Saturday, 22 September 2012

(၅) နှစ်မြောက် ရွှေဝါရောင် တော်လှန်ရေးနေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းခြင်း

မြန်မာ့ဒီမိုကရေစီကွန်ယက်/ Network for Democracy in Burma (NDB)

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်

၅ နှစ်မြောက် ရွှေဝါရောင် တော်လှန်ရေးနေ့ နှစ်ပါတ်လည်အခမ်းအနား

ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့်  ဆုတောင်းပွဲ


၂၀၀၇ ခုနှစ်၊ စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်လှုပ်ရှားမှုအတွင်း အသက်ဆုံးရှုံးခဲ့ကြသူများအားရည်

စူး၍  သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဆုတောင်းပွဲကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါ၍ တက်ရောက်ကုသိုလ်ယူနိုင်ကြပါရန် ဖိတ်ကြားအပ်ပါသည်။
နေ့ရက်။        ။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ (တနင်္ဂနွေနေ့)
အချိန်။        ။နံနက် ၉း၃၀ နာရီ
နေရာ။        ။ Takadanobaba ဘူတာ၊ ညီညွတ်သောတိုင်းရင်းသားများ (AUN) ရုံးခန်း   

      (စေတနာရှင် မည်သူမဆို ဆွမ်းကွမ်း ဆက်ကပ်လှူဒါန်းနိုင်ကြပါသည်။)

သတ်မှတ်ချိန်အတိအကျ လာရောက်ပေးကြပါရန်။


NDB ပြန်ကြားရေး။
ဆက်သွယ်ရန်။  ၀၉၀ ၄၉၆၄ ၉၇၁၈။   ၀၉၀ ၉၈၃၁ ၇၁၉၂။   ၀၉၀ ၆၀၃၁ ၄၃၉၄။  ၀၈၀ ၄၀၀၅ ၇၀၉၈
              ၀၉၀ ၆၀၂၅ ၄၆၂၉၀၈၀ ၅၀၇၀ ၀၀၈၀၀၈၀ ၃၄၂၄ ၂၇၅၉။ 
 
 ဒီဇိုင်း အေးနန္ဒာအောင်

No comments:

Post a Comment