Monday, 1 October 2012

မြန်မာရနံ့တွေ သင်းပျံ့နေတဲ့ တိုကျို သတင်းကျွတ်ပွဲတော်


 ဓာတ်ပုံ- Tun Wai (Tokyo)
(၁၃) ကြိမ်မြောက် မြန်မာ့ရိုးရာ တိုကျို သီတင်းကျွတ်ပွဲတော်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဂျပန်ဌာန ခွဲက ဦးစီးပြီး မှ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ KIBA KOHAN ခီးဘ ပန်းခြံမှာ ကျင်းပခဲ့ကြပါတယ်။ 

မြန်မာရနံ့တွေနဲ့ သင်းပျံ့နေတဲ့ တိုကျိုရဲ့ ရွှေမြန်မာအဖွဲ့ပေါင်းစုံပါဝင်ဆင်နွှဲကြရာမှာ တီးဝိုင်းတွေ၊ မြန်မာ့ ရိုးရာ အစားအသောက်တွေကလည်း အသင်းအဖွဲ့တော်တော်များများက စီမံထားကြတာပါ။ 

နှစ်စဉ်ကျင်းပကြရာမှာ နိုင်ငံရေးအဖွဲ့တွေ စုစည်းလုပ်ဆောင်ကြတာလည်းဖြစ်လို့ နိုင်ငံရေး အနှစ်သာရ တွေ ပါတဲ့ သတင်းကျွတ်ပွဲလည်းဖြစ်ပါတယ်။



 အခုလို သတင်းကျွတ်ပွဲတော်ကို ဂျပန်နိုင်ငံမှာ ကျင်းပတဲ့အတွက် မြန်မာတွေ စုဝေးခွင့်ရပြီး စုစည်းတဲ့ လက္ခဏာမြင်တွေ့နိုင်ပါတယ်။ 

ဂျပန်ရောက်မြန်မာတွေကလည်း ယနေ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို အကောင်းဘက်က ရှု့မြင်နေကြတာလည်း ပြောဆိုနေကြပါတယ်တဲ့။ 



မွန်တို့ရဲ့ လက်ရာစုံကိုလည်းရမယ်
မြန်မာပြည် အလွမ်းပြေ မြန်မာ အစားအစာများနဲ့ ရွှေမြန်မာတို့ရဲ့ ဂျပန်တိုကျို သတင်းကျွတ်ပွဲ မြင်ကွင်းစုံ က နမိတ်ကောင်းတွေ ယူဆောင်လာတဲ့ လက္ခဏာ တွေ တွေ့နိုင်ပါလိမ့်မယ်။

 မြန်မာ့ဟန် မူမပျက် မြင်နိုင်တဲ့ ဈေးပွဲတော်

 သူတို့လည်း အားတက်သရော
 ဘာစားမှာလဲ
 ကော်ပြန့်လိပ်ကြော်၊ အသုပ်စုံလည်း ရတယ်

 ရင်အေးသွားအောင်လို့ အအေးလေး သုံးဆောင်လိုက်ပါအုံး
 ဒါမျိုးတွေက မြန်မာရနံ့ သင်းပျံ့စေတဲ့အချက်တချက်၊ ချည်ငန်စပ်နော်။
 လတ်လတ်ဆတ်ဆတ် ပေါ်တဲ့ iPhone 5 လည်း လိုချင်သူတွေအတွက် ကြော်ငြာ၊ အကြွေးကျန်နေ ရင်တော့ ဖုန်းခွံကြီးပဲ ရမယ်။ လိုင်းမပါဘူးနော်။
 ဒီလို အင်အားစုတွေကလည်း အင်နဲ့ အားနဲ့ ပါဝင်ကြတယ်။
 ရေဆာရင်၊ ဘီယာ ၃ ဘူးမှ ယမ်း ၁၀၀၀ တဲ့၊ ဈေးနှုန်းတွေပါတယ်၊
 ဒီမှာလည်း ရန်ပုံငွေအတွက်  တတတ်တအား ပါဝင်တယ်။

 ABSDF က လည်း  သတင်းကျွတ်ပွဲပါဝင်တယ်။
 အမှောင်ခွင်းတဲ့ အလင်းအိမ် မဂ္ဂဇင်း
 ရွှေမြန်မာတွေ ဒီလို စုဝေးခဲ့ကြပြီး သတင်းကျွတ်ပွဲကို ဆင်နွှဲကြတယ်။
အညတရ သူရဲကောင်းဆုပေးရေးအဖွဲ့ကလည်း သတင်းကျွတ်ပွဲမှာ


 ဒီလို မြန်မာတွေ ဂျပန်မှာ သတင်းကျွတ်ပွဲ ကျင်းပကြတာ ဒီနှစ်က ၁၃ ကြိမ်မြောက်ပါ၊ နိုင်ငံခြားသားတွေ လည်း ပါဝင်ကြတယ်။

No comments:

Post a Comment