Sunday, 23 September 2012

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တွေ့ဆုံပွဲ


ပြည်သူ့လွှတ်တော် အားကစား၊ယဉ်ကျေးမှု နှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တွေ့ဆုံပွဲတွင် ကော်မတီဥက္ကဌ သူရဦးအေးမြင့်အနေဖြင့် မီဒီယာသမားများအတွက် လွတ်လပ်ခွင့် နှင့်ကာကွယ်နိုင်ခွင့် အမှန်တကယ် ဖော်ဆောင်နိုင်ရန် မီဒီယာ ဥပဒေပေါ်ထွက်လာရန် ကော်မတီအနေဖြင့်လာမည့် ပထမအကြိမ် ပဉ္စမပုံမှန် အစည်း အဝေးတွင် တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း၊မီဒီယာ ဥပဒေ
ရေးဆွဲသည့် အချိန်တွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အပါအ၀င် မြန်မာနိုင်ငံ အတွင်းရှိ စာပေ၊စာနယ်ဇင်းသမားများနှင့် ပူးပေါင်းဆောင်ရွက် သွားရန်လိုအပ်ကြောင်းပြောကြားသွားသည်။ထို့နောက် စာနယ်ဇင်းကောင်စီမှ တာဝန်ရှိသူများနှင့် တက်ရောက်လာသည့် စာနယ်ဇင်း အဖွဲ့ဝင်များက လိုအပ်သည့်
အချက် အလက်များ၊အခွင့် အရေးကိစ္စရပ်များကိုဆက်လက် ဆွေးနွေးနေပြီး ဆရာမောင်ဝံသ မှ သတင်းစာဆရာ တစ်ဦးအနေဖြင့် ယင်းဥပဒေနှင့် ပတ်သတ်၍
စာနယ်ဇင်း သမားများကို အချိန်မရွေး အန္တရာယ်ပေးနိုင်သော ၊ခြိမ်းချောက်နေသော ဥပဒေများကို ဖျက်သိမ်းပေးရန်နှင့် နိုင်ငံ တကာ စံချိန် စံနှုန်းနှင့်အညီ
လွတ်လပ်ခွင့် ရရှိရန်လိုအပ်ကြောင်းဆွေးနွေး ပြောကြားသည်။
 ပြည်သူ့လွှတ်တော် အားကစား၊ယဉ်ကျေးမှု နှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တွေ့ဆုံပွဲကိုယနေ့နံနက် ၉ နာရီ အချိန်တွင် ရန်ကုန်မြို့ ရှိ Hotel Yangon ၌ပထမဆုံးအကြိမ် တွေ့ဆုံနေပြီ ဖြစ်ကြောင်းသိရသည်။
လက်ရှိဖွဲ့စည်းထားသော စာနယ်ဇင်းကောင်စီ(ယာယီ) ၏ သဘောထားနှင့် ရပ်တည်ချက်များကှိုညှိနိုင်းဆွေးနွေးလိုခြင်း၊လွှတ်တော် နှင့် ကော်မတီအပိုင်းမှ ပြုလုပ်ပေးရမည့် အချက် အလက်များကို တွေ့ဆုံ ဆွေးနွေးလိုခြင်းဖြစ် သောကြောင့် ယခုကဲ့သို့တွေ့ဆုံရခြင်းဖြစ်ကြောင်းကော်မတီ ဥက္ကဌ သူရဦးအေးမြင့်က ပြော ကြားသည်။
 
 

No comments:

Post a Comment