စစ်ကိုင်းတိုင်း၊
မုံရွာခရိုင်၊ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်း
ဆက်လက်လုပ်ဆောင်နေတဲ့ နေရာကို ကျေးရွာ(၁၀)ခုက ဒေသခံ(၁၀၀၀)နီးပါးလောက်
ဒီကနေ့ သွားရောက်ပြီး တားမြစ်ဆန္ဒပြခဲ့ ကြပါတယ်။
လယ်မြေသိမ်းခံထားရတဲ့ နေရာတွေမှာ လယ်သိမ်းခံတောင်သူတွေက
နှမ်းသီးနှံတွေ စိုက်ပျိုးနေတဲ့အတွက် ကုမ္ပဏီဖက်က ဆက်လက်
မစိုက်ပျိုးနိုင်အောင် အဲဒီလယ်မြေတွေအတွင်းကို ကျောက်တွေ

လာပုံတဲ့အတွက် ဒေသခံတောင်သူတွေက သွားရောက်တားမြစ်ကြတာ
ဖြစ်တယ်လို့ ဆန္ဒပြ ဒေသခံတောင်သူတစ်ဦးက RFAကို အခုလို ပြောပြပါတယ်။
"တားတဲ့အခါကျတော့ အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဆင်းလာပါတယ်။ သူ့ရဲ့နောက်က စစ်သားတွေနဲ့ အတူပေါ့ဗျာ၊ သေနတ်တွေနဲ့လည်း ချိန်ထားတယ်၊ သူတို့က ဒီနေရာတွေကို ဆက်ပြီးတော့ အဆောက်အဦး
ဆောက်မှာ ဖြစ်တဲ့အတွက် ယာမြေတွေ ခုတ်ထွင်ပြီးတဲ့ လယ်ထွန်စက်တွေ
ကိုလည်း သူတို့ သိမ်းမယ်လို့ပြောပါတယ်။ ကျွန်တော်တို့က ဒီတစ်နှစ်မှာ တစ်ရက်ပဲ တန်ဖိုးထားရတာ၊ အခု နှမ်းဆိုရင် ကျဲလို့မရဖြစ်နေတယ်၊ သူတို့က အရှေ့က ခြိမ်းခြောက်မှုတွေနဲ့ အဲလိုတွေ အာဏာတွေ ပြနေတော့ သူတို့က ဒီလို အနိုင်ကျင့်နေတဲ့အခါကျတော့ ကျွန်တော်တို့တွေ ဘာမှ လုပ်စားလို့မရတော့ဘူးဗျ။ ကျွန်တော်တို့ အခုတွေ့ချင်တယ်၊ ဆွေးနွေးမှု
လည်း သူတို့ဖက်က လာမလုပ်ဘူး၊ ကျွန်တော်တို့နဲ့ မနီးမဝေးမှာ စခန်းထိုင်ထားတာ သုံးခုရှိတယ်၊ အဲဒီအဆောက်အဦးတွေဟာ စစ်သားတွေပါ၊"
ဒီကနေ့ ဆန္ဒပြတားမြစ်တဲ့ ကျေးရွာတွေဟာ စီမံကိန်း
အကောင်အထည်ဖော်ဖို့ လယ်မြေသိမ်းယူ ခံထားရတဲ့ ဆည်တဲ၊ မိုးကြိုးပြင်၊ အလယ်ရွာ စတဲ့ ကျေးရွာတွေဖြစ်ပြီး အဲဒီလက်ပန်တောင်း တောင်ကြေးနီ စီမံကိန်းရပ်ဆိုင်းဖို့ ဒေသခံတောင်သူတွေမှာ နည်းလမ်းအမျိုးမျိုးနဲ့ ဆန္ဒပြတောင်းဆိုမှုတွေလုပ်ပေမ ယ့် အခု အချိန်ထိ ကြေးနီစီမံကိန်းကို လုပ်ကိုင်နေဆဲပဲလို့ သိရပါတယ်။
အဲဒိကြေးနီစီမံကိန်းကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ မြန်မာ-၀မ်ပေါင် တရုတ်ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေတာဖြစ်ပြီး စီမံကိန်းတ၀ိုက်က
ကျေးရွာ ၂၆ ရွာက လယ်မြေဧက (၇၈၀၀) ကျော်ကို ၂၀၁၀ ခုနှစ်ကစပြီး အဓမ္မ သိမ်းယူခံထားရပါတယ်။
သြဂုတ်လ နောက်ဆုံးပတ်ကစလို့ လယ်သိမ်းခံရတဲ့ ဒေသခံ တောင်သူတွေ
က အဲဒီ စီမံကိန်းကို တားဆီးဖို့ လယ်သိမ်း တိုက်ပွဲကို နေ့စဉ်ရက်ဆက် ဆင်နွှဲခဲ့ကြပါတယ်။
ဒီနေ့ ဆန္ဒပြမှု နောက်ဆုံးအခြေအနေကတော့ ဒေသခံတွေက
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူစုခွဲလိုက်တယ်လို့ သိရပါတယ်။
ဖြစ်တယ်လို့ ဆန္ဒပြ ဒေသခံတောင်သူတစ်ဦးက RFAကို အခုလို ပြောပြပါတယ်။
"တားတဲ့အခါကျတော့ အုပ်ချုပ်ရေးမှူးကိုယ်တိုင်
ဆောက်မှာ ဖြစ်တဲ့အတွက် ယာမြေတွေ ခုတ်ထွင်ပြီးတဲ့ လယ်ထွန်စက်တွေ
ကိုလည်း သူတို့ သိမ်းမယ်လို့ပြောပါတယ်။ ကျွန်တော်တို့က ဒီတစ်နှစ်မှာ တစ်ရက်ပဲ တန်ဖိုးထားရတာ၊ အခု နှမ်းဆိုရင် ကျဲလို့မရဖြစ်နေတယ်၊ သူတို့က အရှေ့က ခြိမ်းခြောက်မှုတွေနဲ့ အဲလိုတွေ အာဏာတွေ ပြနေတော့ သူတို့က ဒီလို အနိုင်ကျင့်နေတဲ့အခါကျတော့ ကျွန်တော်တို့တွေ ဘာမှ လုပ်စားလို့မရတော့ဘူးဗျ။ ကျွန်တော်တို့ အခုတွေ့ချင်တယ်၊ ဆွေးနွေးမှု
လည်း သူတို့ဖက်က လာမလုပ်ဘူး၊ ကျွန်တော်တို့နဲ့ မနီးမဝေးမှာ စခန်းထိုင်ထားတာ သုံးခုရှိတယ်၊ အဲဒီအဆောက်အဦးတွေဟာ စစ်သားတွေပါ၊"
ဒီကနေ့ ဆန္ဒပြတားမြစ်တဲ့ ကျေးရွာတွေဟာ စီမံကိန်း
အကောင်အထည်ဖော်ဖို့ လယ်မြေသိမ်းယူ ခံထားရတဲ့ ဆည်တဲ၊ မိုးကြိုးပြင်၊ အလယ်ရွာ စတဲ့ ကျေးရွာတွေဖြစ်ပြီး အဲဒီလက်ပန်တောင်း တောင်ကြေးနီ စီမံကိန်းရပ်ဆိုင်းဖို့ ဒေသခံတောင်သူတွေမှာ နည်းလမ်းအမျိုးမျိုးနဲ့ ဆန္ဒပြတောင်းဆိုမှုတွေလုပ်ပေမ
အဲဒိကြေးနီစီမံကိန်းကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ မြန်မာ-၀မ်ပေါင် တရုတ်ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေတာဖြစ်ပြီး စီမံကိန်းတ၀ိုက်က
ကျေးရွာ ၂၆ ရွာက လယ်မြေဧက (၇၈၀၀) ကျော်ကို ၂၀၁၀ ခုနှစ်ကစပြီး အဓမ္မ သိမ်းယူခံထားရပါတယ်။
သြဂုတ်လ နောက်ဆုံးပတ်ကစလို့ လယ်သိမ်းခံရတဲ့ ဒေသခံ တောင်သူတွေ
က အဲဒီ စီမံကိန်းကို တားဆီးဖို့ လယ်သိမ်း တိုက်ပွဲကို နေ့စဉ်ရက်ဆက် ဆင်နွှဲခဲ့ကြပါတယ်။
ဒီနေ့ ဆန္ဒပြမှု နောက်ဆုံးအခြေအနေကတော့ ဒေသခံတွေက
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူစုခွဲလိုက်တယ်လို့ သိရပါတယ်။

No comments:
Post a Comment