Friday, 7 September 2012

မန္တလေး-မြစ်ကြီးနား ရထားလမ်းတံတား ဗုံးထိမှန်၍ပျက်စီး


ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကဒူ-မော်ဟန် ဘူတာအကြား 
မိုင်တိုင်အမှတ် ၆၂၁/၈/ ကြားရှိတံတား အမှတ် ၅၅၅ ဗုံးထိမှန်၍
ပျက်စီးသွားခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါဖြစ်ပွားမှုမှာ စက်တင်ဘာလ ၆ ရက် ညနေ ၆နာရီ ၃၅ မိနစ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲခြင်းမရှိသေးသော ဗုံးတစ်လုံးကိုလည်း
 တွေ့ရှိခဲ့ကြောင်းသိရသည်။
တံတာပျက်စီးမှုကြောင့် မော်ဟန် ဘူတာတွင် ၃၇ အဆန် ရထား ၊ ရပ်နားနေပြီး စက်တင်ဘာလ
 ၇ ရက် ညနေ ၃နာရီ အချိန် ခန့် တွင် ရထားများပြန်လည် သွားလာ နိုင်မည် ဟု မော်ဟန်
 ဘူတာ ရုံပိုင်ကြီး မှပြောကြားခဲ့ပါသည်။
Eleven  Media Group

No comments:

Post a Comment