RFA Burmese's photo.
ပုသိမ်မြို့နယ်အတွင်း မိုင်တိုင်အမှတ်၂၁နဲ့ ၁၇ အကြားရှိ ဒါးကနဲ့ ကြိုးကြာကွင်းအကြားမှာ ကားလမ်းပေါ်ရေလျှံ နေတာဖြစ်ပြီး ယာဉ်များ သွားလာပါက အန္တရာယ်ရှိနိုင်တဲ့အတွက် ယခုလိုညပိုင်းယာဉ်သွားလာမှုကို တားမြစ်လိုက်တာဖြစ်ကြောင်း
တိုင်းဆောက်လုပ်ရေးဌာနက သတင်းထုတ်ပြန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ကားလမ်းရေကျော်နေမှုကြောင့် အဝေးပြေးကားလိုင်းတချို့က ပုံမှန်ကားပြေးဆွဲတဲ့ခရီးစဉ်တွေကိုရပ်ဆိုင်းထားပြီး တချို့ကားလိုင်းတွေ ကတော့ ပြေးဆွဲတဲ့ခရီးစဉ်အရည်အတွက်ကိုလျော့ချထားပါတယ်။
အဝေးပြေးဌာနအနေနဲ့တော့ အဝေးပြေးခရီးစဉ်တွေကိုရပ်ဆိုင်းဖို့တရားဝင် အမိန့်ထုတ်ထားတာမရှိပါဘူးလို့ မော်တော်ယဉ်လိုင်းပေါင်းစုံ/ အဝေးပြေးဌာန လက်ထောက်ဌာနမှုးဦးမျိုးဝင်းက RFA ကိုပြောပါတယ်။
ပုသိမ်ဖက်မှာကားမရှိတဲ့လိုင်းတွေနဲ့ ရန်ကုန်ဖက်မှာကားမရှိတဲ့လိုင်းတွေက ခရီးစဉ်တွေရပ်ဆိုင်းထားရပါတယ်။ တချို့ကားလိုင်းတွေ ကတော့ ကားပျက်စီးမှာစိုးတာရော၊ အန္တရာယ်ဖြစ်မှာစိုးတာရောကြောင့် ခရီးစဉ်တွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ခေတ္တရပ်နားထားပါတယ်။
ပုသိမ်၊ရန်ကုန်ကားလမ်းရေကျော်နေမှုကြောင့် ခရီးသည်တင်ကားအသွားအလာလုံးဝပြတ်တောက်သွားခြင်းမရှိပေမယ့် ညဖက်ခရီးစဉ်တွေ မရှိတော့တာ၊ နေ့ခရီးစဉ်ပြေးဆွဲနေတဲ့ကားအစီးရေနဲ့ အခေါက်ရေတွေလျော့သွားတာ၊ သတ်မှတ်ထားတဲ့အချိန်ထက်နာရီများစွာနောက် ကျပြီးမှ ရန်ကုန်နဲ့ပုသိမ်ဂိတ်တွေကိုဝင်တာမျိုးအခက်အခဲတွေကိုတော့ ခရီးသည်တွေရင်ဆိုင်နေရပါတယ်။
( ဓာတ်ပုံ ပုသိမ်မြို့ တော်ခန်းမ ။ မြို့ တော်ပုသိမ်သတင်းစဉ် )

No comments:
Post a Comment