Friday, 28 September 2012

စစ်တပ်ကိုတရားစွဲဆိုမှု အနောက်ပိုင်းခရိုင်တရားရုံး လက်ခံ


သော အောင်သုခ စက်လှေ အမှတ် (၁၆၂)ကို ပြန်လည်ရယူလိုမှုဖြင့် စက်လှေပိုင်ရှင်၏ တ

ရားစွဲဆိုမှုအား အနောက်ပိုင်းခရိုင်တရားရုံးမှ စက်တင်ဘာ ၂၇ရက်တွင် စတင်လက်ခံလိုက်

ပြီဖြစ်ကြောင်း တရားလိုဖြစ်သူ ဦးလေးနိုင်က ပြောကြားသည်။



အဆိုပါအမှုအား တရားမကြီးအမှုအမှတ် ၄၀၈/၂၀၁၂ဖြင့် လက်ခံလိုက်ခြင်းဖြစ်ပြီး တွဲဖက်ခ

ရိုင်တရားသူကြီးဖြစ်သူ ဒေါ်ခင်မျိုးဟန်က အမှုစစ်ဆေးမည်ဖြစ်ကြောင်း၊ တရားလိုမှာ စက်လှေ

ပိုင်ရှင် ဦးအေးမင်းထွန်း၏ ကိုယ်စားလှယ်လွှဲ အပ်ခြင်းခံရသူ တောင်ဥက္ကလာပမြို့နယ် (၂၀)

ရပ်ကွက်နေ ဦးလေးနိုင်ဖြစ်ပြီး တရားပြိုင်မှာ ဗိုလ်မှူးမင်းသူ (တာဝန်ခံအရာ ရှိ အမှတ် ၃၆

စစ်ရေယာဉ်အုပ်စု ဧရာဝတီတိုင်းရေတပ်စခန်းဌာနချုပ် ဗိုလ်တထောင်မြို့နယ်)ဖြစ်ကြောင်း

တရားရုံးအမှုတွဲ အရ သိရသည်။



"တရားရေးမဏ္ဍိုင်ကို ယုံကြည်လို့ တရားစွဲတာပါ"ဟု တရားလိုဖြစ်သူ ဦးလေးနိုင်က ဆိုသည်။



ယင်းကိစ္စနှင့် ပတ်သက်၍ အမှတ် (၃၆) စစ်ရေယာဉ်အုပ်စု တာဝန်ခံအရာရှိသို့ အကြိမ်ကြိမ်

ဆက်သွယ်မေးမြန်းခဲ့သော် လည်း မအားလပ်သည့်အတွက် ဖြေကြားနိုင်ခြင်းမရှိကြောင်း အ

ဆိုပါရေတပ်စခန်းဌာနချုပ်တွင် တာဝန်ကျသည့် တပ်ကြပ် ကြီးတစ်ဦးကသာ ဖြေကြားခဲ့သည်။



အဆိုပါ သိမ်းဆည်းထားသည့် အောင်သုခစက်လှေ အမှတ် (၁၆၂) အား ရန်ကုန်တိုင်းစစ်ဌာန

ချုပ်သို့ လွှဲပြောင်းပေးအပ်ပြီး ဖြစ်ကြောင်း အမှုဖြစ်စဉ်မှာ ၎င်းတို့ဌာနချုပ်နှင့် သက်ဆိုင်ခြင်းမရှိ

ကြောင်း ဧရာဝတီတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ ဗိုလ်မှူး တစ်ဦးက ပြောကြားသည်။


၂၀၁၁ခုနှစ် နိုင်ဝင်ဘာလအတွင်း၌ ထိုရေယာဉ်အား ဆားနှင့် မီးသွေးများတင်ဆောင်လာသည်

ကို အကြောင်းပြု၍ သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရှိရပြီး ယင်းသို့ ဆားနှင့် မီးသွေးများတင်

ဆောင်လာခြင်းအတွက်ကိုလည်း ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ်ပြီးခဲ့သော်လည်း အမှုနှင့်

မသက်ဆိုင်သည့် အဆိုပါစက်လှေအား သိမ်းဆည်းထားခြင်းကြောင့်ဖြစ်ကြောင်း တရားရုံးအမှု

တွဲအရ သိရသည်။

SWEET

Yangon Chronicle on Friday, September 28, 2012


No comments:

Post a Comment