Monday, 17 September 2012

နှ လုံးသားနဲ့ ရောဦးနှောက် ကို လာမစားကြနဲ့ 



မိမိညီအစ်ကိုချင်းသတ်နေတဲ့သည် စစ်ပွဲတွေကို မြန်မာ့မြေပေါ်
ကနေအပြီးအပိုင်ရပ်စဲဖို့  ကျွန်တော်တို့ အားလုံးရှိခိုးဦးတင် တောင်းပန်တောင်းဆိုနေတာ ရင်နဲ့ အမျှပဲ။ တရုတ်အကျိုးစီးပွါးအတွက် ကချင်ကိုတိုက်နေတဲ့စစ်ကိုရပ်ဘို့  ကျွန်တော်တို့ နှလုံးသားနဲ့ ရောဦးနှောက်နဲ့ ပါတောင်းပန်နေခဲ့ ကြတယ်။ ဦးသိန်းစိန်က ငြိမ်းချမ်းရေးကိုအသားကုန်အော်ပြီး ဦးမင်းအောင်လှိုင်ကအသားကုန် စစ်ခင်းနေခဲ့တယ်။ နှစ်ဘက်စလုံးကသေနေတာ ကိုယ့်လူမ
ျိုးအရွယ်ကောင်းတွေ ကိုယ့်တိုင်းရင်းသားတွေ။ စစ်စရိတ်ကိုခါးစီးခံနေရတာက မြန်မာတပြည်လုံးက ၈၅% သောကျောမွဲမရှိဆင်းရဲသားတွေ။ လူကြီးမင်းများကိုကျွန်တော်တင်ပြချင်ပါတယ် "မိမိညီအစ်ကိုချင်းသတ်ခိုင်းနေတဲ့သည်စစ်ပွဲဟာ ခင်ဗျားတို့ ရှုံးလည်းရှုံး ခင်ဗျားတို့ နိုင်လည်းရှုံး တိုင်းပြည်နဲ့ လူမျိုးလည်းရှုံး အမျိုးသားအကျိုးစီးပွါးလည်းရှုံး" ... ပဲ။ ဘာတခုမှ နိုင်စရာ မြတ်စရာမရှိပါ။ ရခိုင်မှာ ဘင်္ဂလီမွတ်ဆလင်ကုလားတွေက ကိုယ့်လူမျိုးတွေကို နေ့ စဉ်နဲ့ အမျှသတ်ဖြတ်ဖျက်ဆီးတာကိုတော့ အစိုးရတရပ်အနေနဲ့ ခွန်အားမသုံးသေးဘူး။ တိုင်းပြည်က အနောက်စည်းရိုးကျိုးတော့မယ်။ တရုတ်ကလည်း သေနတ်တချက်မှမဖေါက်ရပဲ မန္တလေးကိုသိမ်းခဲ့ပြီ။ မြန်မာတပြည်လုံးလည်း တရုတ်တူးလို့ ကျင်းတွေဂျိုင့်တွေနဲ့ အပျိုရည်ပျက်နေခဲ့ပြီ။

သည်ညီအစ်ကိုချင်းဖြစ်နေတဲ့ ပြည်တွင်းစစ်ရှိနေသမျှ တိုင်းပြည်ကိုဘယ်လိုနည်းနဲ့ မှ တိုးတက်ရာတိုးတက်ကြောင်းလုပ်လို့ မရဘူးဆိုတာကို ကနေ့ ကမ္ဘာကြီးမှာ ပြည်တွင်းစစ်ဖြစ်နေတဲ့တိုင်းပြည်တွေရဲ့ ကံကြမ္မာဆိုးတွက သက်သေပြနေခဲ့ပြီ။ လူကြီးမင်းများ
အသိတရားရကြပါတော့။

ကျွန်တော့်အနေနဲ့  လက်ရှိ ကိုပေါ်ဦး (မင်းကိုနိုင်) ရဲ့ဆုံးဖြတ်ချက်နဲ့  ဆောင်ရွက်ချက်ကို အပြည့်အ၀ထောက်ခံသဘောတူကြောင်း ပြည်တွင်း/ပြည်ပ ၈၈ အားလုံးကိုသိစေအပ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်မြန်မာ ပြည်ထဲမှာရှိနေရင်သူနဲ့ လိုက်သွားမိမှာသေချာပါတယ်။ (ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ် တိုင် ၈၈ မှာသေနတ်ပြေးဆွဲခဲ့ပြီး ပြည်တွင်းစစ်ရဲ့ အနိဌာရုဏ်နဲ့ ဆိုးကျိုးတွေကို အသက်နဲ့ ရင်းပြီးသိလာခဲ့ရလို့ ပါပဲ)

ကိုမင်းကိုနိုင်နဲ့ အတူ သူနဲ့ ပါသွားတဲ့ ၈၈ အားလုံးဘေးမသီရန်မခပါစေနဲ့ 
ကချင်ညီအစ်ကိုတွေနဲ့ ဖြစ်နေတဲ့စစ်ပွဲအပြီးအပိုင် (လုံးဝ) ပြီးဆုံးပါစေ -
ကချင်ညီအစ်ကိုမောင်နှမများ ဘေးရန်ကင်းပါစေ
(တိုင်းရင်းသားအားလုံးနဲ့ ဖွဲ့ စည်းထားတဲ့) ကချင်စစ်မျက်နှာပြင်မှ တပ်မတော်သားများလည်း ဘေးရန်ကင်းကြပါစေ

လှိုင်ဘွား/၈၈

No comments:

Post a Comment