by ကိုဝိုင် ဝိုင်ကေ on Tuesday, August 14, 2012 at 4:53am ·
တန်ဖိုး ။
---------
မျက်စိ မှုန်လို့ စာဖတ်မရတဲ့သူကို
ကြေး ကြီးကြီး နဲ့ဝယ်ပေးရတဲ့
နေကာ မျက်မှန် မည်းမည်းကြီး တစ်လက်
လက်ဆောင်ပေးသလိုပါပဲ .....။
တန်ဖိုးဆိုတာ အသုံးဝင်မှုနဲ့ သက်ဆိုင်တယ်...။
ကျော်ကြားအောင် လုပ်လို့ ရမယ်.....
တန်ဖိုး ရှိဖို့က အသုံးဝင်မှ ဖြစ်မယ်...။
အသံ ကျယ်တိုင်း တေးတစ်ပုဒ် မဖြစ်ပါဘူး ။
မင်းရော ငါရော
မသေသ၍ တည်ဆောက်နေရဦးမှာပဲ ။
ဒီအချိန်မှာ ပြီးပြည့်စုံပြီလို့ ထင်နေသ၍
မင်းရော ငါရော
အမှန်တရားကို ဝေးနေကြဦးမှာပဲ...။
ကဲ.. ကိုယ်လူ့ရေ
ဆက်....ရုန်းလိုက်ကြဦး..စို့...။
(ကဗျာ မဟုတ်ပါ )
ကိုဝိုင်ဝိုင်ကေ
၁၄-၈-၁၂
နံနက်(၂း၂၈)
---------
မျက်စိ မှုန်လို့ စာဖတ်မရတဲ့သူကို
ကြေး ကြီးကြီး နဲ့ဝယ်ပေးရတဲ့
နေကာ မျက်မှန် မည်းမည်းကြီး တစ်လက်
လက်ဆောင်ပေးသလိုပါပဲ .....။
တန်ဖိုးဆိုတာ အသုံးဝင်မှုနဲ့ သက်ဆိုင်တယ်...။
ကျော်ကြားအောင် လုပ်လို့ ရမယ်.....
တန်ဖိုး ရှိဖို့က အသုံးဝင်မှ ဖြစ်မယ်...။
အသံ ကျယ်တိုင်း တေးတစ်ပုဒ် မဖြစ်ပါဘူး ။
မင်းရော ငါရော
မသေသ၍ တည်ဆောက်နေရဦးမှာပဲ ။
ဒီအချိန်မှာ ပြီးပြည့်စုံပြီလို့ ထင်နေသ၍
မင်းရော ငါရော
အမှန်တရားကို ဝေးနေကြဦးမှာပဲ...။
ကဲ.. ကိုယ်လူ့ရေ
ဆက်....ရုန်းလိုက်ကြဦး..စို့...။
(ကဗျာ မဟုတ်ပါ )
ကိုဝိုင်ဝိုင်ကေ
၁၄-၈-၁၂
နံနက်(၂း၂၈)

No comments:
Post a Comment