ရှိ ကစားသမားသည် ရီးယဲလ်၌ (၃)နှစ် စာချုပ်သက်တမ်း ကျန်ရှိနေဆဲ ဖြစ်သည်။
ရီးယဲလ်မှ ထွက်ခွာမည်ဟု သတင်းထွက်နေသည့် ရော်နယ်လ်ဒို

ကမ္ဘာ့ အကောင်းဆုံး စာရင်းဝင် ကစားသမား တစ်ဦးဖြစ်သော ရော်နယ်လ်ဒိုသာ အသင်းမှ အမှန်တကယ် ထွက်ခွာမည် ဆိုပါက ငွေကြေးဓန တောင့်တင်းကြွယ်ဝလွန်းသည့် PSGနှင့် မန်စီးတီးတို့က သေချာပေါက် ကြားဝင်လာဖွယ် ရှိနေသည်။ ချယ်လ်ဆီးအနေနှင့်မူ အသင်းပိုင်ရှင် ရိုမန်အေဗရာမိုဗစ်ခ်ျ၏ ဆန္ဒကို စောင့်ကြည့်ရမည် ဖြစ်သည်။ မန်ယူ အသင်းမှာမူ ရော်နယ်လ်ဒိုကို ပျိုးထောင် ပေးခဲ့သည့် အသင်းဖြစ်ကာ ကစားသမား ကိုယ်တိုင်ကလည်း ရီးယဲလ်တွင် မကစားဖြစ်ပါက မန်ယူမှ လွဲပြီး မည်သည့် အသင်းသို့မျှ မသွားလိုကြောင်း ဝန်ခံ ထားဖူးသည်။

ကမ္ဘာ့ အကောင်းဆုံး စာရင်းဝင် ကစားသမား တစ်ဦးဖြစ်သော ရော်နယ်လ်ဒိုသာ အသင်းမှ အမှန်တကယ် ထွက်ခွာမည် ဆိုပါက ငွေကြေးဓန တောင့်တင်းကြွယ်ဝလွန်းသည့် PSGနှင့် မန်စီးတီးတို့က သေချာပေါက် ကြားဝင်လာဖွယ် ရှိနေ...
ရီးယဲလ်နှင့် ရော်နယ်လ်ဒိုကြား ပြဿနာ အပေါ် ခန့်မှန်းသတင်း အမျိုးမျိုး ထွက်ပေါ် နေသော်လည်း ဖြစ်နိုင်ခြေ အများဆုံးမှာ UEFA အကောင်းဆုံး ကစားသမား ဆုအတွက် ရီးယဲလ်အသင်းက ၎င်းကို အားပေး ထောက်ခံမှု မပြုခဲ့၍ ရော်နယ်လ်ဒိုက စိတ်ပျက်နေခြင်းဟု ဆိုသည်။ ရီးယဲလ်သည် ရော်နယ်လ်ဒိုအစား အသင်းခေါင်းဆောင် ဂိုးသမား အိုင်ကာ ကားဆီးလက်စ်ကို ထောက်ခံ ရပ်တည်ခဲ့ခြင်းနှင့် အတူ ရော်နယ်လ်ဒိုသည် ဆုရွေးချယ်ပွဲတွင် ဘာစီလိုနာ ကစားသမား အန်းဒရက်စ် အင်နီယေစတာကို အရေး နိမ့်ခဲ့သည်။ ရော်နယ်လ်ဒိုသည် (၂၀၀၉)ခုနှစ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၈၀)ဖြင့် ရီးယဲလ်သို့ ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ဂိုးပေါင်း(၁၅၀) သွင်းယူပေးပြီးဖြစ်သည်။
Ref: Daily Mail မူရင်းသတင်း   ..http://soccermyanmar.com/
  

No comments:

Post a Comment