RFA Burmese's status.
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း ရေကြီးမှုကြောင့် ဒီကနေ့အထိ
ကျေးရွာပေါင်း ၄၀၀ နီးပါး ရေနစ်မြုပ်နေတာ (၁၂)ရက်လောက်ရှိသွားပြီဖြစ်ပေမယ့်
ဘယ်အဖွဲ့အစည်းကမှ လာရောက်ကူညီမှု မရှိသေးဖူးလို့သိရပါတယ်။ အစားအသောက်နဲ့
ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့
ဒေသခံပြည်သူတစ်ဦးက RFAကို ပြောပါတယ်။
သာပေါင်းမြို့နယ်အတွင်း လွန်ခဲ့တဲ့ ၂၀၀၄ခုနှစ်ကတုန်းကလည

်း ဆိုးဆိုးဝါးဝါး ရေနစ်မြုပ်တာမျိုးကြုံတွေ့ခဲ့ ရပေမယ့် အခုနှစ်လောက် စားရေးသောက်ရေးအခက်အခဲမကြုံခဲ့ရ ဘူးလို့
တောင်သူတွေက ပြောပါတယ်။ လယ်ယာမြေဧက (၅၀၀၀)ကျော်ပါ ရေလွှမ်းမိုးခံရတာကြောင့်
စိုက်ပျိုးထားတဲ့စပါးခင်းတွေ ပျက်ဆီးသွားပြီလို့ တောင်သူတွေက ပြောပါတယ်။
အလားတူဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာလည်း ရေဘေးကြုံတွေ့နေရပြီး လေပြင်းဒဏ်ကြောင့် နေအိမ်တွေပြိုလဲမှုရှိခဲ့သလို မြွေဆိုးအန္တရာယ်တွေ နဲ့လည်း ကြုံတွေ့နေရတယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။
ဒီအတောအတွင်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အတ္ထရံမြစ်ရေလျှံတက်မှုကြောင့် နိဒုံကျေးရွာမှာ စိုက်ပျိုးထားတဲ့ လယ်မြေဧက (၁)ထောင်လောက် ရေအောက်မှာ နစ်မြှုပ်နေတာ သီတင်းနှစ်ပတ်ရှိသွားပြီလို့ သိရပါတယ်။ လယ်ကွင်းပြင်တွေမှာ အမြင့် (၅)ပေလောက် ရေလွှမ်းမိုးနေပြီး၊ လာမယ့် သီတင်းပတ် အတွင်း ရေပြန်မကျရင် စပါးပင်တွေအားလုံး ပျက်စီးကုန်မှာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

No comments:
Post a Comment