Tuesday 11 September 2012

အဖြူရောင် ၀ိရောဓိ

အဖြူရောင် ၀ိရောဓိ

 

မှတ်ချက် ပေးပို့ သူ ကိုမျိုးဦး အားကျေူးဇူးတင်ပါတယ် ။

ဟစ်တိုင်မှသတင်းဖြစ်ပါတယ် ။

 သံအမတ်ကြီးနှင့် တာဝန်ရှိသူများ အလိမ်မခံရအောင်
-တင်ဝင်းစိုး-
၁၀-.၉.၂၀၁၂


သို့

သံအမတ်ကြီးနှင့် တာဝန်ရှိသူများခင်ဗျာ

ကိုထွန်းအောင်ကျော်၊ ကိုမိုးသီးဇွန်၊ ကိုကိုလေး၊ ကိုမူးသာ၊ ကိုယဉ်အေး၊ ကိုရွှေစဉ်၊ ကိုကိုအောင်တို့ (၇)ဦး မြန်မာပြည်ပြန် လေ့လာကြမယ်လို့ ရေဒီယိုက ကြေညာလို့ နိုင်ငံ့အတွက် အလိမ်မခံရအောင် တင်ပြလိုက်ပါတယ်။

(၇)ဦးထဲက ကိုကိုအောင်ဆိုတဲ့လူက လူလိမ်ပါ၊ ဘာ(၈၈)မျိုးဆက်မှ မဟုတ်ပါ။ သင်္ဘောသားပါ၊
သင်္ဘောသားထုံးစံအတိုင်း ဂျပန်ရောက်ကြတဲ့အခါ ခုန်ဆင်းကြတဲ့လူတွေက များပါတယ်။
(၂၀၀၄-၂၀၀၅)လောက်မှာ အိုဗာစတေးနေထိုင်မှုနှင့် အဖမ်းအဆီးခံရပြီး အချုပ်ခန်းထဲမှာ စစ်ဆေးခံရတဲ့အခါ သန်းထိုက်ဦး ရဖျူဂျီလျှောက်ဖို့ ဖွဲ့ထားတဲ့အဖွဲ့ကို အဖွဲ့ဝင်ဖြစ်တယ်လို့ လိမ်ညာခဲ့ပါတယ်။

နောက် အချုပ်ခန်းထဲက လွတ်လာမှ အဖွဲ့ဝင်ပြီး အာလိမ်လျှောက်ပါတယ်။
မိုးသီဇွန်ကို ဆရာတင်ဖွဲ့ထားတဲ့အဖွဲ့ဖြစ်လို့ မိုးသီးက လိမ်ညာထောက်ခံပေးလိုက်တဲ့အခါ (ရဖျူဂျီဗီဇာ)ကိုအင်မီဂေးရှင်းက ပေးလိုက်ပါတယ်။


ဦးဝင်းခက်ကလဲ အန်အယ်လ်ဒီနာမည် တလွဲအသုံးချပြီး ဂျပန်ကလူလိမ်တွေကို တယောက်(ယန်း၅သောင်း)တောင်းကာ အန်အယ်လ်ဒီ အဖွဲ့ဝင်ဖြစ်တယ်လို့ ထောက်ခံပေးခဲ့လို့ အန်အယ်လ်ဒီနာမည် အလွဲသုံးစား လုပ်စားနေတဲ့ ဂျပန်ကလူလိမ်တွေ အရမ်းပေါ ကုန်တာပါ။
ယခု အင်မီဂေးရှင်းကလဲ သိသွားပါပြီ။

မိုးသီးကို ဆရာတင် အာလိမ်လျှောက်ဖို့ ဖွဲ့ထားတဲ့အဖွဲ့မှာ သန်းထိုက်ဦး ဗီဇာရလို့ ဥက္ကဌဆိုပြီး မလုပ်တော့တဲ့အခါ ကိုကိုအောင်က ဥက္ကဌဆိုပြီ ၀င်လုပ်ပါတယ်။
အဖွဲ့ထောင်ကောက်ခံထားတဲ့ငွေများကို မိုးသီးဇွန်ပေးဖို့ဆိုကာ အကုန်ယူသွားလို့ မကျေနပ်တဲ့လူတွေက ကျွန်တော့ကို ဟစ်တိုင်မှာ ရေးပေးဖို့ ပြောတဲ့လူတွေရှိပါတယ်။
အရင်တခါ ကိုကိုအောင်ပြည်တွင်း ပြန်ဝင်တဲ့အခါ ထိုင်းကနေ မိုးသီးဇွန်က အန်ဂျီအိုတခုနဲ့ ချိတ်ဆက်စီစဉ်ပေးတယ်လို့ ကြားရပါတယ်။


ကိုကိုအောင်က ဂျပန်မှာ ရမ်းဖွဲ့တဲ့အဖွဲ့မှာ ဥက္ကဌဆိုပြီး လုပ်တော့ ဘာမှမသိတဲ့လူတွေကလဲ ဗီဇာရဖို့ ၀င်ကပ်ကြပါတယ်။
ဒီလို ၀င်လာတဲ့ လူတွေထဲက မိန်းမတယောက်နဲ့ အတူနေပါတယ်။
ကိုကိုအောင်က ရန်ကုန်မှာ မိန်းမနှင့်ကလေးရှိတယ်လို့လဲ ကြားရပါတယ်။

ကိုကိုအောင် (ပထမအကြိမ်)မြန်မာပြည်ပြန်သွားတုံးက ဂျပန်ကအတူနေတဲ့ မိန်းမ၀ယ်ထားတဲ့ အိမ်တွေကို လိုက်ကြည့်ပြီး တကယ်ရှိတာသေချာတွေ့လို့ ဂျပန်ပြန်ရောက် တဲ့အခါ အတူနေ မိန်းမကို ဆွမ်းကြွေး လက်ထပ် လိုက်တယ်လို့ ကြားရပါတယ်။
ရန်ကုန်မှာ ရှိတဲ့မိန်းမကလဲ (နောက်အိမ်ထောင်ကျမကျ မသိရပါ)။
ကိုကိုအောင်ဆိုတာ လူလိမ်တယောက်ပါ၊ (၈၈)မျိုးဆက်လဲ မဟုတ်သလို ဘာနိုင်ငံရေးသမားမှလဲ မဟုတ်ပါ။

တင်ဝင်းစိုး

No comments:

Post a Comment