စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဗမာစစ်တပ်အချင်းချင်း အရက်မူးပြီး မှားယွင်းပစ်ခတ်မှုတွင် ၉ တန်းကျောင်းသူ မဂျာဆိုင်းအိန် အသက်ဆုံးရှုံးခဲ့ပါသည်။ မဂျာဆိုင်းအိန်မှာ အခင်းဖြစ်ပွားချိန်တွင် မှော်ဝှမ်း အထက်တန်းကျောင်းမှ နေအိမ်သို့ပြန်အလာတွင် ဗုံးသံကြား၍ မြောင်းထဲဝပ်နေချိန်တွင် အရက် အလွန်အကျွန်မူးနေသော ဗမာစစ်သားက နောက်ကျောမှနေ၍ ခါးတွင် အနီးကပ်ပစ်သတ်လိုက်သည်ဟု အခင်းဖြစ်
ပွားသည့်အနီးရှိ
ဆွေမျိုးတစ်ဦးက ပြောပြပါသည်။ သူမသည် ဗုံးဆန်ကြောင့် သေဆုံးခြင်းမဟုတ်ဘဲ
နောက်ကျောမှ အနီးကပ်ပစ်ခတ်ခဲ့သော ကျည်ဆန်ကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု
မိသားစုများက ပြောပြပါသည်။ ဖခင်ဖြစ်သူမှာ သမီးဖြစ်သူ ကျည်မှန်ထားသည်ကို သိ၍
စစ်ကြောင်းမှူးအား ဆေးရုံပို့ခွင့် တောင်းရာ စစ်ကြောင်းမှူးက ခွင့်မပြုဘဲ
ဖခင်အား ဗျူဟာကုန်းသို့ ခေါ်ဆောင်သွားကြောင်းရင်ထုမနာ
ပြောပြပါသည်။ တိုက်ပွဲပြီးနောက် မိခင်နှင့် ဆွေမျိုးများက
ဆေးရုံသို့ပို့သော်လည်း ၂ နာရီခွဲခန့် နောက်ကျသွားသဖြင့် ကျည်ဆန်အား
အချိန်မှီမထုတ်နိုင်ဘဲ သွေးလွန်၍ သေဆုံးခြင်းဖြစ်ကြောင်း မိသားစုများက
ရှင်းပြပါသည်။ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် လူမှုကူညီရေးအသင်းများ၊
ဘာသာရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိပုဂ္ဂိုလ်များက
လာရောက်အားပေးကာ ငွေကြေး ကူညီရန်လာကြပါသည်။ လူများစည်ကားနေ သည်ကို
ဗျူဟာကုန်းမှ သတင်းအမှောင်ချလိုသည့်အပြင် ၊
၎င်းတို့၏ အမှားကို လူအများမသိစေလိုသဖြင့် နေ့လည် ၁ နာရီကျော်ခန့်တွင်
စက်သေနတ်များဖြင့် ထို ဆွတ်ငိုင်ရန် ရွာသို့ ဦးတည်ပစ်ခတ်ခဲ့ပါသည်။
ရွာသားများကိုလည်း အချိန်မှီ ရွာမှ ထွက်ခွါရန် ခြိမ်းခြောက်လျှက်ရှိသဖြင့် လူအများအပြား ဖားကန့်ဖက်သို့ထွက်ပြေးတိမ်းရှောင်သွားသဖြင့် မိသားစုဝင်များမှာ ကျောင်းသူလေးကို သဂြိုလ်ရေးကိစ္စ အတွက်အလွန်ဒုက္ခရောက်လျှက်ရှိပါသည်။ ၀မ်းနည်းပူးဆွေးနေသည့် မိသားစုဝင်များကို ထပ်မံ၍ ဒုက္ခပေးနေသဖြင့် ဒေသခံများမှာ အလွန်စိတ်ဆိုးဒေါသထွက်လျှက် ရှိပါသည်။ ယခုအခါ ဖားကန့်ဒေသခံများမှာ ထိုဖြစ်ရပ်အတွက် ဗမာအစိုးရ မည်သို့ လိမ်လည် တင်ပြမည်ကို စောင့်ကြည့်လျှက်ရှိပါသည်။

No comments:
Post a Comment