NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ရန်ကုန် ရွှေဂုံတိုင်လမ်း
အဖွဲ့ချုပ်ရုံးမှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ အစည်းအဝေးတစ်ရပ်
ပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးကို နာယက ဦးတင်ဦးနဲ့ သဘာပတိ အဖွဲ့ဝင်တွေ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ- ၂ လကျော် ကြာမြင့်ခဲ့တဲ့ ပထမအကြိမ် စတုတ္ထ ပုံမှန် လွှတ်တော် အစည်းအဝေးတွေ အတွင်း NLD ကိုယ်စားလှယ်တွေရဲ့
ဆောင်ရွက်ချက်တွေ၊ အတွေ့အကြုံတွေကို ရှင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။
NLD ကိုယ်စားလှယ်တွေအနေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီ အသီးသီးနဲ့ ဆက်ဆံရေး ပိုမို ကောင်းမွန်အောင် ထူထောင်နိုင်ခဲ့ကြောင်း၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ လွှတ်တော် နှစ်ရပ်လုံးမှာ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နိုင်ခဲ့ကြောင်းနဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေနဲ့လည်း နားလည်မှုရှိစွာ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိခဲ့တဲ့ အကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း ဆွေးနွေးခဲ့
ပါတယ်။
လက်ရှိ ကျင်းပနေတဲ့ ညီလာခံကျင်းပရေး ကော်မရှင်ရဲ့ လုပ်ငန်းဆောင်ရွက်မှု အခြေအနေနဲ့ အခက်အခဲတွေ အပြင် လူငယ်တွေအတွက် ပညာပေးရေး အခြေအနေတွေ နဲ့ ပတ်သက်ပြီး အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။
အမေရိကန် နိုင်ငံ ခရီးစဉ် အဖြစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ
မြန်မာပြည်က ထွက်ခွာမှာဖြစ်ပြီး အောက်တိုဘာလ ၅ ရက်နေ့မှာ
ပြန်လည် ရောက်ရှိမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးမှာ ထုတ်ပြန် ပြောကြားပါတယ်။
အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း အမေရိကန် ကွန်ဂရက် က ပေးအပ်တဲ့ ဒီမိုကရေစီ ရွှေတံဆိပ်ဆုကို လက်ခံရယူမယ်လို့ သိရပါတယ်။

No comments:
Post a Comment