တူမောင်ညို၊ ၁၇ စက်တင်ဘာ ၂၀၁၂ MoeMaKa Burmese News & Media
ကွယ်လွန်သူ ဝါရင့်နိုင်ငံရေးသမားကြီး ဘဘ ဦးရွှေအုံး (၁၉၂၃- ၂၀၁၀) ကို အောက်မေ့ သတိရလို့ ဒီလိုခေါင်းစဉ် တတ်လိုက် တာဖြစ်ပါတယ်။ ဦးရွှေအုံး ၁၉၉၃ အမျိုးသားညီလာခံ (ကျိုက္ကဆံ) သို့ တင်ပြတဲ့ စာတမ်းအမည်က “တတိယ ပြည်ထောင်စု မြန်မာနိုင်ငံ သို့ (ဘယ်တော့

ဘာကြောင့် ဘယ်လို)”ဟူ၍ ဖြစ်ပါတယ်။
ဒီချုပ် ပြောတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး” ဆိုတာ “လာမယ် - ကြာမယ်- မျှော်”ဆိုတဲ့ သဘောမျိုးထင်ပါတယ်။
ဒီချုပ် မှာ ဥက္ကဋ္ဌရဲ့ နိုင်ငံခြားခရီးစဉ်တွေ၊ ညီလာခံခေါ်ယူရေးကိစ္စတွေနဲ့ လုံးလည်ချာလည်လိုက်နေတော့ “ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး” ဆိုတဲ့ ဘာသာရပ်အတွက် အလှည့်မကျနိုင်သေးဘူးလို့ထင်မြင်ယူဆစရာဖြစ်ပါတယ်။
သို့သော်လည်း “ဒီလှိုင်းစာစောင်” အတွဲ ၁၊ အမှတ် ၃၂၊ (၂၇ - ၈ - ၂၀၁၂) မှာ “အခြေခံဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှု ပြည်သူ့လွှတ်တော်အတွင်းပေါ်ပေါက်လာလျှင်” ဆိုတဲ့ “ဒီလှိုင်းအာဘော်” ကနေ တို့ထိထားတာလေး ဖတ်လိုက်ရပါတယ်။
“ဒီလှိုင်းအာဘော်” ထဲမှာရေးထားသလို သမ္မတက “ဖွင့်ဟပေးလိုက်သကဲ့သို့” ရှိတဲ့ အခြေခံဥပဒေပြင်ဆင်ရေးလမ်ြးေ ကာင်း ကို လွှတ်တော်ထဲမှာ တစ်ခွန်းမှ မဟဘဲ၊ ဥပဒေကြောင်းအရမှန်တယ်ဘက်ကို ထောက်ခံတယ်ဆိုပြီး စွပ်စွဲပြစ်တင်နုတ်ထွက်စေတဲ့  လမ်း ကြောင်း နောက် ဒီချုပ်အမတ်တွေ ကောက်ကောက်ပါအောင်လိုက်သွား ခဲ့ကြပါတယ်။
လွှတ်တော်ထဲမှာပေါ်လာတဲ့ ဦးသိန်းစိန်လမ်းကြောင်း ( ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆ င်ရေး) နဲ့ ဦးရွှေမန်းလမ်းကြောင်း ( စွပ်စွဲ ပြစ်တင်နုတ်ထွက်စေရေး) လမ်းကြောင်း ၂ ခု အနက် ဒီချုပ်အမတ်တွေဟာ ဦးရွှေမန်းလမ်းကြောင်းကို လျှောက်ခဲ့ကြပါတယ်။
“--- ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး မိမိထံ ခွင့်ပန်ကြားရင်းနဲ့ စွပ်စွဲပြစ်တင်မှုကိစ္စပြု လုပ်တဲ့အခါမှာ မိမိသည်သော်လည်းကောင်း၊ မိမိပါတီသော်လည်းကောင်း လွှတ်တော်သို့ တင်ပြထားတဲ့ ရပ်တည်ချက်အတိုင်း ရှိပါ ကြောင်း၊ ဒီလိုလည်း မိမိထံ တင်ပြသွားတာရှိပါတယ်။ ”လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်အစည်းအဝေး မှာ ပြောပါတယ်။
“ဒီလှိုင်းအာဘော်” မှာ ညွန်းထားတဲ့ လောလောဆယ်အားဖြင့် ပြင်ဆင်ရေးဆွဲရန် သို့မဟုတ် ဖြုတ်ပယ်အစားထိုးရန် လိုအပ် သော “အခြေခံဥပဒေ ပုဒ်မ ၁၂ ခု” ဆိုတာက လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ မှာ ထုတ်ပြန်ခဲ့တဲ့ “အထူးကြေညာချက် ၄/၀၃/၀၈ ” ကို ရည်ညွန်းပုံရပါတယ်။
“လစ်ဟင်းခဲ့ပါတယ်” လို့ ကျမ်းသစ္စာကိစ္စမှာတုန်းကလို ထပ်ပြီးမပြောကြရအောင် ပြင်ဆင်ရေးဆွဲ၊ ဖြုတ်ပယ်အစားထိုးရန် လိုအပ်တဲ့ အချက်များကို ဒီချုပ်ဥပဒေပညာရှင်များအနေနဲ့ ဒီထက်ပိုပြီး တိတိကျကျနဲ့ရှင်းရှင်းလင်းလ င်းဖြစ်အောင် ပြင်ဆင်ထားသင့်ပါ တယ်။
ဖွဲ့စည်းပုံအခြေခ့ဥပဒေ ပြင်ဆင်ရေးဆိုတာ ဒီကနေ့တည်ရှိနေတဲ့ လွှတ်တော်ထဲက အမတ်အချိုးအစားနဲ့ဆိုရင် မလွယ်ကူဘူး/ မဖြစ်နိုင်ဘူးဆိုတာ လူပြိန်းတောင်သိပါတယ်။ ဒီချုပ်အမတ်တွေက စစ်သားအမတ်တွေကို စည်းရုံးနိုင်ခဲ့ရင်တောင် မလွယ်ကူပါဘူး/ မဖြစ် နိုင်ပါဘူး။
စစ်သားအမတ်တွေ အခြေခံဥပဒေပြင်ဆင်ရေးဘက် ပါဝင်လာဖို့ “စည်းရုံးတယ်” ဆိုတာကလည်း ကျောက်ခဲ ရေညှစ်တာကမှ အလွယ်တကူရေထွက်ပါလိမ့်မယ်။ စစ်သားအမတ်တွေဟာ ကာချုပ်ရဲ့ “တစ်သွေး၊ တစ်သံ၊ တစ်အမိန့်” နဲ့ လွှတ်တော်ထဲ သွားထိုင်ကြရ သူတွေဖြစ်ပါတယ်။ သူတို့တတွေ ဟိုတိမ်း၊ ဒီယိမ်းလို့ မဖြစ်နိုင်ပါဘူး။
ကာချုပ်အမိန့်ပေးတဲ့အတိုင်း ထောက်ခံမဲ/ကန့်ကွက်မဲ/ ကြားနေမဲ ပေးကြရမယ့် သူတွေဖြစ်ပါတယ်။
တစ်ခုတော့ရှိတာပေါ့ ဒီချုပ် ဥက္ကဋ္ဌအနေနဲ့ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ ဆိုသူတွေနဲ့ ထိတွေ့နေသလို ကာချုပ်နဲ့ထိတွေ့ပြီး သူ့သဘောထား ဘယ်လိုရှိမယ်ဆိုတာ တီးခေါက်မကြည့်သင့်ပေဘူးလား ။ စစ်သားအမတ်တွေနဲ့ ရင်းနှီးအောင် ထမင်းဖိတ်ကျွေးရမလား လို့ ရယ်သွမ်းသွေးပြီးပြောဖူးတာလဲရှိလို့ အဆိုပြုကြည့်တဲ့သဘောပါ။
ဒီနေရာမှ ကျနော် သတိပြုမိတဲ့ အချက်တစ်ခုတင်ပြပါရစေ။
ဒီချုပ်ဥက္ကဋ္ဌ က “တရားဥပဒေစိုးမိုးရေးနှင့်တ ည်ငြိမ်းအေးချမ်းရေးကော်မတီ ” ဖွဲ့စည်းရာ မှာ စစ်သားအမတ် တစ်ဦးထည့်ပေးဖို့ အဆိုပြုပုံရပါတယ်။
ဒါကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ပြောကြားချက်မှာ
“ကျွန်မကတော့ တာဝန်တစ်ခုပေးအပ်မယ်ဆိုရင် တာဝန် ကျေချင်တယ်။ ကျေအောင်လည်း ဆောင်ရွက်မယ်။ ကျေအောင်ဆောင်ရွက်မယ်ဆိုလို့ ရှိရင် ကျွန်မတစ်ယောက်တည်းနဲ့ မဖြစ်ဘူး။ ကော်မတီမှာ ပါဝင်ကြမယ့် ပုဂ္ဂိုလ်များလည်း လိုပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုပုဂ္ဂိုလ်မျိုးတွေကော်မ တီမှာ ထည့်ပေးပါ” ဆိုပြီးတော့ ကျွန်တော့် ကို တစ်ဖန်ပြန်လည် မေတ္တာရပ်ခံတောင်းခံခဲ့ပါတယ် ။ ကျွန်တော်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လိုလားဆန္ဒရှိတဲ့ ပုဂ္ဂိုလ်အသီးသီးကို ဒီကော်မတီထဲ ကိုရောက်ရှိရေးအတွက် ကျွန်တော်ဆောင်ရွက်ခဲ့ပါတယ် ။ ကျွန်တော် မဖြည့်ဆည်းပေးနိုင်တာတော့ ဒါတစ်ဖွဲ့တစ်ဦးပဲရှိပါ တယ်”
ဆိုပြီး ငြင်းပယ် လိုက်ပါတယ်။
ဒီအချက်သေချာစေဖို့ ပြည်သူ့လွှတ်တော်ကဖွဲ့စည်းပေးထားတဲ့ (၁)နှစ်သက်တမ်းရှိတဲ့ (အခြားကော်မတီ)လို့ဆိုတဲ့ ကော်မတီနဲ့ ကော်မရှင်များကို တစ်ခုချင်း ကျနော် စိစစ်ကြည့်ပါတယ်။ ယခုအခါ ပြည်သူ့လွှတ်တော်တွင် “အခြားကော်မတီ” ၂၀ နဲ့ ကော်မရှင် ၁ ခုဖွဲ့ စည်းထားပါတယ်။
မြန်မာ့အလင်းသတင်းစာ (၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်) စာမျက်နှာ ၅ နှင့် ၆ မှာဖေါ်ပြပါရှိတဲ့ “အခြားကော်မတီ” (၁၉)ခုကို စိစစ်ကြည့်ရာမှာ ကော်မတီ(၁၉)ခုအနက် ကော်မတီ(၅) ခုမှာ စစ်သားအမတ်များအဖွဲ့ဝင်အဖြစ် ပါရှိနေတာကို အောက်ပါ အတိုင်းတွေ့ရှိရပါတယ်။
- ဗိုလ်မှူးကြီးမြင့်ကိုကို နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ
- ဗိုလ်မှူးကြီးတင့်ဆန်း နိုင်ငံတကာဆက်ဆံရေးကော်မတီ
- ဗိုလ်မှူးတက်ထွန်းအောင် တရားစီရင်ရေးနှင့်ဥပဒေရေးဆိုင်ရာကော်မတီ
- ဗိုလ်မှူးကြီးဌေးနိုင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုေ က်ာမတီ
- ဗိုလ်မှူးသန်းဇော်ဦး ရေကြောင်းပို့ဆောင်ရေးဖွံြ့ ဖိုးတိုးတက်မှုကော်မတီ
ဒါ့အပြင် တစ်ခုတည်းသောကော်မရှင်ဖြစ်တဲ့ “ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်” မှာ လည်း ဒုတိယဗိုလ်မှူးကြီး အောင်ခင်သိန်း ပါဝင်နေတာကို တွေ့ရပါလိမ့်မယ်။
သို့သော်လည်း အခုနောက်ပိုင်းမှာ စစ်သားအမတ်တွေ “အခြားကော်မတီ”တွေနဲ့ကော်မရှင်တွေမှာ မပါဝင်စေဖို့ (ကာလုံ) ထဲမှာ သူတို့ချင်း ညှိလိုက်ကြပုံပေါ်ပါတယ်။သက်ဆိုင်ရာ ကော်မတီမှာ စစ်သားအမတ်တွေပါနေရင် သက်ဆိုင်ရာကော်မတီတွေရဲ့ အစီရင်ခံစာ များကိုလွှတ်တော်ထဲမှာ မဲခွဲအဆုံးအဖြတ်ယူတဲ့အခါ စစ်သားအမတ်အများစုနဲ့ဆန့်ကျ င်ဘက်ဖြစ်မှာကို စိုးရိမ်ပုံရပါတယ်။
ဒါကြောင့် ကော်မတီတွေမှာ ယခင်ကအဖွဲ့ဝင်များ အဖြစ်ထည့်ထားခဲ့တဲ့ စစ်သားအမတ်တွေကို ဖယ်ထုတ်အစားထိုးလိုက်ပုံရပါ တယ်။
ယခုအခါ ပြည်သူ့လွှတ်တော် website မှာ ကို ဖေါ်ပြထားတဲ့ “အခြားကော်မတီများစာရင်း” နဲ့ မြန်မာ့အလင်းသတင်းစာ (၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်) စာမျက်နှာ ၅ နှင့် ၆ မှာဖေါ်ပြပါရှိတဲ့ “အခြားကော်မတီများစာရင်း” ကိုနှိုင်းယှဉ်စိစစ်ကြည့်လျှ င် အဆိုပါ စစ်သားအမတ်များကို အခြားသော လွှတ်တော်ကိုယ်စားလှယ်များနဲ့  လဲလှယ်အစားထိုးထားတာတွေ့မြင်ရပါလိမ့်မယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်းရဲ့ခါးပိုက်ဆောင်ကော်မရှင်(ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်)မှာ ပါဝင်တဲ့ ဒုတိယဗိုလ်မှူးကြီးအောင်ခင် သိန်းဟာ စစ်သားအမတ်မဟုတ်ပါဘူး။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြ ည်း) စစ်ဥပဒေ ချုပ်ရုံးမှ ဖြစ်ပါတယ်။
ဒီတော့ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၇ ရက်၊ ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး(၂၁) ရက်မြောက်နေ့မှာ (၂၀)ခုမြောက် ဖွဲ့စည်းခဲ့သော “တရားဥပဒေစိုးမိုးရေးနှင့်တ ည်ငြိမ်းအေးချမ်းရေးကော်မတီ ” မှာ အဖွဲ့ဝင်အဖြစ်စစ်သားအမတ်တစ် ယောက် ရရှိရေး ဒီချုပ် ဥက္ကဋ္ဌတောင်းဆိုချက် မရနိုင်ဘူး/ မဖြစ်နိုင်ဘူးဆိုတာရှင်းသွား ပါတယ်။
စစ်သားအမတ်အားလုံးဟာ ကာကွယ်ရေးဦးစီးချုပ် အမိန့်ပေးစီမံခန့်ခွဲမှု တစ်ခုတည်း အောက်မှာ ရှိရမှာပါ။
စစ်သားအမတ်တွေအပါအဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ အဖြစ်ခန့်အပ်ထားတဲ့ စစ်ဗိုလ်တွေကို ကာကွယ်ရေး ဦးစီးချုပ်က စိတ်ကြိုက်ချယ်လှယ်စီမံနိုင်ပါတယ်။
ဒီအချက်တွေဟာ “ဒီလှိုင်းအာဘော်” မှာ ညွန်းထားတဲ့ လောလောဆယ်အားဖြင့် ပြင်ဆင်ရေးဆွဲရန် သို့မဟုတ် ဖြုတ်ပယ် အစားထိုးရန်လိုအပ်သော “အခြေခံဥပဒေ ပုဒ်မ ၁၂ ခု” ထဲက အချက်အမှတ် (၃၊ ၄၊ ၅၊ ၆၊ ၇၊ ၉၊ ၁၀) တို့နဲ့ အပြန်အလှန် ဆက်နွယ် နေတဲ့ အချက်တွေပဲဖြစ်ပါတယ်။
“အခြေခံဥပဒေ ပုဒ်မ ၁၂ ခု” ခုဆိုတာဟာ လောလောဆယ် ပြင်ဆင်အစားထိုးရန်သာဖြစ်ပြီး ဒီချုပ်ရဲ့အရင်းမူလသဘောထား အဖြစ် ယူဆနိုင်ဖွယ်ရာရှိတဲ့ သဘောထားကို “ဒီလှိုင်းအာဘော်” မှာ အောက်ပါအတိုင်း အတိအလင်း ထည့်သွင်းရေးသားဖေါ်ပြထားပါ တယ်။
“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်ကား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖာထေးပြုပြင်နေရုံမျှဖြင့် ဒီမိုကရေစီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ထိရောက်ထွန်းပေါက် အကျိုးသက်ရောက်စေနိုင်လိမ့် မည်ဟု မယုံကြည်ပေ။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်လုံးကို ဒီမိုကရေစီခေတ်ပြောင်းကာလနှ င့် လိုက်လျောညီထွေ ဆီလျော် အပ်စပ်မှုရှိစေရန် အတွက် အသစ်ရေးဆွဲခြင်းသည်သာ အလျော်ကန်၊ အသင့်မြတ်ဆုံး ဖြစ်လိမ့်မည်ဟုယူဆပေသည်။ ”
ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲခြင်းသည် အလျော်ကန်ဆုံး၊ အသင့်မြတ်ဆုံးဖြစ်ပါတယ်။
သို့သော်လည်း ဤအရာကား “ဒီလှိုင်းအာဘော်”မျှသာဖြစ်သ ည်။ “ဒီချုပ်အာဘော်”မဟုတ် ဟုပြောလာလျှင် မည်သို့ရှိမည်နည်း။
“ဒီချုပ်နဲ့ သော့ခလောက်ကြီး အာဘော်ဆောင်းပါး”တွင် ကျနော်တို့ မျက်စေ့လည်ခဲ့ရဖူးပြီ။
သို့အတွက် ဒီချုပ် ပြောတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး” ဘယ်တော့ --- ဘာကြောင့် --- ဘယ်လို ဆိုတဲ့လုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ ပတ်သက်ပြီး အခွင့်အလန်းနှင့်စိန်ခေါ်မှုများကို ပြည်သူများ၊ ဒီချုပ်ပါတီဝင်များ၊ အခြားသော မဟာမိတ်ပါတီများ ရှင်းရှင်း လင်းလင်း သိရှိစေရန် ဖော်ထုတ် တင်ပြ အသိပေးသင့်ပြီဖြစ်ပါကြောင်း ။
ညွန်း
- “ဒီလှိုင်းစာစောင်” အတွဲ ၁၊ အမှတ် ၃၂၊ (၂၇ - ၈ - ၂၀၁၂)
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ (အထူးကြေညာချက် ၄/၀၃/၀၈) ၂၀၀၈ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့
- ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်တွင်းရှင်းလင်းချက် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ (၆) ရက်နေ့
- မြန်မာ့အလင်းသတင်းစာ (၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်) စာမျက်နှာ ၅ နှင့် ၆
- မြန်မာ့အလင်းသတင်းစာ (၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်) စာမျက်နှာ ၆
- မြန်မာ့အလင်းသတင်းစာ (၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက် ) စာမျက်နှာ ၆
admin | September 18, 2012 at 7:25 am | Categories: တူမောင်ညို, သူတို့အာဘော် | URL: http://wp.me/p2d6gG-79l
ဒီချုပ် ပြောတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်
ဒီချုပ် မှာ ဥက္ကဋ္ဌရဲ့ နိုင်ငံခြားခရီးစဉ်တွေ၊ ညီလာခံခေါ်ယူရေးကိစ္စတွေနဲ့ လုံးလည်ချာလည်လိုက်နေတော့ “ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး” ဆိုတဲ့ ဘာသာရပ်အတွက် အလှည့်မကျနိုင်သေးဘူးလို့ထင
သို့သော်လည်း “ဒီလှိုင်းစာစောင်” အတွဲ ၁၊ အမှတ် ၃၂၊ (၂၇ - ၈ - ၂၀၁၂) မှာ “အခြေခံဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှု ပြည်သူ့လွှတ်တော်အတွင်းပေါ်ပေ
“ဒီလှိုင်းအာဘော်” ထဲမှာရေးထားသလို သမ္မတက “ဖွင့်ဟပေးလိုက်သကဲ့သို့” ရှိတဲ့ အခြေခံဥပဒေပြင်ဆင်ရေးလမ်ြးေ
လွှတ်တော်ထဲမှာပေါ်လာတဲ့ ဦးသိန်းစိန်လမ်းကြောင်း ( ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆ
“--- ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး မိမိထံ ခွင့်ပန်ကြားရင်းနဲ့ စွပ်စွဲပြစ်တင်မှုကိစ္စပြု လုပ်တဲ့အခါမှာ မိမိသည်သော်လည်းကောင်း၊ မိမိပါတီသော်လည်းကောင်း လွှတ်တော်သို့ တင်ပြထားတဲ့ ရပ်တည်ချက်အတိုင်း ရှိပါ ကြောင်း၊ ဒီလိုလည်း မိမိထံ တင်ပြသွားတာရှိပါတယ်။ ”လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်အစည်းအဝေး မှာ ပြောပါတယ်။
“ဒီလှိုင်းအာဘော်” မှာ ညွန်းထားတဲ့ လောလောဆယ်အားဖြင့် ပြင်ဆင်ရေးဆွဲရန် သို့မဟုတ် ဖြုတ်ပယ်အစားထိုးရန် လိုအပ် သော “အခြေခံဥပဒေ ပုဒ်မ ၁၂ ခု” ဆိုတာက လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ မှာ ထုတ်ပြန်ခဲ့တဲ့ “အထူးကြေညာချက် ၄/၀၃/၀၈ ” ကို ရည်ညွန်းပုံရပါတယ်။
“လစ်ဟင်းခဲ့ပါတယ်” လို့ ကျမ်းသစ္စာကိစ္စမှာတုန်းကလို ထပ်ပြီးမပြောကြရအောင် ပြင်ဆင်ရေးဆွဲ၊ ဖြုတ်ပယ်အစားထိုးရန် လိုအပ်တဲ့ အချက်များကို ဒီချုပ်ဥပဒေပညာရှင်များအနေန
ဖွဲ့စည်းပုံအခြေခ့ဥပဒေ ပြင်ဆင်ရေးဆိုတာ ဒီကနေ့တည်ရှိနေတဲ့ လွှတ်တော်ထဲက အမတ်အချိုးအစားနဲ့ဆိုရင် မလွယ်ကူဘူး/ မဖြစ်နိုင်ဘူးဆိုတာ လူပြိန်းတောင်သိပါတယ်။ ဒီချုပ်အမတ်တွေက စစ်သားအမတ်တွေကို စည်းရုံးနိုင်ခဲ့ရင်တောင် မလွယ်ကူပါဘူး/ မဖြစ် နိုင်ပါဘူး။
စစ်သားအမတ်တွေ အခြေခံဥပဒေပြင်ဆင်ရေးဘက် ပါဝင်လာဖို့ “စည်းရုံးတယ်” ဆိုတာကလည်း ကျောက်ခဲ ရေညှစ်တာကမှ အလွယ်တကူရေထွက်ပါလိမ့်မယ်။ စစ်သားအမတ်တွေဟာ ကာချုပ်ရဲ့ “တစ်သွေး၊ တစ်သံ၊ တစ်အမိန့်” နဲ့ လွှတ်တော်ထဲ သွားထိုင်ကြရ သူတွေဖြစ်ပါတယ်။ သူတို့တတွေ ဟိုတိမ်း၊ ဒီယိမ်းလို့ မဖြစ်နိုင်ပါဘူး။
ကာချုပ်အမိန့်ပေးတဲ့အတိုင်း
တစ်ခုတော့ရှိတာပေါ့ ဒီချုပ် ဥက္ကဋ္ဌအနေနဲ့ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ ဆိုသူတွေနဲ့ ထိတွေ့နေသလို ကာချုပ်နဲ့ထိတွေ့ပြီး သူ့သဘောထား ဘယ်လိုရှိမယ်ဆိုတာ တီးခေါက်မကြည့်သင့်ပေဘူးလား
ဒီနေရာမှ ကျနော် သတိပြုမိတဲ့ အချက်တစ်ခုတင်ပြပါရစေ။
ဒီချုပ်ဥက္ကဋ္ဌ က “တရားဥပဒေစိုးမိုးရေးနှင့်တ
ဒါကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ပြောကြားချက
“ကျွန်မကတော့ တာဝန်တစ်ခုပေးအပ်မယ်ဆိုရင် တာဝန် ကျေချင်တယ်။ ကျေအောင်လည်း ဆောင်ရွက်မယ်။ ကျေအောင်ဆောင်ရွက်မယ်ဆိုလို
ဆိုပြီး ငြင်းပယ် လိုက်ပါတယ်။
ဒီအချက်သေချာစေဖို့ ပြည်သူ့လွှတ်တော်ကဖွဲ့စည်းပေ
မြန်မာ့အလင်းသတင်းစာ (၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်) စာမျက်နှာ ၅ နှင့် ၆ မှာဖေါ်ပြပါရှိတဲ့ “အခြားကော်မတီ” (၁၉)ခုကို စိစစ်ကြည့်ရာမှာ ကော်မတီ(၁၉)ခုအနက် ကော်မတီ(၅) ခုမှာ စစ်သားအမတ်များအဖွဲ့ဝင်အဖြစ
- ဗိုလ်မှူးကြီးမြင့်ကိုကို နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတ
- ဗိုလ်မှူးကြီးတင့်ဆန်း နိုင်ငံတကာဆက်ဆံရေးကော်မတီ
- ဗိုလ်မှူးတက်ထွန်းအောင် တရားစီရင်ရေးနှင့်ဥပဒေရေးဆိ
- ဗိုလ်မှူးကြီးဌေးနိုင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုေ
- ဗိုလ်မှူးသန်းဇော်ဦး ရေကြောင်းပို့ဆောင်ရေးဖွံြ့
ဒါ့အပြင် တစ်ခုတည်းသောကော်မရှင်ဖြစ်တ
သို့သော်လည်း အခုနောက်ပိုင်းမှာ စစ်သားအမတ်တွေ “အခြားကော်မတီ”တွေနဲ့ကော်မရ
ဒါကြောင့် ကော်မတီတွေမှာ ယခင်ကအဖွဲ့ဝင်များ အဖြစ်ထည့်ထားခဲ့တဲ့ စစ်သားအမတ်တွေကို ဖယ်ထုတ်အစားထိုးလိုက်ပုံရပါ
ယခုအခါ ပြည်သူ့လွှတ်တော် website မှာ ကို ဖေါ်ပြထားတဲ့ “အခြားကော်မတီများစာရင်း” နဲ့ မြန်မာ့အလင်းသတင်းစာ (၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်) စာမျက်နှာ ၅ နှင့် ၆ မှာဖေါ်ပြပါရှိတဲ့ “အခြားကော်မတီများစာရင်း” ကိုနှိုင်းယှဉ်စိစစ်ကြည့်လျှ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန
ဒီတော့ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၇ ရက်၊ ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး(၂၁) ရက်မြောက်နေ့မှာ (၂၀)ခုမြောက် ဖွဲ့စည်းခဲ့သော “တရားဥပဒေစိုးမိုးရေးနှင့်တ
စစ်သားအမတ်အားလုံးဟာ ကာကွယ်ရေးဦးစီးချုပ် အမိန့်ပေးစီမံခန့်ခွဲမှု တစ်ခုတည်း အောက်မှာ ရှိရမှာပါ။
စစ်သားအမတ်တွေအပါအဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ အဖြစ်ခန့်အပ်ထားတဲ့ စစ်ဗိုလ်တွေကို ကာကွယ်ရေး ဦးစီးချုပ်က စိတ်ကြိုက်ချယ်လှယ်စီမံနိုင
ဒီအချက်တွေဟာ “ဒီလှိုင်းအာဘော်” မှာ ညွန်းထားတဲ့ လောလောဆယ်အားဖြင့် ပြင်ဆင်ရေးဆွဲရန် သို့မဟုတ် ဖြုတ်ပယ် အစားထိုးရန်လိုအပ်သော “အခြေခံဥပဒေ ပုဒ်မ ၁၂ ခု” ထဲက အချက်အမှတ် (၃၊ ၄၊ ၅၊ ၆၊ ၇၊ ၉၊ ၁၀) တို့နဲ့ အပြန်အလှန် ဆက်နွယ် နေတဲ့ အချက်တွေပဲဖြစ်ပါတယ်။
“အခြေခံဥပဒေ ပုဒ်မ ၁၂ ခု” ခုဆိုတာဟာ လောလောဆယ် ပြင်ဆင်အစားထိုးရန်သာဖြစ်ပြ
“ အမျိုးသားဒီမိုကရေစီအဖွဲ့ချ
ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲခြင်းသည် အလျော်ကန်ဆုံး၊ အသင့်မြတ်ဆုံးဖြစ်ပါတယ်။
သို့သော်လည်း ဤအရာကား “ဒီလှိုင်းအာဘော်”မျှသာဖြစ်သ
“ဒီချုပ်နဲ့ သော့ခလောက်ကြီး အာဘော်ဆောင်းပါး”တွင် ကျနော်တို့ မျက်စေ့လည်ခဲ့ရဖူးပြီ။
သို့အတွက် ဒီချုပ် ပြောတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်
ညွန်း
- “ဒီလှိုင်းစာစောင်” အတွဲ ၁၊ အမှတ် ၃၂၊ (၂၇ - ၈ - ၂၀၁၂)
- အမျိုးသားဒီမိုကရေစီအဖွဲ့ချ
- ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်တွင်းရှင်းလင်းချက်
- မြန်မာ့အလင်းသတင်းစာ (၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်) စာမျက်နှာ ၅ နှင့် ၆
- မြန်မာ့အလင်းသတင်းစာ (၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်) စာမျက်နှာ ၆
- မြန်မာ့အလင်းသတင်းစာ (၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက် ) စာမျက်နှာ ၆
admin | September 18, 2012 at 7:25 am | Categories: တူမောင်ညို, သူတို့အာဘော် | URL: http://wp.me/p2d6gG-79l

No comments:
Post a Comment