Thursday, 9 August 2012

“ပြောင်းရွှေ့နေထိုင်မှု ဆိုင်ရာ မူဝါဒ ချမှတ် ဆောင်ရွက်ရေး” အဆို


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေး နဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဟာ ဒီကနေ့ ဆွေးနွေးပွဲ ပြုလုပ်ပြီး ကော်မတီ အဖွဲ့ဝင်တွေကို တာဝန် ခွဲဝေပေးအပ်ခဲ့ပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဟင်္သာတ မဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး တင်သွင်းတဲ့- နိုင်ငံရပ်ခြားရောက် မြန်မာ နိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် ဘဝ အာမ,ခံချက် လုံခြုံမှု ရရှိစေမယ့် Migration Policy ခေါ် ၂၂ ဦးက ဆွေးနွေး“ပြောင်းရွှေ့နေထိုင်မှု ဆိုင်ရာ မူဝါဒ ချမှတ် ဆောင်ရွက်ရေး” အဆိုကို လွှတ်တော် ကိုယ်စားလှယ် ခဲ့ကြပါတယ်။ မနက်ဖြန် ကိုယ်စားလှယ် ၃ ဦး ထပ်မံ ဆွေးနွေးပြီးနောက် လွှတ်တော်က ဆုံးဖြတ်ချက် ချမှတ်မယ်လို့ သိရပါတယ်။
အလားတူ အမျိုးသားလွှတ်တော် အစည်းအဝေးမှာလည်း ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနောင်က မြန်မာရွှေ့ပြောင်း အလုပ်သမား တွေရဲ့ ဘဝ လုံခြုံမှုအတွက် နိုင်ငံတော်က စီစဉ် ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိမရှိ ဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ (Photo : RFA)

No comments:

Post a Comment