ဒီမိုဖက်တီး ဖေ့ဘုတ်မှ ကူးယူ ဖော်ပြပေးပါတယ်
အောင်ဇော် (ဧရာဝတီ) ၁၀-၉-၂၀၁၂ ရက်နေ့ မနက် ၁၀ နာရီ က မြောက်ပိုင်းကျောင်းသားများ
မသင်းသင်းက အခွင့်အရေးများ ရရင် ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ပြီး မြောက်ပိုင်းကိစ္စတွေကို တင်ပြဖို့ရှိလို့ ပါ။ အဲဒီမှာ ရုံးခန်း အပြင်ဘက်မှာ မသင်းသင်းတို့ စောင့်နေတုန်း ဧရာဝတီ သတင်းဌါနက အောင်ဇော် ရောက်လာပါတယ်။အဲဒီမှာ မသင်းသင်းက ခင်ဗျားတို့ မီဒီယာတွေ အပေါ်မှာ ဒေါက်တာ နိုင်အောင်ရဲ့ သြဇာလွမ်းမိုးမှု ရှိသေးလားလို့ မေးတော့ သူက မေးတဲ့မေးခွန်းအပေါ်မှာ အတော်ကိုအံ့သြပြီး နားမလည်တဲ့ ဘာသာစကားတခုနဲ့ အမေးခံလိုက်ရတဲ့ မျက်နှာအမူအရာမျိုး လုပ်ပြပါတယ်။ ဒါနဲ့ ဘေးကပါလာတဲ့ မချောအိဖြူက သူကမြောက်ပိုင်းမှာ အသတ်ခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်ရဲ့ အစ်မပါလို့ ပြောတော့ ဧရာဝတီ သတင်းဌါနက ပုဂ္ဂိုလ်က အခုလိုတုန့်ပြန်ပါတယ်။
မြောက်ပိုင်းကိစ္စက သေးသေးလေးပါတဲ့၊ ၈၈ မှာရော ၂၀၀ရ မှာ ရောလူတွေ သေခဲ့တာ အများကြီးပါတဲ့၊ နောက်ပြောသေးတယ်၊ ဒီသတင်းကို သူက အစောဆုံး ၁၉၉၆ က စခဲ့တာပါတဲ့၊ ဒီစကားတွေကို မလေးမစားနဲ့ ပီကေ တဝါးဝါး နဲ့ပြောခဲ့တာပါ။ ဒီလို အပြောခံရတော့ မသင်းသင်းက သူ့ကို လုံးဝဥပက္ခာပြုပြီး စကားပြန်မပြောတော့ပါဘူး။ အဲဒီမှာ သူက မြောက်ပိုင်းကိစ္စနဲ့ အမေစုကို လာတွေ့တာလားလို့ မေးတော့ ဆောရီးပါလို့ ပြောပြီး အပြင်ထွက်လာခဲ့ပါတယ်။
-- Baydar Lam
သတင်းမူရင်း https://www.facebook.com/photo.php?fbid=386760874728546&set=at.370889606315673.82925.100001839102763.100000681270428&type=1&theater


No comments:
Post a Comment