အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ရှိ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာ ဘုန်းတော်ကြီး ကျောင်း၏ စုပေါင်း ၀ါဆို သင်္ကန်းဆက်ကပ် လှူဒါန်းပွဲတော်နှင့် ဓမ္မပူဇာ ဓမ္မသဘင်တွင် နိုင်ငံကျော်ဓမ္မကထိက ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) က “ညီညွတ်ကြမှချမ်းသာရ” သစ္စာတရား ရေအေးတော်ကို တိုက်ကျွေး ဟောကြားခဲ့သည်။
ညနေချမ်းအချိန်တွင် ပြုလုပ်သော အဆိုပါ တရားပွဲတော်တွင် ဆရာတော် ဥူးသုမင်္ဂလက လက်ရှိ ရခိုင်ပြည်နယ် တွင် ဖြစ်ပျက်နေသော အခြေအနေများနှင့် ပတ်သက်ပြီး ဟောပြောသွားရာတွင် ရခိုင် ပြဿနာ မှာ အမျိုးသားရေး ပြဿနာ ဖြစ်ကြောင်း ဟောပြောခဲ့သည်။
“လက်ရှိ ရခိုင် ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ပြသနာဟာ ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ဖြစ်တဲ့ ပြသနာသက်သက် မဟုတ်ဘူး၊ လူမျိုးရေးလည်း မဟုတ်သလို ဘာသာရေး သက်သက်လည်း မဟုတ်ဘူး၊ နိုင်ငံတော် လုံခြုံရေး ပြဿနာဖြစ်သလို အမျိုးသားရေး ပြဿနာလည်း ဖြစ်တဲ့ အတွက် တစ်မျိုးသားလုံးက ညီညီညွတ်ညွတ်နဲ့ ကာကွယ် စောင့်ရှောက်ကြရမှာဖြစ်တယ်”
စက်တင်ဘာလ ၂ ရက် တနင်္ဂနွေနေ့  တွင် ပြုလုပ်သောအဆိုပါ တရားပွဲတော်သို့ အမာရီလိုမြို့ တစ်ဝိုက်မှ ဗုဒ္ဓဘာသာဝင် လူပေါင်း နှစ်ရာကျော်ခန့်တက်ရောက်ခဲ
နိုင်ငံကျော် ဓမ္မကထိက တရားဟောတရားပြအကျော် ဆရာတော် ဥူးသုမင်္ဂလသည် စက်တင်ဘာလ ၂ ရက် (တနင်္ဂနွေနေ့ ) နံနံက် ဆယ်နာရီခန့် တွင် အမေရိကန်ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ် ဒင်ဘာမြို့  အပြည်ပြည်ဆိုင်ရာဒင်ဘာလေဆိပ
ယခုကဲ့သို့ မြန်မာတိုင်းရင်းသားများက ညီညီညွှတ်ညွှတ် စည်းစည်းလုံးလုံးဖြင့် တိုင်းရင်းသား ၀တ်စုံများ ၀တ်ဆင်ပြီး ကြိုဆိုနေကြသည်ကို တွေ့မြင်ရသဖြင့် ဆရာတော် အနေဖြင့် အထူး ၀မ်းသာပီတိ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။
“ပြည်ထောင်စုဖွား တိုင်းရင်းသား ညီနောင် သွေးချင်းများက ခုလို ရိုးရာယဉ်ကျေးမူ ဓလေ့ ရိုးရာ ၀တ်စုံတွေကို ၀တ်ဆင်ပြီး ကြိုဆိုကြတော့ မြင်ရတော့ ဦးဇင်းက တော့်တော့ကို ၀မ်းသာ ပီတိဖြစ်မိတယ်။ အမေရိကန် နိုင်ငံက လေဆိပ် မဟုတ်ပဲ မြန်မာနိုင်ငံက လေဆိပ်တစ်ခုခုနဲ့ များ မှားပြီး ဆင်းလာမိသလားလို့ တောင် ထင်ရတယ်” ဟု ဆရာတော် မိန့် ကြားသည်။
ဝါဆို သင်္ကန်းဆက်ကပ် လှူဒါန်းပွဲတော်နှင့် ဓမ္မပူဇာ ဓမ္မသဘင်တွင် ဒယ်အိုး ဆရာတော်ကြီးနှင့် တခြား သီတင်းသုံးနေသော ဆရာတော်များအား ၀ါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ပွဲသဘင်သို့ ကြွရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းကို ညီညွတ်သော ပအိုဝ့် တိုင်းရင်းသား များမှ နေ့ ဆွမ်း ထမင်း အဟာအရတို့ ဖြင့် တည်ခင်းဧည့်ခံကာ ညနေစာ အဟာရများကို ညီညွတ်သော မျိုးချစ် ရခိုင်လူငယ်များမှ ခေါက်ဆွဲကျော် အဖျော်ရည်များဖြင့် တည်ခင်း ဧည့်ခံ ခဲ့ကြောင်း သိရှိရသည်။
သတင်း

No comments:
Post a Comment