စင်္ကာပူနိုင်ငံကို
၎ ရက်ကြာ အလည်အပတ်ခရီး ရောက်ရှိနေတဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း
ဟာ စင်္ကာပူဝန်ကြီးချုပ် လီရှင်လွန်း၊ ယာယီသမ္မတ J Y Pillay တို့နဲ့ မနေ့က
တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
အဲဒီလို တွေ့ဆုံရာမှာ သူရဦးရွှေမန်းက မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်မှု တွေ၊ အထူးသဖြင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အတွင်း ပြည်ထောင်စုလွှတ်တော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြောင်း စင်္ကာပူအခြေစိုက် Channel News Asia သတင်းဌာနက ရေးသား ပါတယ်။

ဒြါ့ပင် လတ်တလော လွှတ်တော်မှာ ဆွေးနွေးနေတဲ့
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီးတော့လည်း
ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဟာ တနင်္လာနေ့ကလည်း စင်္ကာပူအစိုးရအဖွဲ့ ဂုဏ်ထူးဆောင်ဝန်ကြီး ဂိုချောက်ထောင်၊ စင်္ကာပူ
လွှတ်တော် ဥက္ကဋ္ဌ Michael Palmer တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ စတုတ္ထ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ
ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှု ပမာဏဟာ ၂ဝ၁၁ ခုနှစ်မှာ အမေရိကန်
ဒေါ်လာ သန်းပေါင်း ၁ ထောင့် ၃ ရာ ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထား ပါတယ်။

No comments:
Post a Comment