Monday, 24 September 2012

အမြင့်ဆုံး ဆုများနှင့် ဒေါ်အောင်ဆန်းစုကြည်



အမြင့်ဆုံး  ဆုတံဆိပ်တွေနဲ့ 
အမေ့အတွက်တဆာဆာ
အမေးအဖြေက သံသာသာ
မေးခွန်းများက ကျည်ဆံပမာ
အတွေ့ အကြုံနဲ့ ဖြေကာပေး
လက်ခုပ်သံက မြိုင်မြိုင်လေး။

ဖြူစင်တဲ့အမေ့ သတင်း
အမေရိ က က  ဒီမြင်ကွင်း
ဆုတွေ က တ၀င်းဝင်း
မွှေးပြန့် ထုံသင်း။

အမေရိက က ဒို့ အမေ
ဆုတွေ များများယူကာနေ
စွယ်စုံရ တဲ့  အမေစု
အိမ်ဖြုတော် က  စံပြဆု ။

ရွှေဆုရတဲ့ ဒို့အမေ
ရွှေလိုဝင်းပြီး သက်တော်ရှည်
 ပြည်သူများ အတွက် အလင်းရောင်ပေး
ဆီးကြိုကြစို့ လေး။  ။

ကိုထွန်းဝေ  ဂျပန်..။
24.9.2012

ဒီဇိုင်း    ခွပ်ဒေါင်းအော်သံ မှ...။



No comments:

Post a Comment