Monday, 27 August 2012

ဗမာပြည်မှာ ဂျပန် က Yamaha ကုမ္ပဏီ ဖွင့်လှစ်



ဂျပန်နိုင်ငံ Yamaha Motor Company က ထုတ်လုပ်တဲ့  မော်တော် ဆိုင်ကယ်တွေ ကို မြန်မာနိုင်ငံမှာ ရောင်းချဖို့  Yamaha ကုမ္ပဏီ ဖွင့်လှစ်မယ်လို့  မနေ့ က ကြေငြာပါတယ်။

မြန်မာနိုင်ငံမှာ Yamaha Motor Company သစ်တခု ဖွင့်လှစ်ရေး
ဆောင်ရွက်မဲ့  ကိုယ်စားလှယ် ရုံးခန်း တခု အရင် ဖွင့် ဖို့ အတွက် သက်ဆိုင်ရာ မြန်မာအစိုးရ အာဏာပိုင်တွေထံမှာ လျှောက်ထားမယ်လို့  ဆိုပါတယ်။

ပြီးခဲ့ တဲ့ အောက်တိုဘာလက စပြီး ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ရှိတဲ့  Yamaha စက်ရုံတွေက ထုတ်တဲ့  စကူတာဆိုင်ကယ်တွေကို မြန်မာနိုင်ငံမှာ စတင်ရောင်းချခဲ့ တာပါ။ ယာမဟာ ဆိုင်ကယ်တွေ ကိုလဲ
မြန်မာနိုင်ငံဈေးကွက်မှာ လူကြိုက်များမယ်လို့  ယုံကြည်တဲ့ အတွက်
မြန်မာနိုင်ငံ မှာ ယာမဟာ အမှတ် တံဆိပ်ကို ပိုပြီး သိလာအောင် တိုက်ရိုက် ကုမ္ပဏီခွဲ ဖွင့်ပြီး ရောင်းချမှာဖြစ်တယ်လို့  ဆိုပါတယ်။

ဒါကြောင့် ဂျပန် ဆိုင်ကယ်ကုမ္ပဏီတွေထဲမှာ ယာမာဟာ ကုမ္ပဏီဟာ မြန်မာ
နိုင်ငံကို ပထမဦးဆုံး တိုက်ရိုက် ရောင်းချမဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ယာမာဟာ ကုမ္ပဏီထုတ် ဆိုင်ကယ်တွေကို လာမဲ့  ၂၀၁၅ ခုနှစ် အထိ တကမ္ဘာလုံးမှာ ဆိုင်ကယ် စီးရေ အနည်းဆုံး ၁၀ သန်း ရောင်းချဖို့ 
ရည်မှန်းထားရာမှာ ဖွံ့ ဖြိုးစ နိုင်ငံတွေကို အဓိကဈေးကွက်အဖြစ် သတ်မှတ် ထား ပါတယ် ။

No comments:

Post a Comment