Saturday, 22 September 2012

မြိတ်တွင် ၈၈ အတုပေါ်



Dawei Watch
ထားဝယ် ၊ စက်တင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် မြိတ်မြို့တွင် ၈၈ မျိုးဆက်ကျောင်းသားများ အတု အဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်နေကြောင်း မြိတ်ခရိုင် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ မြိတ် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့တုသည် မဂ္ဂါဝပ် ၅၀ ထုတ် မြိတ် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ ကိစ္စနှင့် ပတ်သက်ကာ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၊ ကျောက်မီးသွေး ဓာတ်အ

ားပေးစက်ရုံ နှင့် ပတ်သက်ပြီး ကောင်းကျိုးများကိုသာ ပြောသည်ဟု မြိတ် ၈၈ မျိုးဆက်ကျောင်းသား ဦးအောင်နိုင်ဦးက ဆိုသည်။


ယင်းသို့ မြိတ် ၈၈ အတုပေါ်လာခြင်းကြောင့် မလိုလားအပ်သည့် ပြဿနားများ ၊ ဆူပူမှုများ ပေါ်ပေါက်လာနိုင်ကြောင်း ၊ မြိတ် ၈၈ မျိုးဆက်များက မလုပ်သည်ကို လုပ်သည်ဟု ပြည်သူလူထုက အထင်မှားမှုများ ဖြစ်လာနိုင်ခြင်းတို့ကြောင်း စက်တင်ဘာလ ၂၂ ၇က် ယနေ့မနက်တွင် ပြန်ကြားရေးမှ တာဝန်ရှိသူများ ၊ မြိတ်ဒေသခံ သတင်းထောက်များကို ခေါ်ယူက သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ရှင်းပြသည်။

“ အခု ပေါ်နေတဲ့ မြိတ် ၈၈ အတုက ရန်ကုန် ၈၈ မျိုးဆက် ရုံးက အသိအမှတ်ပြုထားတာမဟုတ်ဘူး ” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများ ( မြိတ်ခရိုင်) အား အဖွဲ့ဝင် ၈ ဦးဖြင့် လက်ရှိ ဖွဲ့စည်းထားပြီး ဦးပေါ်အင် ၊ ဦးလှမော် ၊ ဦးအောင်နိုင်ဦး ၊ ဦးတင်ကိုကိုဦး ၊ ဦးမိုးသူအောင် ၊ ဦးအောက်ကိုယု ၊ ဦးသူရအောင် နှင့် ဦး ကိုကိုနိုင် တို့က သက်ဆိုင်ရာ မြို့နယ်များကို ကိုယ်စားပြုကာ ဖွဲ့စည်းထားကြောင်း မြိတ် ၈၈ မျိုးဆက်ကျောင်းသားများက တရားဝင် သတင်းထုတ်ပြန်သည်။

မြိတ် သတင်းမှ

No comments:

Post a Comment