Wednesday, 22 August 2012

မီဒီယာ သောက်တလွဲ

မိတ်ဆွေတစ်ယောက်ဆီက ကြားခဲ့ရတယ်။ စိတ်ပျက်၊ လက်ပျက်နဲ့ ဂျာနယ်တစ်စောင် ထုတ်ပြတယ်။ N0: 2, Vol. 1 , August 21 ..MEDIA ONE...ဆိုတဲ့ အသစ်စက်စက် တစ်ခါမှ မကြားဘူးတဲ့ ဂျာနယ်လေးပေါ့။ စာမျက်နှာ ၉. ကိုသူကပြတယ်။ အယ်ဒီတာအဖွဲ့က ရေးထားတဲ့ "ဟိုတယ်ကြီးများ အခန်းလွတ်နည်းပါးနေခြင်းကြောင့် ခရီးသွားလုပ်ငန်းများ အခက်အခဲကြုံ"...ဆိုတဲ့ ဆောင်းပါးမှာ သူတို့ရဲ့အမြင် ဆိုပြီး ဓာတ်ပုံတွေနဲ့ ရေးထားတယ်။ ဦးဖြိုးကိုကိုတင့်ဆ
န်း(ACE ဟိုတယ် ပိုင်ရှင်) ။ ဦးနေ၀င်း (Yangon View ဟိုတယ် ပိုင်ရှင်) ။ ဦးရွှေနု (ပြင်သစ် ဧည့်လမ်းညွှန်)..ဆိုပြီး ဓာတ်ပုံနဲ့တကွ သူတို့အမြင်ဆိုတာတွေပါ ရေးထားပါတယ်။ အဓိက ပြောချင်တာက ဧည့်လမ်းညွှန် ဆိုပြီး တင်ထားတဲ့ ဓာတ်ပုံက ကျွန်တော့်မိတ်ဆွေ ဖေ့စ်ဘုတ် ပရိုဖိုင်မှာ တင်ထားတဲ့ပုံ၊ ပြီးတော့ သူ့နာမည်ကလည်း ဦးရွှေနု( တစ်ခြားစာပိုဒ် ခေါင်းစဉ်တွင်မူ ဦးရွှေမိုး ဟုရေးထား) မဟုတ်ဘူးဗျ၊ ပြီးတော့ သူကလည်း မန္တလေးက တစ်ခြားလုပ်ငန်းရှင် တစ်ယောက်ပါ။ သိတဲ့သူတွေ၊ မသိတဲ့သူတွေ မလိုအပ်တဲ့ အထင်အမြင်တွေ မလွဲရအောင် ရင်ဖွင့်တာပါ။ အယ်ဒီတာအဖွဲ့ကို ဖုန်းဆက်ဖို့တော့ အကြံပေးလိုက်တယ်။ ပြောချင်တာက တကယ်လည်းတွေ့မမေး၊ တွေ့ရာဓာတ်ပုံဆွဲထည့်ပြီး ထင်ရာလုပ်နေလို့ ဖြစ်မဖြစ်။ မတော်ဗျာ တစ်ခြားအထင်မြင်လွဲစရာ ကိစ္စတွေဆို ဘယ်လိုရှင်းကြမလဲ။ ပြည်သူတွေအတွက် စတုတ္ထ မဏ္ဍိုင်အဖြစ် ဘယ်လိုအားကိုးရတော့မှာလည်း။ ပြည်သူတွေရဲ့ ပိုက်ဆံကို အလွယ်ပဲယူနေကြရင် မှန်မှန်ကန်ကန် မီဒီယာတွေအတွက် ဘယ်လောက်နစ်နာမလဲဗျာ။ အွန်လိုင်းကပုံတွေ အလွယ်တကူယူပြီး ဒီလိုလုပ်နေရင် မှန်မှန်ကန်ကန်ပြည်သူတွေရဲ့ဘ၀ ဘယ်လိုလုပ် လုံခြုံတော့မှာလဲဗျာ။ နီးစပ်ရာ မီဒီယာလောကကလူတွေကပါ ၀ိုင်းဝန်းအဖြေရှာပေးကြပါဦး။ တစ်လှေလုံးမပုတ်ဖို့က ခင်ဗျားတို့၊ကျွန်တော်တို့ တာဝန်မဟုတ်ပေလားခင်ဗျာ...။ မိတ်ဆွေရဲ့ ပရိုဖိုင်လင့်ပါထည့်ပေးလိုက်ပါတယ်။https://www.facebook.com/smhlaing.ziwa?ref=ts

No comments:

Post a Comment