အရပ်သားအစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သော တူရကီစစ်ဘက် တာဝန်ရှိသူ ၃၂၂ ဦးကို ထောင်ဒဏ်များ ချမှတ်
MONDAY, 24 SEPTEMBER 2012 00:27
တရားရုံးရှေ့တွင် ရုံးတင်ခံရသူများ၏ ဆွေမျိုးများ၊ စစ်သားများက စက်တင်ဘာလ ၂၀ ရက်တွင် စောင့်ဆိုင်းနေစဉ် Photo : AFP
MONDAY, 24 SEPTEMBER 2012 00:27
တရားရုံးရှေ့တွင် ရုံးတင်ခံရသူများ၏ ဆွေမျိုးများ၊ စစ်သားများက စက်တင်ဘာလ ၂၀ ရက်တွင် စောင့်ဆိုင်းနေစဉ် Photo : AFP
ပြီးခဲ့သော ဆယ်စုနှစ်တစ်ခုနီးပါးက လက်ရှိဝန်ကြီးချုပ် ရီဆက်တေရစ်အာဒိုဂန်အစိုးရကို
ဖြုတ်ချရန် ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည့် စစ်ဘက်တာဝန်ရှိသူ ၃၂၂ ဦးကို
တူရကီတရားရုံးတစ်ခုက စက်တင်ဘာလ ၂၁ ရက်၌ ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
ယင်းပြစ်ဒဏ်များချမှတ်ခဲ့မှု မှာ တစ်ချိန်က သြဇာကြီးသော တူရကီစစ်တပ်အပေါ် အရပ်သားအစိုးရက ပြန်လည်လွှမ်းမိုးမှုအား ဖော်ပြလိုက်ခြင်းဖြစ်သည်။
အစ္စတန်ဘူလ်အနောက်ဘက်၊ Silivri ရှိ တရားရုံးတစ်ခုက လက်ရှိတာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားယူသွားသော စစ်ဘက်တာဝန်ရှိသူ ၃၂၂ ဦးကို ထောင်ဒဏ်များချမှတ်ခဲ့ခြင်း ဖြစ်ပြီး ၃၄ ဦးကို တရားသေ ပြန်လွှတ်ပေးခဲ့ကြောင်း တရားရုံးဖိုင် များကို ကြည့်ရှုခွင့်ရသော ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
၂၀၀၃ ခုနှစ်တွင် အာဒိုဂန်အစိုးရကိုဖြုတ်ချရန် ရည်ရွယ်ခဲ့သော Sledgehammer ဟုခေါ်သည့် အာဏာသိမ်းနရန် ကြိုးပမ်းမှု၌ ခေါင်းဆောင်ဟု သတ်မှတ်ခံရသော အငြိမ်းစားဗိုလ်ချုပ်ကြီးနှ စ်ဦးဖြစ်သည့်
Cetin Dogan နှင့် Halil Ibrahim Firtina၊ အငြိမ်းစား ရေတပ်ဗိုလ်ချုပ်ကြီး
Ozden Ornek တို့ကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်များ
ချမှတ်ခဲ့သည်။ ယင်းကဲ့သို့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များ
ချမှတ်ခဲ့သည်ဆိုသော်လည်း အာဏာသိမ်းရန် ကြိုးပမ်းမှုမှာ
မအောင်မြင်ဖြစ်ခဲ့သဖြင့် ထောင်ဒဏ်အနှစ် ၂၀ သာ ကျခံရမည်ဖြစ်ကြောင်း
တရားရုံးက ထုတ်ပြန်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် National Movement ပါတီအဖွဲ့ဝင်
တစ်ဦးဖြစ်ပြီး အမတ်တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရသော အငြိမ်းစားဗိုလ်ချုပ်ကြီး
Engin Alan မှာ ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခံခဲ့ရသည်။
Sledgehammer အစီအစဉ်မှာ အစ္စတန်ဘူလ်ရှိ သမိုင်းဝင် မွတ်စလင်ဘုရားကျောင်းများကို ဗုံးခွဲမည့်အစီအစဉ်များပါဝင်ပြီး ဂရိနှင့်လည်း ပဋိပက္ခဖြစ်ပွားစေရန် ဖန်တီးမည်ဖြစ်ကာ အခြေအနေရှုပ်ထွေးချိန်တွင် စစ်တပ်က အာဏာသိမ်းရန်ဖြစ်သည်။
လတ်တလော တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား စစ်ဘက်ဝန်ထမ်း ၃၆၅ ဦးတို့ကို ထောင်ဒဏ် ၁၅ နှစ်မှ အနှစ် ၂၀ အထိ ချမှတ်ရန် အစိုးရရှေ့နေများက တောင်းဆိုခဲ့ခြင်းဖြစ်သည်။
တူရကီစစ်တပ်သည် လောကသီးသန့်ဝါဒကိုင်စွဲသော တူရကီနိုင်ငံထူထောင်ရာတွင် ဦးဆောင်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ်နှင့် ၁၉၈၀ ပြည့်နှစ်အတွင်း အာဏာသိမ်းမှု သုံးကြိမ်ပြုလုပ်ခဲ့ကာ ၁၉၉၇ ခုနှစ်တွင် အစ္စလာမ်မစ်ဦးဆောင်သော အစိုးရကို နုတ်ထွက်ရန် ဖိအားပေးခဲ့သည်။
Ref:Reuters
News from :
Post by : အေးချမ်းမွန်
ယင်းပြစ်ဒဏ်များချမှတ်ခဲ့မှု
အစ္စတန်ဘူလ်အနောက်ဘက်၊ Silivri ရှိ တရားရုံးတစ်ခုက လက်ရှိတာဝန်ထမ်းဆောင်ဆဲနှင့
၂၀၀၃ ခုနှစ်တွင် အာဒိုဂန်အစိုးရကိုဖြုတ်ချရန
Sledgehammer အစီအစဉ်မှာ အစ္စတန်ဘူလ်ရှိ သမိုင်းဝင် မွတ်စလင်ဘုရားကျောင်းများကိ
လတ်တလော တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား စစ်ဘက်ဝန်ထမ်း ၃၆၅ ဦးတို့ကို ထောင်ဒဏ် ၁၅ နှစ်မှ အနှစ် ၂၀ အထိ ချမှတ်ရန် အစိုးရရှေ့နေများက တောင်းဆိုခဲ့ခြင်းဖြစ်သည်။
တူရကီစစ်တပ်သည် လောကသီးသန့်ဝါဒကိုင်စွဲသော တူရကီနိုင်ငံထူထောင်ရာတွင် ဦးဆောင်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ်နှင့် ၁၉၈၀ ပြည့်နှစ်အတွင်း အာဏာသိမ်းမှု သုံးကြိမ်ပြုလုပ်ခဲ့ကာ ၁၉၉၇ ခုနှစ်တွင် အစ္စလာမ်မစ်ဦးဆောင်သော အစိုးရကို နုတ်ထွက်ရန် ဖိအားပေးခဲ့သည်။
Ref:Reuters
News from :
Post by : အေးချမ်းမွန်
https://www.facebook.com/photo.php?fbid=350177588407114&set=a.329330483825158.78075.322396224518584&type=1&theater

No comments:
Post a Comment