ပါကစ္စတန်နိုင်ငံတွင်
ဖြစ်ပွားခဲ့သော အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း
အဓိကရုဏ်းများကြောင့် လူ ၁၆ ဦးသေဆုံးပြီး ၁၉၅ ဦးဒဏ်ရာရရှိကြောင်း
တာဝန်ရှိသူများက ပြောကြားသည်။ သေဆုံးသူများအနက် ကရာချိမြို့တွင်
ဖြစ်ပွားခဲ့သော ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ
့ကြား ထိပ်တိုက်တွေ့မှုများအတွင်း သေဆုံးသူ ၁၂ ဦးပါဝင်ကြောင်း သိရသည်။
အမေရိကန်တစ်ဦး ရိုက်ကူးထားသော အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်မိုဟာမက်အား လှောင်ပြောင်သရော်ထားသည့် ရုပ်ရှင်ဇာတ်လမ်းတို အင်တာနက်တွင် ပြန့်နှံ့ခဲ့ပြီးနောက် မွတ်ဆလင်မ်နိုင်ငံများတွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ကျယ်ပြန့်စွာ ပေါ်ပေါက်လာခဲ့သည်။
အဆိုပါ ဆန္ဒပြမှုများအနက် လစ်ဗျားတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုမှာ တိုက်ခိုက်မှုများ နောက်ဆက်တွဲဖြစ်ပေါ်ခဲ့ပြီး လစ်ဗျားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအပါအဝင် အမေရိကန်လူမျိုး ၄ ဦးသေဆုံးခဲ့သည်။

News

No comments:
Post a Comment