ကိုထွန်းဝေ စာမျက်နှာ
Pages
မူလစာမျက်နှာ
Thursday, 27 September 2012
အငြင်းပွားနေသော ကျွန်းများနှင့်ပတ်သက်၍ တရုတ်နှင့်ဂျပန် ဆွေးနွေးမှုမအောင်မြင်
မြ၀တီ
's
photo
.
http://www.myawady.com.mm/index.php/all-news/international-news/2012-09-27-02-45-15
ပိုင်နက် အငြင်းပွားနေသော ကျွန်းများ နှင့်ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီး
ယန်ကျဲချီနှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကိုအီချီ ရိုဂန်းဘာတို့သည် စက်တင်ဘာ ၂၅ ရက်က နယူးယောက်မြို့၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာတွင် အောင်မြင်မှု မရခဲ့ကြောင်း သံတမန် များက စက်တင်ဘာ ၂၆ ရက် တွင် ပြောကြားခဲ့သည်။
ဂျပန် အစိုးရသည် တရုတ်နိုင်ငံ၏ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှု ချိုးဖောက်ခဲ့သည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီး ယန်ကျဲချီက အဆိုပါ ဆွေးနွေးပွဲတွင် စွပ်စွဲ ပြောဆို ခဲ့သည်ဟု ဆင်ဟွာ သတင်းဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။
ယင်း ဆွေးနွေးပွဲသည် နှစ်နိုင်ငံ ကြားတွင် ကျင်းပခဲ့သော ဆွေးနွေးပွဲများ အနက် အတင်းမာ ဆုံးသော ဆွေးနွေး ပွဲတစ်ခု ဖြစ်ခဲ့သည်ဟု သိရသည်။
ဂျပန် အစိုးရက နှစ်နိုင်ငံ အကြား အငြင်းပွားနေသည့် ကျွန်းများကို ဝယ်ယူခဲ့ခြင်း အပေါ် တရုတ်နိုင်ငံက အမျက် ထွက်ခဲ့ပြီးနောက် နှစ်နိုင်ငံ အကြား တင်းမာမှုများ ဖြစ်ပွားလာပြီး တရုတ်နိုင်ငံ အတွင်းရှိ Panasonic နှင့် Honda ဂျပန် ကုမ္ပဏီများသည် လုံခြုံရေး အခြေအနေ များကြောင့် လွန်ခဲ့သော သီတင်းပတ်က ပိတ်ပစ် ခဲ့သည်ဟု သိရသည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment