မုံရွာ ကြေးနီစီမံကိန်း လက်ပံတောင်းတောင်ကိစ္စ ငြိမ်းချမ်းစွာ စီတန်း ဆန္ဒဖော်ထုတ်ခဲ့တဲ့ မြင်ကွင်း ဓာတ်ပုံတွေဖြစ်ပါတယ်။
မုံရွာမြို့ လက်ပန်းတောင်းတောင်အား တောင်ကြည့်ပွဲ ကမ်းပိန်းကျင်းပ ခဲ့ကြတာဖြစ်ပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ ညနေ (၄)နာရီမှ စတင်ရာ စုရပ်အဖြစ် ချင်းတွင်းမြစ်ကမ်း ကူးတို့ဆိပ်တွင် သတ်မှတ်ထားရာ မုံရွာမြို့ ခံလူထု များစွာ ပါဝင်လာရောက်ကြပါတယ်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ထိန်းသိမ်းခံထားရသည့် ကျေး၇ွာများမှ တောင်သူ လယ်သမား များလည်း ချင်းတွင်းမြစ်ကူး၍ မုံရွာမြို့လူထုနှင့်ပါဝင်ပူးပေါင်းကြမည်လို့ ဆိုပါတယ်။
သို့သော် အာဏာပိုင်များမှာ စက်လှေများ မကူးရအောင် ပိတ်သိမ်းထားသဖြင့် ချင်းတွင်းမြစ်ကို မကူးနိုင် ပဲ ဖြစ်နေသော်ကြောင့် မြို့ခံလူထုမှ ကမ်းနားတာရိုးတစ်လျှောက် စီတန်းလှည့် လည်ကြစဉ် မြင်ကွင်း များ ဖြစ်ပါတယ်။
No comments:
Post a Comment