အင်းလေလံကိစ္စနှင့် ပတ်သက်၍ လေလံအောင်သူနှင့် ဒေသခံများအကြား အင်းလေလံကိစ္စနှင့် ပတ်သက်၍ လေလံအောင်သူနှင့် ဒေသခံများအကြား ယမန်နေ့ညက အချင်းပွားမှုကို နယ်မြေခံ ရဲတပ်ဖွဲ့က ပစ်ခတ်ထိန်းသိမ်းခြင်းကြောင
ဒေသခံရွာသားတဦးအား အင်းမှထွက်သည့် ဆည်မြောင်းဝကို ဖျက်ဆီးသည်ဆိုကာ အင်းလေလံ အောင်ထားသည့် ၀ိုင်းဝိုင်း လည် ကုန်ထုတ် သမ အဖွဲ့က ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးတွင် ခေါ်ယူစစ်ဆေးရာမှ လက်လွန်၍ သေဆုံးသွားသည်ကို မကျေနပ်သည့် ရွာသားများက ဖြေရှင်းပေးရန် တောင်းဆိုရာမှ ပဋိပက္ခ စတင်ခဲ့သည်+++
“ကိုကြည်သိန်းက ညာဘက်ရင်အုံမှာ သေနတ်ထိပြီး နေရာတင် သေသွားတယ်။ ဒဏ်ရာရတာ ၃ ယောက်။ ကျော်ဆန်းငွေက ခေါင်းမှာ ထိထားတယ်။ ကျော်ဇင်သန့်က လက်မောင်းမှာထိတယ်။ ၀င်းသန်းက ရင်အုံနဲ့ လည်ပင်းမှာ ထိထားတယ်။ သူတို့ကို ဆေးရုံကို ပို့ထားတယ်”ဟု မျက်မြင်တဦးက ပြောသည်။
ဒဏ်ရာရသူများကို ယမန်နေ့ညက ဟသာင်္တ ဆေးရုံသို့ ပို့ဆောင်ပြီးနောက် ယနေ့နံနက်တွင် ပုသိမ်ဆေးရုံသို့ ပို့လိုက်ကြောင်း၊ ခေါင်းတွင် ဒဏ်ရာရသော ကျော်ဆန်းငွေမှာ ဆေးရုံပေါ်တွင် ထပ်မံ သေဆုံးသွားကြောင်း သိရသည်။
ဒေသခံရွာသားတဦးအား အင်းမှထွက်သည့် ဆည်မြောင်းဝကို ဖျက်ဆီးသည်ဆိုကာ အင်းလေလံ အောင်ထားသည့် ၀ိုင်းဝိုင်း လည် ကုန်ထုတ် သမ အဖွဲ့က ကျေးရွာအုပ်ချုပ်ရေးမှူးရုံး
“ကိုတလုတ် ခေါ် ကိုဝင်းနိုင်ကို သူတို့က ခေါ်သွားတာ။ ရိုက်နှက်တယ် ထင်ပါတယ် သေသွားတယ်။ မကျေနပ်တဲ့ ရွာသားတွေက အုပ်ချုပ်ရေးမှူးရုံးကို ၀ိုင်းပြီးတော့ ဒီကိစ္စ ဖြေရှင်းပေးဖို့ ပြောတာမှာ အချေအတင်တွေဖြစ်တော့ သူတို့က အထောင် ရဲစခန်း ကို အကြောင်းကြားတယ်။ ဟိုက ရဲကား သုံးစီးနဲ့ လာထိန်းတာ။ သေနတ် ၆ ချက် ပစ်တယ်။ ၄ ယောက်မှန်သွားတာ”ဟု ရှားခဲကြီး ဒေသခံ ကိုထွန်းထွန်းက ပြောသည်။
အထောင် ရဲစခန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ ဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်၍ အသေးစိတ် မပြောနိုင်သေးကြောင်း ဖြေ ကြားသည်။ ဟင်္သာတ ဆေးရုံကမူ အဆိုပါကိစ္စကို ဖြေကြားခွင့် မရှိကြောင်း ငြင်းဆိုခဲ့သည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး ဒေသခံများနှင့် လေလံအောင်ထားသည့် အင်းသူကြီး ၀ိုင်းဝိုင်းလည် သမ အဖွဲ့ အကြား တင်းမာမှုများ ပိုများလာနေကြောင်း၊ သေဆုံး ဒဏ်ရာရရမှု များကို သက်ဆိုင်ရာက အမြန်ဆုံး ဖြေရှင်းပေးစေချင်ကြောင်း၊ ဒေသခံများက ဆိုသည်။
ရှားခဲအင်းတွင် ဧရာရွှေဝါ ကုမ္ပဏီသည် ၁၄ နှစ်တာ ကာလအတွင်း နှစ်အများဆုံး လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီ ဖြစ်ခဲ့ပြီး အင်း အတွင်း ငါးများကို မွေးမြူ ထုတ်လုပ်ရောင်းချခြင်းပြုလု
ဧရာရွှေဝါ ကုမ္ပဏီသည် လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၏ သား ဦးအောင်သက်မန်း ပိုင် ကုမ္ပဏီ ဖြစ်ကြောင်း သိရ သည်။
နောက်ဆက်တွဲသတင်း.........
ဒဏ်ရာရရှိသူများသည် ယနေ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသိ
ဆက်သွယ်ရန်...၀၉၄၄၄၀၀၈၄၅၁ ဦးဇင်းကိုင်ဖုန်းဖြစ်၍ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုမြင့်နိင်နှင့်ဒေသခံများ
သတင်း ကိုဝေလု

No comments:
Post a Comment