Thursday, 27 September 2012

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လွှတ်တော်အမတ်အချို့ သြစတြေးလျနှင့် စင်ကာပူသို့ သွားရောက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမတ်အချို့ သြစတြေးလျနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
၎င်းတို့၏ ခရီးစဉ်ကို စက်တင်ဘာလ ၁၇ ရက်နေ့က စတင်ခဲ့ပြီး စက်တင်ဘာလ ၂၆ ရက်အထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။
သူရဦးရွှေမန်းသည် သြစတြေးလျနိုင်ငံ၏ ဆီးနိတ်ဥက္ကဋ္ဌနှင့် စင်ကာပူနိုင်ငံ၏ လွှတ်တော်ဥက္ကဋ္ဌ မိုက်ကယ်ပါလ်မာ၏ ဖိတ်ကြားချက်အရ သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် သြစတြေးလျနိုင်ငံ ခရီးစဉ်တွင် သြစတြေးလျပါလီမန် အလုပ်လုပ်ပုံနှင့် ပါလီမန်ကော်မတီများ၏ အလုပ်လုပ်ပုံအကြောင်းကို လေ့လာရန်ကင်ဘာရာမြို့သို့ သွားရောက်ခဲ့ကြောင်းလည်း သိရသည်။
စင်ကာပူနိုင်ငံ ခရီးစဉ်တွင် စင်ကာပူနိုင်ငံ၏ ၀ါရင့်ဝန်ကြီး ဂိုချောက်ထောင်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေခဲ့ကြောင်း Channel News Asia ၏ ဖော်ပြချက်အရ သိရသည်။
သူရဦးရွှေမန်းနှင့်အတူ လွှတ်တော်အမတ်ငါးဦးနှင့် အစိုးရအရာရှိများ၊ စီးပွားရေးကိုယ်စားလှယ်အချို့လည်း လိုက်ပါခဲ့ကြောင်း သိရသည်။
ခရီးစဉ်အတွင်းတွင် စင်ကာပူနိုင်ငံ၏  ၀န်ကြီးချုပ် လီရှန်လွန်းတို့နှင့်လည်း တွေ့ဆုံခဲ့သလို စင်ကာပူနိုင်ငံ၏ လွှတ်တော်သို့လည်း သွားရောက်ခဲ့ကြောင်း သိရသည်။
စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံနှင့် စတုတ္ထမြောက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ယမန်နှစ်က နှစ်နိုင်ငံကုန်သွယ်မှုမှာ ၁ ဒသမ ၆ ဘီလျံဒေါ်လာ ရှိသည်။
Thursday, 27 September 2012 01:39 

No comments:

Post a Comment