Sunday, 16 September 2012

မြစ်ကြီးနား မနောကွင်းရောက် ၈၈မျိုးဆက်ကျောင်းသားများ

                ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊မနောကွင်းရှိ မဂျွယ်ခန်းမဆောင်၌ ကျင်းပသော
                   သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့
             ၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော မင်းကိုနိုင်၊ကိုဌေးကြွယ်၊ကိုပြုံးချိုတို့                        တက်ရောက်ခဲ့ကြသည်။


 
ယနေ့ (စက်တင်ဘာလ ၁၅ ရက်) နံနက် ၁၀း၃၀ နာရီတွင် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊မနောကွင်းရှိ မဂျွယ်ခန်းမဆောင်၌ ကျင်းပသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် ၈၈မျိုးဆက်ကျောင်းသားများက ၎င်းတို့၏ စေတနာဝသန် ဂီတရန်ပုံငွေပွဲ ရရှိငွေများအနက်မှ ကချင်စစ်ဘေးဒဏ်ခံပြည်သူများအတွက် ငွေကျပ် သိန်း ၁၇၅ သိန်းကို လှူဒါန်းခဲ့ရာ ကချင်နှစ်ချင်းအသင်းချုပ်က ငွေကျပ် သိန်း ၅၀၊ ကချင်အမျိုးသမီးအဖွဲ့က ငွေကျပ် သိန်း ၅၀၊ မြစ်ကြီးနား ကက်သလစ်အသင်းတော်က ငွေကျပ် သိန်း ၅၀၊ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပူတာအိုအတွက် ငွေကျပ် ၂၅သိန်း တို့ကို လက်ခံရယူသွားခဲ့ပါသည်။ ( မနက်ဖြန် မိုးကောင်း၊ ဖားကန့် ခရီးစဉ်တွင်လည်း ငွေကျပ် ၂၅ သိန်းကို ဆက်လက် လှူဒါန်းသွားမည် ဖြစ်သည်။)





No comments:

Post a Comment