Sunday 26 August 2012

"မဟာစည်ဆရာတော်ကြီးနဲ့ နတ်မင်းကြီးတရားဆွေးနွေးခမ်း"


 


"မဟာစည်ဆရာတော်ကြီးနဲ့ နတ်မင်းကြီးတရားဆွေးနွေးခမ်း" ကို ပြန်လည်ဖြန့်ချီလိုက်ပါတယ်။ ၁၉၅၁ လောက်မှာဖြစ်ခဲ့တဲ့ တကယ့်ဖြစ်ရပ်ပါ။ နတ်သဘင်စီရင်ပြီး ဆရာတော်ကြီးကို နတ်သူနတ်သားတွေက ကြည်ညိုလွန်းလို့ လူ့ပြည်က တရားမင်းဆိုပြီး နတ်ပြည်ကနေလှမ်းပြီး ပူဇော်တာ အပြန်အလှန် မေးခွန်းအဖြေတွေပါတဲ့ စကားပြောခမ်း အသံကို ဖေ့စ်ဘွက်ပေါ်မှာ တင်ထားပေးလိုက်ပါတယ်။

ရန်ကုန် မဟာစည် တရားစခမ်းမှာ ဝိပဿနာ တရားလာထိုင်နေတဲ့ ပုသိမ်က သီလစင်ကြယ်တဲ့ ရသေ့အမျိုးသမီးကို နတ်ပြည်က နတ်တွေက သီလဖြူစင်သူအဖြစ် ရွေးချယ်ပူးကပ်ပြီး ဆရာတော်ဘုရားနဲ့တရားဆွေးနွေးလိုတယ်ဆိုပြီး ပါဠိလိုပြောပြီး တောင်းဆိုလာတယ်တဲ့။ ဆရာတော်ကြီးက ပထမ နှုတ်ဆိတ်နေပါတယ်တဲ့။ နောက်တော့ ဆရာတော်ကြီးရဲ့ ခွင့်ပြုချက်နဲ့ နတ်ပြည်က နတ်တွေနဲ့ ဆွေးနွေးဖို့ အချိန်းအချက် ရက်ပေးပြီး ဆရာတော်ကြီးနဲ့ ဘာသာရေးတရားတွေ အပြန်အလှန် မေးခွန်းတွေ အဖြေတွေ ကို ပါဠိလိုပြောခဲ့ကြတာပါတဲ့။ ဒီလိုထူးခြားမှူရှိတဲ့ လူနဲ့နတ် တရားပွဲ ပူဇော်ပွဲ အချိန်းအချက်ကို ဆရာတော်ကြီးတွေ လူတွေပါတက်ရောက်ခဲ့ကြပါသတဲ့။

နိုင်ငံတော်ဝန်ကြီးချုပ် နဲ့ သာသနာရေးဝန်ကြီးကိုပါ ကြိုတင်အကြောင်းကြားထားခဲ့ တယ်တဲ့။ နောက်တော့ ဒီကားပြောခွေထဲက စကားဆက်သွယ်မှု အားလုံးဟာ ပါဠိဘာသာကို သုံးစွဲတာမို့ ဆရာတော်ဘုရားတစ်ပါးကို ပါဠိလိုကနေ မြန်မာ လိုဘာသာပြန်စေပါတယ်။ ပြီးတော့ ဒီ ပါဠိမြန်မာ ဘာသာပြန်ပြီးသား အသံတွေကို မှတ်တမ်းအဖြစ်အသံသွင်းခဲ့ကြပါတယ်။ ဒီ အသံခွေကို ဝန်ကြီးချုပ် ဦးနုက ဗုဒ္ဓဘာသာတွေအားလုံးနားထောင်ရရင် အကျိုးရှိအောင် မြန်မာ့အသံကနေ ထုတ်လွှင့်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါကို သတင်းစာဆရာ တဦးကသိသွားပြီး "လူနဲ့နတ် စကားပြောတယ်ဆိုတာ မဖြစ်နိုင်ဘူး ယုံတမ်းစကားပါလို့" သတင်းစာတစ်ခုကနေ ဝေဖန်တော့ ဆရာတော်ကြီးက ဦးနုကို မြန်မာ့အသံကနေ ထုတ်လွှင့်ဖို့ကို အပြီးတားမြစ်လိုက်ပါတယ်တဲ့။

ဘာဖြစ်လို့လည်းဆိုတော့ အကျိုးရှိတဲ့သူရှိသလို မရှိတဲ့လူတွေလည်းရှိနိုင်တာမို့ ဆရာတော်ကြီးက အကျိုးမဲ့ မဲ့ လူတွေအတွက် မလိုလားဘူးတဲ့ ဒါနဲ့ပဲ ဒီ ပါဠိလိုပြောကြတာကို မြန်မာဘာသာပြန် ဆရာတော်ရဲ့အားထုတ်မှုဟာတခန်းရပ်နေခဲ့ရပြန်ပါတယ်။ မဟာစည်ဆရာတော်က သံသယရှိသူတွေ နားထောင်မိရင် ဝေဖန်မိရင် အကျိုးမဲ့မှာကိုအတော်စိုးရိမ်တယ်လို့ဆိုပါတယ်။ အခုလည်းပဲ ဒီလိုပါပဲ ယုံကြည်သူတွေ ကိုသာ နားထောင်ဖို့အတွက်ကို ရည်ရွယ်ပြီး ဓမ္မဒါနအနေနဲ့ တဆင့်ပြန်ဖြန့်ဝေပေးတာပါ။ "မဟာစည်ဆရာတော်ကြီးနဲ့ နတ်မင်းကြီးတရားဆွေးနွေးခမ်း" အသံဖိုင်ကို အောက်ပါလင့်ခ် မှာ နားထောင်နိုင်ပါတယ်။ ကူးယူချင်ရင်လည်း ကူးယူနိုင်ပါတယ်။

http://www21.adrive.com/filemanager/downloadfile/62743003
Zaw Win's Photos
ရင်ထဲငြိလာသော ဓါတ်ပုံများ
By: Zaw Win

No comments:

Post a Comment