Thursday, 13 September 2012

လူမိုက်နောင်တ နောင်မှရ


by Victor Tan on Thursday, September 13, 2012 at 6:41am ·

မာလာရဲ့ပုံနဲ့ထပ်မံအားဖြည့်လိုက်ပါတယ်

ကျောင်းသား ခေါင်းဆောင် ကိုမိုးသီးဇွန် မုံရွာ ၊ ဆားလင်းကြီး နယ်ဘက် မှ  ပြည်သူ များ ၏ လယ်ယာမြေ ပြန်လည် ရရှိ ရေး ၊ ကြေးနီစီမံကိန်း ဖျက်သိမ်း ရေး ၊ ဖမ်းဆီး ထားသူများ ပြန်လည် လွတ်မြောက်ရေး အတွက် ဦးဆောင် မှု ပေး ရန် မုံရွာ မြို့ နှင့် ဆာ လင်း ကြီး မြို့ သို့ လာ မည် ဟု သတင်း ရ ရှိသည်။


လူမိုက်နောင်တ နောင်မှရ

သတင်းကပြေး
သတင်းကတော့မွေးပါဘိ…။

သို့ပေတည့်…
အသိတရား သတိမထားက
မှားသွားတဲ့အကွက်
ပြန်ဆယ်ရန်အလွန်ခက်…။


ဘ၀ကျားကွက်
တချက် အရွှေ့မမှားနဲ့
တချို့အကွယ်မယ်
အဖတ်ပြန်ဆယ်လို့ရပေတဲ့
တချို့အကွယ်မယ်
ပြန်ဆယ်လို့ လုံးဝမရ…။

မရွှေ့ခင် အသေချာစဉ်းစား
လုံးဝ မယွင်းမှားလေနဲ့
အတင်းတအား ရွှေ့သွားပြီးမှ
မှားသွားလို့ ပြန်ရုပ် နောက်ဆုတ်လို့မရ။

ဒေါသနဲ့မာန ရှေ့ထား
လောဘနဲ့မောဟ ပယ်မထားလေတော့
အပါယ်လားဖို့အကြောင်းကံ
ဖန်လာခဲ့ပါပြီလေ…(ဇာတ်တူသားစား
လူတွေအသတ်မှားခဲ့တာကိုး)

ခုမှကိုယ်လုပ်သမျှအရေး
မုချတွေးပြီးကြောက်
ပြေးပေါက်ရှာပြေး အကြွေးဆပ်ချင်ရှာသေး
ကိုယ်လုပ်တဲ့အရေး တင်ရှိခဲ့တဲ့အကြွေးက
ပေးလို့မကုန် ပြေးလို့လဲ မလုံနိုင်တော့ပါ။

ကွဲသွားတဲ့အသဲ
မဲသွားတဲ့နှလုံး
ထုံးသုတ်လို့ မဖြူနိုင်တော့ပါ…။

ကုသိုလ် နဲ့ အ-ကုသိုလ်ပန်းနှစ်ခိုင်
အားချင်းပြိုင်ခဲ့ပါရင်
မီးများမီးနိုင် ရေများရေနိုင်ပါ…။

ကိုယ်ပြုသမျှအကြောင်းကံ
ကိုယ့်ထံ အရိပ်ပမာ ပြန်လာပါမယ်…။

မလုပ်ခင်က အတွေးမပေါက်
အတွေးမရောက်တာလား
လုပ်ပြီးမှ အတွေးပေါက်
အတွေးရောက်လဲ နောက်ကျသွားချေပြီ…။

ခုမှတော့တွေးကြောက်မနေနဲ့
ကိုယ်ပြုသမျှကံနောက်ကိုသာ
ထပ်ကြပ်မကွာ လိုက်သွားပါတော့ကွာ…။
တာ့တာ..ဘိုင့်ဘိုင်…။

တက္ကသိုလ်ဘုန်းကြွယ်
(စက်တင်ဘာ ၁၂ ၂၀၁၂)

No comments:

Post a Comment