Thursday 23 August 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် NESAC အဖွဲ့ဝင်များနှင့်တွေ့ ဆုံဆွေးနွေး

နိုင်ငံတော်သမ္မတဦးသိန်းစိန် NESAC အဖွဲ့ဝင်များနှင့်တွေ့ ဆုံဆွေးနွေး
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့(သြဂုတ် ၂၁) နံနက်(၉) နာရီတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် စက်မှုလယ်ယာစနစ် တောင်သူပညာပေး ဧက (၅၀၀) စိုက်ခင်းရှိ အစည်းအဝေး ခန်းမ၌ အမျိုးသား စီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ (National Economic and Social Advisory Council - NESAC ) အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးသည်။ ယင်းသို့တွေ့ဆုံဆွေးနွေးရာ၌ လယ်ယာကဏ္ဍတွင် အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲမည့် ကိစ္စရပ်များ၊ ဝန်ကြီးဌာနများ၏ ဝန်ထမ်းရေးရာဆိုင်ရာ အထောက်အကူပြု လုပ်ငန်းစဉ်များနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးညှိုနှိုင်း ကြသည်။

No comments:

Post a Comment