Thursday 23 August 2012

“ဆန္ဒဖော်ထုတ်ပွဲအကြို အင်္ကျီမိတ်ဆက်ပွဲကျင်းပ”

“ဆန္ဒဖော်ထုတ်ပွဲအကြို အင်္ကျီမိတ်ဆက်ပွဲကျင်းပ” Thursday, August 23, 2012 အိမ့်သံစဉ်
သတင်း-ဓာတ်ပုံ (ဦးဝိရသူ) ရခိုင်အရေးအခင်းနှင့် ပတ်သက်ပြီး သမ္မတကြီးရဲ့ ရပ်တည်ချက်ကို ထောက်ခံပြီး မစ္စတာကင်တားနားရဲ့ ဘက်လိုက်မှုကို ကန့်ကွက်သည့် အနေဖြင့် ဆန္ဒထုတ်ဖော်ပွဲ မကျင်းပမီ သမ္မတကြီးဦးသိန်းစိန်နှင့် မစ္စတာ ကင်တားနား ရုပ်ပုံပါ အင်္ကျီများကို ဖြန့်ချီ မိတ်ဆက်ပွဲကို (၂၂-၈-၂၀၁၂) ညနေ (၄း၃၀)နာရီမှာ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အင်္ကျီမိတ်ဆက်ပွဲသို့ စာနယ်ဇင်းသမားများ၊ ရုပ်သံသတင်းဌာနများ၊ ပရဟိတအဖွဲ့အစည်းများ၊ ရဟန်းရှင်လူ ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြပါတယ်။
ရှေးဦးစွာ ဆရာတော်အရှင်ဝီရသူက အင်္ကျီမှဓာတ်ပုံများကို ရှင်းပြပြီး၊ အခုလို အင်္ကျီလှုပ်ရှားမှု ပြုလုပ်ရခြင်း အကြောင်းများကို ပြောပြပြီး၊ စာနယ်ဇင်းသမားများရဲ့ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
အင်္ကျီတစ်ထည်ကို (၁၅၀၀)ကျပ်ဖြင့် ဖြန့်ချီမှာ ဖြစ်ပြီး၊ မန္တလေး၊ ရန်ကုန်မြို့ကြီးများအပြင် ကျောက်ဆည်၊ တောင်တွင်းကြီး၊ မူဆယ်၊ မအူပင်စသော မြို့များမှ ကိုယ်စလှယ်များက အသီးအသီး ရောင်းချပေးမှာ ဖြစ်ပြီး၊ ယနေ့ အင်္ကျီတစ်ထောင်ဖြန့်ချီရာမှ အင်္ကျီအနည်းအငယ်သာ ကျန်တော့ကြောင်း သိရပါတယ်။
အင်္ကျီကို ငွေကြေးနှင့် ဖြန့်ချီရခြင်း အကြောင်းကို အရှင်ဝီရသူက ပြောပြရာမှ-အလကားရလို့ ဝတ်တာကို ထောက်ခံတယ်လို့ ဘယ်ပြောလို့ရမလဲ-ဆိုတဲ့ ကွန်ပလိန်းတက်မှုကို မလိုလားလို့ အလွှာအားလုံး သက်သက် သာသာနှင့် ဝတ်ဆင်ခွင့်ရအောင် စီစဉ်ပေးထားတာလို့ ဆိုပါတယ်။
နေ့စဉ် ရောင်းရသည့် အင်္ကျီအရေအတွက်ကို ကုလသမဂ္ဂသို့ အီမေးလ်ပို့မှာ ဖြစ်ပြီး၊ အင်္ကျီများဝတ်ပြီး ဆန္ဒဖော်ထုတ်ပွဲများကိုလည်း တရားဝင်စာတင်ပြီး ကျင်းပသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။ အင်္ကျီကမ်ပိန်း လုပ်ရခြင်း၏ ရည်ရွယ်ချက်များကို အရှင်ဝီရသူက အခုလို ရှင်းပြခဲ့ပါတယ်။ (က) ရိုဟင်ဂျာတွေဟာ တိုင်းရင်းသားမဟုတ်ကြောင်း ကမ္ဘာကြီးကို ပြောပြချင်တယ်။ (ခ) ခိုးဝင်ဘင်္ဂါလီတို့ အကြမ်ဖတ်မှုကို ရှုတ်ချကြောင်း ကမ္ဘာကြီး သိစေလိုသောကြောင့်ရယ်။ (ဂ) ရခိုင်ပြည်သူနှင့် ရခိုင်တံခါးလုံးဝ လုံခြုံမှုရှိစေဖို့ရယ်၊ ဒီရည်ရွယ်ချက်တွေနှင့် အင်္ကျီမိတ်ဆက်ပွဲကျင်းပတာလို့ အရှင်ဝီရသူက ဆိုပါတယ်။
အင်္ကျီရောင်းရငွေများကို ရခိုင်ပြည်သူများအား လှူဒါန်းသွားမှာဖြစ်ကြောင်း သိရပါတယ်။

No comments:

Post a Comment