တယုတ်ကြီးရေအားထုတ်ဖို့  (အုပ်ထားအုပ်ထားအုပ်ထား)2
မန္တလေးမြို့ လဲ ပြောင်ပြီဆို တယုတ်က အကုန်ဖြို
တယုတ်တ်ထံမှသွင်းကုန်များ ပလပ်စတစ်အစုတ်များ
တိုင်းပြည်ဂျောက်ထဲ ဆွချရန် တရုတ်က အကုန်နှံ
တရုတ်ကြီးတွေအားထုတ်ဖို့  ဒို့ ဝန်ကြီးတွေ ထုံးကိုင်စို့ 
ပိတ်ပိတ် အကုန်ပိတ် ရှိသမျှ အကုန်ပိတ်
တရုတ်နှစ်ကူးပွဲ ဆင်မြန်းရန် ဒါတော့ခွင့်ပြုပြန်
တရုတ်ကြီးရေ ကယ်ပါအုံး ဗီတိုလိုသလောက်သုံး။
(UPI သတင်းမှ 14 Sept 2012 ရက်စွဲပါ “China seeks Closer Relation with Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံသို့အလည်အပတ်ေ ရာက်ရှိနေသောတရုတ်ထိပ်တန်းလွှတ်တော်အမတ်က နှစ်နိုင်ငံဆက်ဆံရေးတိုးတက် ကောင်းမွန်စေရန် အဆိုပြုချက်များ ကမ်းလှမ်းထားသည်ဟု တရုတ်နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်သည်။
တရုတ်အမျိုးသားပြည်သူ့ကွန်ဂ ရက်အမြဲတမ်းကော်မတီဥက္ကဌဝူဘန်ဂူက နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ေ ရးကြိုးပမ်းမှုများနှင့် နှစ်နိုင်ငံအကြား ဖက်စပ်စီမံကိန်းကြီးများချောချောမွေ့မွေ့ ဖြစ်ထွန်းရေးကို တောင်းဆိုတိုက်တွန်းခဲ့သည်ဟု Xinhva သတင်းက ဆိုသည်။
ထို့အပြင် နှစ်နိုင်ငံကုန်သွယ်ဆက်ဆံမှု များ ယုံကြည်စိတ်ချရမှုရရှိစေရန်အ တွက် ကျောက်ဖြူ-ရွှေလီ သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းကဲ့သို့သော အကြီးစားစီမံကိန်းကြီးများကို အောင်မြင်စွာအကောင်အထည်ဖော် ရန် မစ္စတာဝူက တိုက်တွန်းပြောကြားသည်။
တံခါးပိတ်သံချေးကိုက် စစ်အုပ်ချုပ်ရေးလက်ထက် မြန်မာနိုင်ငံနှင့် အဓိကကုန်သွယ်ဖက်ဖြစ်ခဲ့သော ကွန်မြူနစ်တရုတ်ပြည်သည် မြန်မာနိုင်ငံတွင် မနှစ်ကအာဏာရလာသော အရပ်ဘက်တစ်ပိုင်း အစိုးရနှင့် ဆက်ဆံရေးတိုးတက်စေရန် ကြိုးပမ်းလျက်ရှိသည်။
တပ်မတော်အစိုးရ အကြီးအကဲခွင့်ပြုခဲ့သော အငြင်းပွားဖွယ် အကြီးစားအဆင့်လွန် မြစ်ဆုံရေလှောင်တမံစီမံကိန်းကို လက်ရှိအရပ်ဘက်အစိုးရအသစ်က ပြည်သူလူထု၏ဆန္ဒကိုအကြောင်ြး ပု၍မနှစ်ကရပ်ဆိုင်းထားခဲ့သည်။ မြန်မာ့သယံဇာတများကိုတရုတ်နိုင်ငံကခေါင်းပုံဖြတ်အမြတ်ထုတ်နေသည်ဟုရှုမြင်ကြသူ မြန်မာပြည်သူများကအဆိုပါ မြစ်ဆုံတမံစီမံကိန်းကို တခဲနက်ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
ယခု တရုတ်လွှတ်တော်မှ အမြဲတမ်းကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံသို့လာရောက်ချိန်တွင် မြန်မာနိုင်ငံအလယ်ပိုင်း မုံရွာမြို့အနီးမှတရုတ်ကုမ္ပ ဏီတစ်ခုနှင့်တပ်မတော်ဦးပို င်ကုမ္ပဏီတို့ဖက်စပ်လုပ်ကိုင်နေသော ကြေးနီစီမံကိန်း၏မြေသိမ်းယူ မှုများအပေါ် ဒေသခံများ၏ ကန့်ကွက်ဆန္ဒပြမှုများ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပွားနေသည်။
Yangon chronicle
တရုတ်အမျိုးသားပြည်သူ့ကွန်ဂ
ထို့အပြင် နှစ်နိုင်ငံကုန်သွယ်ဆက်ဆံမှု
တံခါးပိတ်သံချေးကိုက် စစ်အုပ်ချုပ်ရေးလက်ထက် မြန်မာနိုင်ငံနှင့် အဓိကကုန်သွယ်ဖက်ဖြစ်ခဲ့သော ကွန်မြူနစ်တရုတ်ပြည်သည် မြန်မာနိုင်ငံတွင် မနှစ်ကအာဏာရလာသော အရပ်ဘက်တစ်ပိုင်း အစိုးရနှင့် ဆက်ဆံရေးတိုးတက်စေရန် ကြိုးပမ်းလျက်ရှိသည်။
တပ်မတော်အစိုးရ အကြီးအကဲခွင့်ပြုခဲ့သော အငြင်းပွားဖွယ် အကြီးစားအဆင့်လွန် မြစ်ဆုံရေလှောင်တမံစီမံကိန်
ယခု တရုတ်လွှတ်တော်မှ အမြဲတမ်းကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံသို့လာရောက်ချ
Yangon chronicle
No comments:
Post a Comment