Saturday 22 September 2012

အင်းလျားစောင်းက ငြိမ်းချမ်းရေးကျောက်တိုင်ငယ်




အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ရန်ကုန်၊ အင်းလျားကန်စောင်း၌ ကျောက်တိုင်စိုက်ထူ-Photo..The voice weekly
 ငြိမ်းချမ်းရေးကျောက်တိုင်ငယ်လေးကို တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်မှ ဖယ်ရှားပစ်ရပါသည် ဆိုတဲ့အာဏာပိုင်များရဲ့  တုန့် ပြန်မှုကို ကျွန်တော်တို့ အားလုံး ရလိုက်ပြီ ဆိုရင်ငြိမ်းချမ်းရေးအကြောင်း နောက်နောင် ပါးစပ်မဟကြတော့ဘဲ“စစ်ပွဲတွေကိုအလိုရှိသည်”ကန်ပိန်းသစ်တစ်မျိုးနဲ့ အစိုးရအကြိုက်နောက်တစ်နေ့  စောစောထလို့ ချီတက်လှည့်လည်ကြဖို့ ဘဲ ရှိပါတော့တယ်။နိုင်ငံသားတစ်ယောက်အနေနဲ့  ပါဝင်သင့်တယ်၊ တောင်းဆိုရမယ်၊ဆန္ဒပြရမယ် ဆိုတဲ့ အသိစိတ်ကြောင့် ဒီမနက်ခင်း လမ်းလျှောက် ဆန္ဒပြပွဲတစ်ခုမှာ ကျွန်တော် ပူးပေါင်းပါဝင်လိုက်ပါတယ်။ဘယ်သူတွေ ဦးဆောင်တယ် ဆိုတာ၊ ခွင့်ပြုမိန့်  ကျ မကျ ဆိုတာ စဉ်းစားနေရမှာထက် “ပြည်တွင်းစစ် ရပ်” “ထိုးစစ် ရပ်”“ငြိမ်းချမ်းရေး လိုလားသည်” ဆိုတဲ့ ဦးတည်ချက်ကြောင့် စီတန်းလှည့်လည်လာတဲ့ လူအုပ်ကြီး ရွှေဂုံတိုင်မီပွိုင့်အရောက်မှာ ကျွန်တော်လည်းရောနှောမိလျက်သား ဖြစ်သွားတဲ့အပြင် မိတ်ဆွေတစ်ယောက် ကိုင်ထားတဲ့ကြွေးကြော်သံဆိုင်းဘုတ်ကို ဆွဲယူပြီး ညနေစောင်း အင်းလျားကန်အထိမြောက်ပိုင်း ကချင်စစ်ပွဲရဲ့  နောက်ဆက်တွဲ ခြောက်ခြားဖွယ်အတိစစ်ပြေးဒုက္ခသည်တွေရဲ့  ဘ၀အခြေအနေကို မျက်စေ့ထဲ မြင်ယောင်ပြီး လမ်းလျှောက်လိုက်ပါမိတော့တယ်။

လမ်းဘေးတစ်ဘက်တစ်ချက်မှာ အုတ်အော်သောင်းနင်း ကြိုဆိုကြတဲ့ပြည်သူတွေကို တွေ့ ရတော့ ပြည်တွင်းစစ် ရပ်စဲဖို့ အရေးဟာ လူထုအားလုံးရဲ့ ရင်ထဲကဆန္ဒအစစ်အမှန်တွေဖြစ်တဲ့အကြောင်းနားလည်ခဲ့တယ်။အဖွဲ့ အစည်းအသီးသီးကမိတ်ဆွေရောင်းရင်းတွေကိုလည်းစီတန်းလှည့်လည်တဲ့အထဲ တွေ့ ဆုံရတဲ့အပြင် အခြားပူးပေါင်းပါဝင်လာကြတဲ့ပြည်သူတွေကိုလည်း အားတက်ဖွယ်မြင်ခဲ့ရပါတယ်။ ခန္ဓာကိုယ်တစ်နေရာမှာဒဏ်ရာဖြစ်နေတာနဲ့ တစ်ကိုယ်လုံးနေထိုင်မကောင်းဖြစ်ရသလို နိုင်ငံတ၀န်းပြည်သူအများစုကြရဲ့ ဆင်းရဲဒုက္ခဟာ မြန်မာပြည် ပြည်တွင်းစစ်ကာလရှည်ကြီးရဲ့ ရိုက်ခတ်မှု အနည်းနဲ့ အများ ပါဝင်ဆက်စပ်နေတယ် လို့  သူတို့ ယုံကြည်ကြလို့  စစ်ပွဲရပ်ရေးကို ဆာလောင်မွတ်သိပ်နေကြပုံပါဘဲ။

အင်းလျားကန်စောင်းမှာ ညနေ ၄ နာရီ ငြိမ်းချမ်းရေးအခမ်းအနား အစီအစဉ်တစ်ခုပြီးတစ်ခု စနစ်တကျ ပြုလုပ်သွားတဲ့အချိန်မှာ လာရောက်နေရာယူစောင့်ကြည့်နေကြတဲ့ ရပ်တပ်ဖွဲ့ ဝင်တွေအပြင် စည်ပင်သာယာဝတ်စုံ ၀တ်ထားတဲ့ မြို့ တော်စည်ပင်ဝန်ထမ်းတွေကို တွေ့ ရတော့ ထူးခြားတယ် လို့ ကျွန်တော့်စိတ်ထဲ တွေးနေမိတယ်။ ငြိမ်းချမ်းရေးကျောက်တိုင်ငယ် စိုက်ထူခြင်းအစီအစဉ် လုပ်ပြီးတဲ့အခါ ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ မှ ဦးဆောင်သူတစ်ဦးက အောက်ခြေ တစ်ပေခွဲပတ်လည်၊ အမြင့် သုံးပေကျော်ခန့် ရှိတဲ့ ကျောက်တိုင်ကိုစိုက်ထူခြင်းအတွက် အင်းလျားကန်စောင်းမှာ ရှိနေကြတဲ့ ငြိမ်းချမ်းရေးပွဲတက်ရောက်ဆင်နွှဲကြသူများရဲ့ ဆန္ဒသဘာထား ရာနှုန်းပြည့်တူညီမှုနဲ့ ဒီ ကျောက်တိုင်ကို စိုက်ထူရခြင်း ဖြစ်တဲ့အကြောင်း၊ ဒီ ကျောက်တိုင်ဟာငြိမ်းချမ်းရေးလိုလားသူများရဲ့  ဒီမိုကရေစီနည်းကျကျ ဆန္ဒခံယူပြီးမှစိုက်ထူရတာ ဖြစ်ကြောင်း၊ အခု စိုက်ထူခဲ့တဲ့ ကျောက်တိုင်ကို ပြန်ဖျက်ဆီးသူဒီနေရာကနေ ဖျောက်ဖျက်ပစ်ဖို့  ခိုင်းစေသူဟာ ငြိမ်းချမ်းရေး မလိုလားသူ လို့ သတ်မှတ်ရမှာ ဖြစ်ကြောင်းကို ဟန်းစပီကာ လက်ကကိုင်ပြီး ပရိသတ်ကိုအသိပေးပြောကြားသွားတာ ကြားမိပါတယ်။ ငြိမ်းချမ်းရေးကျောက်တိုင်ငယ် စိုက်ထူတဲ့အစီအစဉ်အပြီးမှာ ကျွန်တော်အိမ်ပြန်ခဲ့ပါတယ်။ အိမ်အပြန်လမ်းမှာကမ္ဘာ့ ငြိမ်းချမ်းရေးနေ့  အထိမ်းအမှတ်အဖြစ်ကျင်းပတဲ့ ရန်ကုန်မြို့ ခံ ပြည်သူလူထုဆန္ဒ သဘောထားယူပြီး ခြိမ့်ခြိမ့်သဲအောင်မြင်စွာ ကျင်းပခဲ့ကြတဲ့ အင်းလျားကန်စောင်းက ငြိမ်းချမ်းရေးကျောက်တိုင်ငယ်ရဲ့  သက်တမ်းဟာ မနက်ဖြန် ခပ်စောစောအထိတောင် သက်ဆိုးရှည်ပါ့မလား လို့ တွေးပူနေမိတယ်။

တရားဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘဲ အများပြည်သူပိုင် နယ်မြေမှာ ငါတကောကော စိုက်ထူထားတဲ့စည်းမဲ့ကမ်းမဲ့ကျောက်တိုင် လို့  အမိန့် ထုတ် ကြေညာမောင်းခတ်ပြီးတရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်မှ ဖယ်ရှားပစ်ရပါသည် ဆိုတဲ့အာဏာပိုင်များရဲ့  တုန့် ပြန်မှုကို ကျွန်တော်တို့ အားလုံး ရလိုက်ပြီ ဆိုရင်ငြိမ်းချမ်းရေးအကြောင်း နောက်နောင် ပါးစပ်မဟကြတော့ဘဲ“စစ်ပွဲတွေကို အလိုရှိသည်” ကန်ပိန်းသစ်တစ်မျိုးနဲ့  အစိုးရအကြိုက်နောက်တစ်နေ့  စောစောထလို့ ချီတက်လှည့်လည်ကြဖို့ ဘဲ ရှိပါတော့တယ်။

aung myo tun

No comments:

Post a Comment