21 Sep 2012(Oppositeye)
ကျေးရွာရပ်မိရပ်ဖ လူကြီးများနှင့်ဘုန်းကြီးကျောင်းမှဒကာများက ကျောင်းဝန်းအတွင်းမှ နေရာယူပြီး တပ်မတော် စစ်ကြောင်းများကို ပစ်ခတ်တိုက်ခိုက်ခြင်းမပြုရန် အကြိမ်ကြိမ်တောင်းပန်ခဲ့သော် လ

ည်း
ကေအိုင်အေအဖွဲ့သည် ဘာသာရေးဆိုင်ရာကိုးကွယ်ဝတ်ပြုသည့် နေရာဖြစ်သည့်
တာလောကြီး ကျေးရွာ ဘုန်းကြီးကျောင်းကိုထိခိုက် ပျက်စီး စေလိုသော
ရည်ရွယ်ချက်ဖြင့် ကျောင်းဝန်း အတွင်းမှ တိုက်ခိုက်မှုများ
စတင်ဆောင်ရွက်ခဲ့သည့်အတွက်
အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားမှုကြောင့် ကျောင်းဆောင်များ ထိခိုက်ပျက်စီးနေပုံ။
နိုင်ငံတော်အစိုးရက ကလေးငယ်များ ပညာရည် တိုးတက်မြင့်မားရေး ဆောင်ရွက်ပေးနေစဉ် ကေအိုင်အေ အဖွဲ့က စာသင်ကျောင်းများကို ပစ်မှတ်ထား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးရန် ဆောင်ရွက်နေခြင်းမှာ ကလေးငယ်များ၏ ပညာရေး လူညွန့်တုံးစေရန် ဆောင်ရွက်နေခြင်းဖြစ်။
ဒဂေါ်ကျေးရွာအနီးကျရီချောင်းဘေး ဂရိတ်ဝေါမိသားစုပိုင် ကျောက်ထုတ်လုပ်ရေးစခန်းတွင် ကျောက်ထုလုပ်ငန်းလုပ်ကိင်နေသူ မောင်ကိုလင်း (၁၈) နှစ်၊အောင်သပြေရပ်ကွက်၊ အုတ်ဖိုမြို့၊ ပဲခူးတိုင်းသည် ၁၂-၁၂-၂ဝ၁၁ရက် ညနေ ၄ နာရီအချိန်ခန့်တွင် ကျရီချောင်းတစ်ဘက်ကမ်းတွင် ဖရုံညွန့် ခူးနေစဉ် အရပ်ဝမ်ဖြင့်လူ(၅)ဦးရောက်ရှိလာပြီး ပစ္စတို သေနတ်ပြ၍ ''မင်းကစစ်သားလား'' ဟုမေးရာ စစ်သားမဟုတ်ကြောင်း ပြောကြားခံ့ပြီးနောက် '' ကေအိုင်အေထဲဝင်မလား'' ဟု ထပ်မံမေးသဖြင့် ထဲမဝင်လိုကြောင်းငြင်းဆန်ပြောကြားခဲ့၍ ၄င်း၏မျက်လုံးအားပုဆိုးတစ်ထည်ဖြင့် စည်းနှောင်းခေါ်ဆောင် သွားပြီး အနက် ၂ ပေခန့်ရှိ ကျင်ဟောင်းအတွင်း ထိုင်ခိုင်းပြီပစ္စတိုဖြင့် တစ်ချက်ပစ်ခတ်ခဲ့ခြင်းကြောင့်။
ဖာက်ထွက်ဒဏ်ရာဖြင့် မှောက်လျှက်လဲကျသွားခဲရာ သေပြီဟုယူဆ၍မြေကြီးဖြင့်ဖုံးဖိထားပြီး ကေအိုင်အေ အဇွဲ့မှပြန်လည်ထွက်ခွာသွားခဲ့၊ နောက် ၃ဝ မိနစ်ခန့်အကြာတွင် မောင်ကိုလင်းသည် အသက်မသေဘဲပြန်လည် ရုန်းထွက်ခဲ့ပြီး ကျရီချောင်အတိုင်း ပြန်လာရာ တပ်မတော်စစ်ကြောင်း တစ်ခုနှင့် တွေ့ပြီး မိုးမောက်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူးသမှုခံယူခဲ့သဖြင့် ယခုအသက်အန္တရာယ် မရှိပါကြောင်းနှင့် ကေအိုင်အေ အဖွဲ့မှစစ်ရေးနှင့်မသက် ဆိုင်သည့် အပြစ်မဲ့အရပ်သာများအပေါ် မတရားသဖြင့်ဥပဒေမဲ့ပစ်ခတ်သတ်ဖြတ် အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြောင်း ကာယာကံရှင်မှပြောကြားချက်အရ စိတ်မကောင်းဖွယ်ရာ သိရှိရပါသည်။
ငါနဲ့မတူ၊ ငါ့ရန်သူဟု ထင်မြင်ယူဆနေသရွေ့ကာလပတ်လုံး ဒေသခံပြည်သူများမှာ ယခု ကဲ့သို့ ကေအိုင်အေ တို့၏ ပစ်မှတ်သားကောင်အဖြစ် စတေးခံရမည်မှာ ဧကန်မလွဲ။
ကေအိုင်အေ မိုင်းများကြောင့် အသက်သေသူဘဝသေခဲ့ကြသူများ၏ အပြစ်မဲ့မိသားစုများအပေါ် အနာဂတ်အတွက် ဘယ်သူတာဝန်ယူ ကူညီစောင့်ရှောက်ပေးမလဲ။ ပြည်သူ့ရန်စွယ်ေ ကအိုင်အေ မိုင်းအန္တရာယ် များကြောင့် ယင်းသို့ အနိဌာရုံမြင်ကွင်းစုံကို ရင်နာစရာတြွေ့မင်ရ။
၉-၂-၂ဝ၁၁ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ၊ ဆမားကောင်းကျေးရွာ မိုင်းထိသေ ဆုံးခဲ့သော ဦးမီတုံဂမ်၏ပုံ
အပြစ်မဲ့ပြည်သူများ ခြေလျှင်ပဲ လျှောက်လျှောက်၊ ယာဉ်နဲပဲသွားသွား ဘဝအတွက်မသေချာမရေရာ တာကတော့ ကေအိုင်အေရဲ့ မိုင်းပဒေသာ။
မိုးမောက်မြို့နယ်၊ (၁၇)မိုင်ကျေးရွာနေ မရန်ဂမ်အောင်္ခဒမော်ဒီး၏ မြေမြုပ်မိုင်းပေါက်ကွဲ သဖြင့် သေဆုံးခဲ့ပုံ
ကေအိုင်အေတို့၏မိုင်းထောင်၊ဗုံးခွဲ၊ ပစ်ခတ်မှုများကြောင်း စက္ကန့်တိုင်းမှာ စိတ်မအေးရရှာသည့် ပြည်သူ့များ၏ ဖြစ်၇ပ်များ
အများပြည်သူများဆက်သွယ်သွားလာအသုံးပြုနေသည့် လမ်းကြောင်းများသည် ကေအိုင်အေတို့၏မိုင်းစမ်း သပ်ဖောက်ခွဲရာ လေ့ကျင့်ရေးကွင်းကြီးသဖွယ်ဖြစ်ခဲ့ရသည်။
ကျေးလက်နေပြည်သူများ စားရေး၊ ဝတ်ရေး၊ နေရေးကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုနိုင်စေရန် နေရာအနှံ နည်းလမ်းမျိုးစုံဖြင့် စည်းကမ်းမဲ့စွာ မိုင်းထောင်မှုများသည် လူသားမျိုးနွယ်စု ပျက်သုဉ်းရေး ကို ဦးတည်နေသလားဟု ထင်မှတ်စရာ။
နိုင်ငံအကျိုး၊ ဒေသအကျိုးနှင့် ပြည်သူ့အကျိုးအတွက် တဖက်တလမ်းမှ ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများပိုင် သက်မဲ့ရုပ်ဝတ္ထုပစ္စည်းများကလည်းကေအိုင်အေ တို့၏ လက်ချက်ဖြင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့်အပြင် ယာဉ်မောင်းမှာလည်း အသက်ပေးရပြန်ခဲ့ပါတယ်။

No comments:
Post a Comment