Monday 27 August 2012

ပြည်ထောင်စုဝန်ကြီးများနှင့်ဒုဝန်ကြီးများပြောင်းလဲတာဝန်ပေးအပ်


( ပြည်ထောင်စုဝန်ကြီးများနှင့်ဒုဝန်ကြီးများပြောင်းလဲတာဝန်ပေးအပ်တာကို  အမေရိကန် သမ္မတ က ဒီလိုစောင့်ကြည့်နေ ပြီး ရီနေပါသတဲ့ဗျာ ...  )

နိုင်ငံတော်သမ္မတရုံးမှယနှေ့ထုတ်ပြန်သည့်အမိန့်အမှတ်၂၂/၂၀၁၂အရပြည်ထောင်စုဝန်ကြီးများပြောင်းလဲတာဝန်ပေးအပ်ခြင်းနှင့်အမိန့်အမှတ်၊၂၁/၂၀၁၂အရဒုဝန်ကြီး
များပြောင်းလဲတာဝန်ပေးအပ်ခြင်းကိုနိုင်ငံတော်သမ္မတရုံး၏ အင်တာနက်စာမျက်နှာတွင်ဖေါ်ပြထားချက်အရ
သိရသည်။ပြောင်းလဲတာဝန်ပေးအပ်လိုက်သည့်ဝန်ကြီးများနှင့်သက်ဆိုင်ရာဝန်ကြီးဌာနများမှာ-


၁။ ဦးစိုးသိန်း - သမ္မတရုံးဝန်ကြီးဌာန
၂။ ဦးအောင်မင်း - သမ္မတရုံးဝန်ကြီးဌာန
၃။ ဦးလှထွန်း - သမ္မတရုံးဝန်ကြီးဌာန
၎။ ဦးတင်နိုင်သိန်း - သမ္မတရုံးဝန်ကြီးဌာန
၅။ ဦးအောင်ကြည် - ပြန်ကြားရေးဝန်ကြီးဌာန
၆။ ဦးကျော်ဆန်း - သမဝါယမဝန်ကြီးဌာန
၇။ ဦးအုန်းမြင့် - မွေး/ရေ ဝန်ကြီးဌာန
၈။ ဦးအေးမြင့် - စက်မှုဝန်ကြီးးဌာန
၉။ ဦးတင့်ဆန်း - အားကစားဝန်ကြီးဌာန
တို့ဖြစ်ပြီး ပြောင်းလဲခန့်အပ်လိုက်သည့်ဒုဝန်ကြီးများနှင့်သက်ဆိုင်ရာဝန်ကြီးဌာနများမှာ-
၁။ ရဲချုပ်ကျော်ကျော်ထွန်း - ပြည်ထဲရေးဝန်ကြီးဌာန
၂။ ဦးပိုက်ထွေး- ပြန်ကြားရေးဝန်ကြီးဌာန
၃။ ဦးသန်းဆွေ - ယဉ်ကျေးမှုဝန်ကြီးဌာန
၎။ ဦးအောင်သိမ်း - သမ္မတရုံးဝန်ကြီးဌာန
၅။ ဒေါက်တာလင်းအောင် - ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
၆။ ဦးဆက်အောင် - အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၇။ ဒေါက်တာဒေါ်ခင်စန်းရီ - အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၈။ ဒေါ်စုစုလှိုင် - လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၉။ ဦးသောင်းတင် - ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ဝန်ကြီးဌာန
၁၀။ ဦးထင်အောင် - စွမ်းအင်ဝန်ကြီးဌာန
၁၁။ ဗိုလ်မှူးချုပ်ဝင်းမြင့် - လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
၁၂။ ဦးအေးမြင့်မောင် - ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
၁၃။ ဒေါက်တာဒေါ်သက်သက်ဇင် -ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
၁၄။ ဦးသောင်းထိုက် - အားကစားဝန်ကြီးဌာန
၁၅။ ဒေါက်တာဒေါ်သိန်းသိန်းဌေး - ကျန်းမာရေးဝန်ကြီးဌာန
တို့ဖြစ်ကြောင်းသိရသည်။



Messenger News Journal

No comments:

Post a Comment