Monday, 17 September 2012

မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ကိုနေမျိုးဇင် ရဲ့ မေးမြန်းခန်း

ဓနုဖြူမြို့နယ် ရေကြီးနစ်မြုပ်ခဲ့သော အံ့ကြီးကျေးရွာသို့ တလခွဲကာလတာ အတွင်း ပထမဆုံး ရောက်ရှိလာသည့်ကယ်ဆယ်ကူညီရေး အဖွဲ့ ဖြစ်သော အလင်္ကာတမန် ပရဟိတကူညီရေး အဖွဲ့ လူငယ်များသည် စိတ်စေတနာဖြူစင်စွာဖြင့် လူထု အတွက် ဆန်များ၊ ဆီများ၊ ဆား၊ကြက်သွန်နီဖြူ၊ အ၀တ်အထည်များ ပေးဝေယုံမျှ မက ယခုလို လူထု အကြား လက်တွေ့သွားရောက် လေ့လာခဲ့ကြသည်။ အလင်္ကာတမန် ပရဟိတ အဖွဲ့မှ လူငယ်များအား မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ လေးစားစွာ ဂုဏ်ပြုရင်း ပြည်သူလူထု ကိုယ်စား ကျေးဇူးတင်စကား ဆိုလိုက်ပါရစေခင်ဗျား
 
ရေဘေးဒါဏ်သင့် ပြည်သူအကြား ဒီလိုသွားလို့ ကူညီကြရသည်။


ရေကြီးနစ်မြုပ်ခဲ့ပြီး တရွာလုံးတွင် တိုက်အိမ် မရှိသည့် ဓနုဖြူမြို့နယ် အံ့ကြီးကျေးရွာတွင် ယခုလို စာသင်မူလတန်းကျောင်းဆောင်သစ်ကို ပညာရေး ၀န်ကြီးဌာန က ဆောက်လုပ်ပေးထားပါသည်။ သို့သော် စာသင်ရန် ထိုင်ခုံ မရှီသောကြောင့် မူလတန်းကလေးများက ဘုန်းတော်ကီးကျောင်း သစ်သားကြမ်းခင်းတွင်သာ ကျုံ့ကျုံ့လေးထိုင် စာသင်ကြရသည်။ ကွန်ကရစ် ကြမ်းပြင် စာသင်ကျောင်းဆောင်သစ်သည် အသက်မဲ့ တိတ်ဆိတ်လျက်

မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်ထံသို့ ပေးပို့လှူဒါန်းထားသည့် မလေးရှားနိုင်ငံမှ ဆရာတော် ဦးစရိယ ဧ။် လှူဒါန်းငွေ ၁၅ သိန်းဖြင့် ထိုကျောင်းလေး အတွက် ကျောင်းသုံး ပရိဘောဂ နှင့် စာသင်ခုံများ ၀ယ်ယူလှူဒါန်းပေးမည်ဟု စိတ်ကူးမိပါသည်။

ဆရာတော် ဦးစရိယ အား လေးစားစွာတင်ပြပါသည်။



No comments:

Post a Comment