Tuesday, 18 September 2012

တောင်ကိုရီးယား အတိုက်အခံပါတီက သမ္မတလောင်းရွေးချယ်


Monday, 17 September 2012 01:15

ပါတီကိုယ်စားပြုသမ္မတလောင်းအဖြစ် ရွေးချယ်ခံရပြီးနောက် မွန်းက ပါတီကွန်ဗင်းရှင်းတွင် စက်တင်ဘာလ ၁၆ ရက်က မိန့်ခွန်းပြောနေစဉ် Photo: AFP

တောင်ကိုရီးယား အတိုက်အခံ
လက်ဝဲယိမ်း ဒီမိုကရက်တစ်ညီညွတ်ရေးပါတီက သမ္မတရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းကို စက်တင်ဘာလ ၁၆ ရက်တွင် ရွေးချယ်ခဲ့ကြောင်း သိရသည်။

သမ္မတဟောင်းနိုမူဟွန်း၏ အကြီးတန်းလက်ထောက်တစ်ဦးဖြစ်သူ Moon Jae-In ကို ဒီဇင်ဘာလ ၁၉ ရက်တွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲအတွက် အတိုက်အခံပါတီက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတစ်ဝန်းပြုလုပ်ခဲ့သော အကြိုရွေးကောက် ပွဲ ၁၃ ခုတွင် Moon က မဲခြောက်သိန်းခန့် (၅၆ ရာခိုင်နှုန်း) ရရှိကာ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

သမ္မတလက်ထောက်များပါ ပါဝင်နေသော အဆုံးမရှိသည့် အကျင့်ပျက်ခြစားမှုများကို မိမိတို့ ရင်ဆိုင်နေရသလို ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေအနေများမှာလည်း နောက်ပြန်လှည့်နေကြောင်း၊ ယခုအချိန်မှာ ရှေ့သို့ ပြန်လည်ချီတက်ရမည့် အချိန်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ အားကစားရုံတွင် ထောက်ခံသူထောင်ပေါင်းများစွာကို Moon က ပြောကြားခဲ့သည်။

သူအနိုင်ရခဲ့ပါက မြောက်ကိုရီးယားနှင့် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်နိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဟု ကတိပြုခဲ့သည်။ လူမှုဖူလုံရေး အသုံးစရိတ်များကို တိုးမြှင့်သွားမည်ဟုလည်း ကတိပေးခဲ့သည်။ အတိတ်က အစိုးရတိုက်ရိုက်ညွှန်ကြားမှုဖြင့် ကြီးထွားလာခဲ့သော ကော်ပိုရေးရှင်းကြီး အနည်းစုသာ လွှမ်းမိုးချုပ်ကိုင်ထားသည့် စီးပွားရေးစနစ်ကို အလုံးစုံစစ်ဆေးမှု ပြုလုပ်သွားမည်ဟုလည်း ကတိပြုခဲ့သည်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်မှုဖြင့် ၁၉၇၀ ပြည့်နှစ်တွင် ထောင်ကျခဲ့သော အသက် ၅၉ နှစ်ရှိ Moon သည် စစ်အာဏာရှင်ဟောင်းပတ်ချုံဟီး၏ သမီးဖြစ်သူ အာဏာရကွန်ဆာဗေး တစ်ပါတီကိုယ်စားပြု Park Geun-Hye နှင့် သမ္မတရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Ref:AFP
 Eleven Media

No comments:

Post a Comment