Friday, 24 August 2012

နောက်ကွယ်က ဇတ်လမ်းကဘာလဲ..



  • ရွှေမန်းက သိန်းစိန်ကို သ၀ဏ်လွှာပို့ပြီး သိန်းစိန်ကို ဖြုတ်ချင်တဲ့အကြောင်းရင်းရဲ့ နောက်ကွယ်က ဇတ်လမ်းကဘာလဲ..
    by ထိန် ရှင်း on Thursday, August 23, 2012 at 9:57pm ·

    ရွှေမန်းက သိန်းစိန်ကို သ၀ဏ်လွှာပို့ပြီး သိန်းစိန်ကို ဖြုတ်ချင်တဲ့အကြောင်းရင်းရဲ့ နောက်ကွယ်က ဇတ်လမ်းကဘာလဲ..

    ၂၀၁၁ အပြောင်းအလဲမှာ ရွှေမန်းက သမ္မတနေရာမှန်းထားတာ သူ့ကို သန်းရွှေက မယုံကြည်ရလို့ သိန်းစိန်ကို ပေးတော့ ဆွေ့ဆွေ့ခုန်နေသောသူရဲ့သားတွေအဲဒီရက်ပိုင်းကမကြေမနပ် တောင်ပြော
    မြောက်ပြောနေတော့ စစ်ရေးချုပ် မြင့်အောင်ကို ဖြုတ်ပြလိုက်လို့ငြိမ်သွားတာ၊ ရွှေမန်းက အဲဒီထဲက မကျေနပ်တာ ..သိန်းစိန်က ကျန်းမာရေးအရ နှလုံးစက်တပ်ထားရတော့ သမ္မတ မလုပ်ချင် ဘူးလို့ငြင်းခဲ့ပါသေးတယ်..သန်းရွှေက သစ္စာမရှိတဲ့ ရွှေမန်းကို မယုံဘူး။ ရွှေမန်းက သူ့ရဲ့ဆရာညွန့်တင်(လယ်ဆည်၊၀န်ကြီး)ကိုဂုန်းတိုက်ပြီး ဖြုတ်တာ ရွေမန်းဘဲ..ရွှေမန်းမိန်းမကို
    ဒေါ်ကြိုင်ကြိုင်ဆီအပ်ပေးထားတာက ညွန့်တင် မိန်းမပါ။ သူလဲ ညှိကွပ်ဖြစ်ရော ညွှန့်တင်ကို ဖြုတ် ဖို့လုပ်တော့တာဘဲ။

    အဲဒါကို မောင်အေးနဲ့သန်းရွှေသိတယ်..ဒီလူမယုံရဘူးကောက်ကျစ်တယ်..မိသားစုကလ
    နောက်ကြောင်း မကောင်းဘူး၊ သား နှစ်ယောက်ကလဲ အရှုပ်ထုပ်၊ မိန်းမကလဲ နည်းလမ်းပေါင်းစုံနဲ့၊ အထက်လမ်း၊ အောက်လမ်း၊ ဗေဒင်၊ယတြာ၊အားလုံးလုပ်တယ်။

    လိုအပ်ရင်ကိုယ်တိုင် ဒေါ်ကြိုင်ကြိုင် အိမ်မှာ အိမ်ဖော်တောင် သွားလုပ်သေး တယ်..အဲဒါ ရွှေမန်း ရဲ့အရင် ကိစ္စဘဲ...

    အခုကိစ္စက သိန်းစိန် ဖြုတ်ချရေးကြံစည်နေတာ..ကြံ့ခိုင်ရေးက ကြားဖြတ်ခွပ်ခွပ်လံအောင် ရှုံးတာ..သိန်းစိန်ကြောင့်လို့ ကြံ့ဖွံ့ကို ဘေးတီးတယ်..အစိုးရက မကူဘူး..ဒါကြောင့် ဒီအတိုင်း သွားရင် ၂၀၁၅ မှာ ကြံ့ဖွံ့မနိုင်မှာ သေချာနေပြီ။ ဒီတော့ ရွှေမန်း သမ္မတ ဖြစ်ဖို့ မသေချာတော့ ဘူး..ဒီတော့ ဘာလုပ်မလဲ..သိန်းစိန်ကို ဖြုတ်ပြစ်မယ်..အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေက ဥပဒေနဲ့မညီဘူးဆိုပြီးတော့ သ၀ဏ်လွှာပို့တယ်..ဒီအချိန်မှာ သိန်းစိန် က ပြည်တွင်း မှာကော.ပြည်ပ မှာပါ ထောက်ခံမှုကရနေတော့ တမျိုးလှည့်ပြီး ခုံရုံးကို ဓားစာခံ လုပ်တာပဲ..

    သိန်းစိန်သာ မျက်စိလည်ပြီး ခုံရုံးကို ထိုးကျွေးရင် သူ့ဘက်က ရပ်တည်မယ့် ဒေါက်တိုင်ကြီး ပြိုလဲရင် သူနောက်တစ်ဆင့်တက်ပြီး သမ္မတကို စွပ်စွဲပြစ်တင်မယ်..ဒီနည်းလမ်းအောင်မြင်ရင် သိန်းစိန်က ပြည်သူ့လွှတ်တော်အစုအဖွဲ့က တင်တဲ့သူဆိုတော့ သူဘဲ သမ္မတဖြစ်မှာဘဲ အသေအချာအကွက်ချပြီးလုပ်တာ..ကြံ့ဖွံ့က ၀န်ကြီးပြုတ်တွေကို သူသမ္မတဖြစ်ရင် အစိုးရအဖွဲ့ထဲ ထည့်ဖွဲ့မယ်..ဒီနည်းနဲ့ကြံ့ဖွံ့က အာဏာရဲ့အကူအညီယူပြီး လာမယ့် ၂၀၁၅ မှာ နိုင်အောင် လုပ်မယ်..ပြောရရင်တော့ ရှင်းရှင်းလေးပဲအာဏာနဲ့လုပ်မှာပဲ..ဒေါ်စုကို လွှတ်တော် ဥက္ကဋ္ဌနေ ရာပေးပြီး NLD ကို လွှတ်တော်နဲ့ အလုပ်ရှုပ်ခိုင်းထားမယ်..အဲဒါ ကြံ့ဖွံ့ရဲ့ထွက်ပေါက်ပဲ..

    NLD က နိုင်ငံရေးပဲလုပ်လာကြတယ်..ဒီအကွက်တွေ မမြင်ဘူး..မမြင်လို့လဲ..အရင်က ၀န်ကြီးဟောင်းတွေနဲ့ ရွှေမန်း ညှိကွပ်အပါအ၀င် ဆင်တဲ့အကွက်ထဲဝင်ပြီး ၁၀ စုနှစ် နှစ်ခုနီးပါး နလံမထူနိုင်တာ..ယခင် အစိုးရအဖွဲ့ထဲက ညစ်ပတ်တဲ့သူတွေက ကြံ့ဖွံ့မှာ CEC ဘဲ။

    တစ်သက်စားလို့မကုန်တဲ့ စည်းစိမ်တွေ ရပြီးပြီး ၀န်ကြီးဌာနတွေမှာ လုပ်ချင်သလို လုပ်ခဲ့ပြီးပြီ။ ဘာမှ အစစ်ဆေးမေးမြန်းခြင်းမရှိ၊ ပြောလိုက်ရင်တော့ ပါတီအောင်နိုင်ရေးကိစ္စဆိုပြီး ၀န်ထမ်းတွေကို လှည့်ခဲ့တာပါပဲ..ကြံ့ဖွံ့ အောင်နိုင်ရေးအတွက် လုပ်တဲ့ကိစ္စ ကို စေ့စေ့ကြည့် ရင် ဖြုတ်ပစ်လိုက်တယ်..အခုလဲ အဲဒီပုံစံအတိုင်း သွားဖို့ပြင်တာပဲ..အောင်မြင်ရင် သူတို့ဇာတ်လမ်း က ဆက်လို့ရပြီ ဒီအတိုင်းသွားရင်တော့ ၂၀၁၅ မှာ တခန်းရပ်ဘဲ..

    သန်း ၆၀ သော ပြည်သူလူထုနဲ့တိုင်းပြည်အတွက် ကြည့်မယ့်သူတွေ ဟုတ်မဟုတ် လွှတ်တော်မှာ ဆင်တဲ့အကွက်တွေကို ကြည့်ရင် ဥာဏ်ရှိသူတိုင်း စဉ်းစားနိုင်ပါတယ်...

    သမ္မတက မိသားစုအလိုက်ရိုးတာ..သန်း ၆၀ သော လူထုအ တွက် စေတနာရှိတယ် ဆို တာ.. လုပ်ရပ်တွေကို ကြည့်ရင်အားလုံး သိနိုင်ပါတယ်..ကြံ့ဖွံ့အတွက် ကျတော့ မကြည့် လို့ သူ့အတွက် ဘဲ လုပ်တယ်ဆိုပြီး ကြံ့ဖွံ့က ၀န်ကြီးပြုတ်တွေက မကျေနပ်ကြဘူး သူတို့ကို သံတော်ဦး မတင် လို့ တေး မှတ်ပြီး လုပ်ကြတဲ့သဘောပါ..အခုကိစ္စမှာ ခုံရုံးက ဓားစားခံပါ. .ပြီး ရင်.. သမ္မတဆီဆက်တိုက်လာမှာပဲ..

    သမ္မတနဲ့ဒေါ်စုကြည်တွဲပြီး စေတနာမှန်နဲ့သာ ဆောင်ရွက်မယ်ဆိုရင် တိုင်းပြည်က အများကြီးကောင်း ဖို့ ရှိတယ်..ဒီတော့အဖျက်သမားက ဘယ်သူလဲဆိုတာ ရှင်းလောက်ပါပြီ။။

    ဒါကြောင့် သမ္မတကြီးကို ၀န်းရံကြပါ..ဒေါ်စုကြည်တို့NLD က သတိရှိကြပါ. .နောက်ကြောင်း ပြန် လှည့်မည့် အကြံအစည်ကို တွန်းလှန်ဖြိုဖျက်ကြပါ..အာဏာရှင်စနစ် မြန်မာပြည်မှာ ချုပ်ငြိမ်းနိုင်စေ...ပြည်သူ့လွှတ်တော်က အာဏာတည်ဆောက်နေတာကို မြင်နိုင်ကြပါစေ...

No comments:

Post a Comment