ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ
အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ Mr. Wu Bangguo တို့သည်
ယနေ့မွန်းလွဲ(၁၂) နာရီ(၁၅)မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်
သမ္မတအိမ်တော် သံတမန်ဆောင်၌ ကျင်းပသည့် နှစ်နိုင်ငံသဘောတူစာချုပ်များ
လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက် ချီးမြှင့်ကြသည်။
................................................................................................
လက်မှတ်ရေးထိုးပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရတို့အကြား စီးပွားရေးနှင့်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်၊ မြန်မာနိုင်ငံတွင် ကျင်းပမည့် (၂၇) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ၌ အထောက်အပံ့ပေးမည့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာ၊ ကလေးသူငယ်များ အတွက် အသည်းရောင် အသားဝါ ဘီရောဂါ ကာကွယ်ဆေး အကူအညီပေးရေး ဆိုင်ရာစာချွန်လွှာ၊ ဆေးပညာဆိုင်ရာ အထောက်အကူပြုပစ္စည်းများ အကူအညီ ပေးရေးဆိုင်ရာ စာချွန်လွှာ၊ ပညာရေးကဏ္ဍအတွက် အထောက်အကူပြု ပစ္စည်းများ အကူအညီပေးရေးဆိုင်ရာ စီမံကိန်းအတွက် စာချွန်လွှာ၊ စိုက်ပျိုးရေး သရုပ်ပြ စင်တာ ထူထောင်ရေး စီမံကိန်းတွင် အကူအညီပေးရေးဆိုင်ရာ ဖြစ်နိုင်ခြေများ လေ့လာရေးစာချွန်လွှာ၊ ဆောက်လုပ်ရေးဆိုင်ရာ အထောက်အကူ ပြုပစ္စည်းများ အကူအညီပေးရေးဆိုင်ရာ စီမံချက်အား လွှဲပြောင်းပေးအပ်မည့် အသိအမှတ်ပြု စာချွန်လွှာ၊ အသေးစားဆန်စက်များ ဆောက်လုပ်ရေးဆိုင်ရာ စီမံကိန်းအား လွှဲပြောင်းမည့် အသိအမှတ်ပြု စာချွန်လွှာ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CRI အသံလွှင့်ဌာနတို့အကြား မြန်မာစကားပြော တရုတ်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ထုတ်လွှင့်မှုနှင့် ပတ်သက်သည့် သဘောတူညီချက်၊
—ငရဲသား

.......................................................................
သူဌေးရေအားလျှပ်စစ် စီမံကိန်းအတွက် ချေးငွေဆိုင်ရာ သဘောတူညီချက်နှင့်
ဘီလူးချောင်း ရေအားလျှပ်စစ် စီမံကိန်းအတွက် ချေးငွေသဘော တူညီချက် တို့ကိုလည်းကောင်း အသီးသီး လက်မှတ်ရေးထိုးကြပြီး စာချုပ်များ အပြန်အလှန် လဲလှယ်ကြသည်။

Source : http://www.president-office.gov.mm/
............................................................................................................
ကျွန်တော် ပြောခဲ့ဖူးပါသည်..။
ပွင့်လင်းမြင်သာပြီး နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းတဲ့ အချိန်မှာတောင် တရုတ်က ဂုတ်ကိုကိုင်ပြီး ဆွဲမ ထားတာကို အစိုးရအပါအ၀င် ကျွန်တော်တို့တွေ ခံနေရတာပါပဲ... လို့
................................................................................
ကို Pa Yit သုံးသပ်ဖူးပါသည်။
အရောင်အသွေးအမျိုးမျိုးရှိတယ်ဆိုပေမဲ့ ကိုယ့်လူမျိုးအတွက်ဆိုရင်..အရောင်အသွေးမရှိသင့်ပါဘူး...၊
အချုပ်အခြာအဏာကိုသူများကလာတိုက်လို့ထိပါးခံရတာထက်..
စီးပွားရေးလူမှုရေးနဲ့ သယံဇာတာတွေအမှည့်ချွေအချွေခံရပြီး..
မွေးစားခံရတာ၊....အရှင်လတ်လတ်သွတ်သွင်းခံရပြီး
အခြုပ်အခြာအာဏာထိပါးခံရတာက..ပိုခံရခက်သလိုပါပဲ...။
မိုက်မိုက်ရိုင်းရိုင်းပြောရရင် မုဒိန်းကျင်းတဲ့သူက..
ကိုယ်ကျင့်ချင်တဲ့သူကိုအကြမ်းဖက်ပြီးကျင့်ရင် ၁ ခါပဲ ကျင့်လို့ရပါမယ်..
ကိုယ့်ဘက်ကလဲတရားခံကိုဖမ်းပြီးအရေးယူလို့လဲရပါတယ်....။
ဒါပေမယ့် .. ဖျားယောင်းသွေးဆောင်ခံရပြီးအကျင့်ခံရရင်တော့...
တစ်သက်လုံးသွားပေရော့ပါပဲ..သေသည်အထိ အရိုးအရင်းပဲကိုက်ရပြီး...
ကိုယ်ရတာနဲ့တွေနဲ့မတန်အောင်..တစ်သက်လုံးခြေတော်တင်ခံရမှာပါ
အခုလဲ.....ပေးလိုက်ရတာနဲ့တန်လို့လား... အားလုံးအသိပါ
ကိုယ်မသိပေမဲ့..ပတ်ဝန်းကျင်ကသိလို့ နှာခေါင်းရှုံ့ခံကြတယ်မလား....
(နားနဲ့မနာဖ၀ါးနဲ့နာကြပါဗျာ)

No comments:
Post a Comment