Thursday 23 August 2012

ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့

ဆောင်းပါးရှင် လွင်အောင်စိုး

..... Page member တစ်ဦးမှ ပေးပို့လာသော စာစုဖြစ်ပါသည်။

ကမ္ဘာ့မိသားစုသို့ မြန်မာတစ်ဦး၏ ပေးစာတစ်စောင်

ပြဿနာတစ်ရပ်ဖြစ်ခဲ့သည်ရှိသော် အခြေအနေ၊ အဖြစ်အပျက် အသေးစိတ်ကို မသိပဲ ပါဝင်မိခဲ့လျှင် အမှားသို့သာ ဦးတည်သွားမည် ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ၀င်ရောက်စွက် ဖက်ရန် တကဲကဲ ဖြစ်နေသော OIC သည်မြန်မာ့ပြဿနာကို အသေးစိတ်မည်မျှ သိရှိထားသနည်း။

အခြေခံအမှန်တရားများ
မြန်မာနိ
ုင်ငံ၏ ရခိုင်ဒေသနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် နယ်နိမိတ်ချင်းထိစပ်လျက်ရှိကြသည်။ လူဦးရေ အလွန်အမင်းတိုးပွားနေသော ဘင်္ဂလားဒေ့ရှ်ဖက်မှ ဘင်္ဂါလီများ ရခိုင်ဒေသတွင်းသို့၊ သမိုင်း တလျှောက်ယခုချိန်ထိ နည်းမျိုးစုံဖြင့်ဝင်ရောက်လျက်ရှိသည်မှာလည်း အမှန်တရားပင် ဖြစ်သည်။ ထို့ကြောင့် ဘင်္ဂါလီများမှာ အခြေခံအားဖြင့် မြန်မာတိုင်းရင်းသားစစ်စစ်မဟုတ်ပဲ ဘင်္ဂလားဒေ့ရှ်ဖက်မှ ၀င်ရောက်နေထိုင်သူများ သာဖြစ်သည်ဟု ဆိုရပါမည်။
ထိုဘင်္ဂါလီများကို ဒေသခံများဖြစ်သယောင် လုပ်ကြံဖန်တီး ပြောဆိုမှုများ ရှိခဲ့ပါသည်။ ရှေးရာစုနှစ် များစွာကတည်းက ၀င်လာခဲ့သော ဘင်္ဂါလီများကို ညွှန်းပြု ပြောဆိုခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံက နှစ်ပေါင်းများစွာကတည်းက နေလာခဲ့သူများကို နိုင်ငံသားအဖြစ် အသိအမှတ် ပြုရန်ဆုံးဖြတ်ပြီး ဖြစ်ပါ သည်။ သို့သော်ခက်နေသည်က ရာစုနှစ်ပေါင်း များစွာကတည်းက ဖြည်းဖြည်းချင်းစိမ့်ဝင်ကာ အတည် တကျ နေထိုင်လာခဲ့သူများကို ထောက်ပြ၍ ပြီးခဲ့သည့်ဆယ်စုနှစ် အနည်းငယ်အတွင်း အလုံးအရင်း နှင့် ၀င်ရောက်လာသူများနှင့် ယင်းတို့မှ မွေးဖွားလာသူများ ကိုပါမြန်မာနိုင်ငံ သားအဖြစ် လက်ခံပေးရ မည်ဟူသော အတင်းအကျပ် တောင်းဆိုလာမှုများပင် ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံများက ရှင်းလင်းစွာ မြင်ရမည့်အမြင်များမှာ
၁ ။ ဘင်္ဂါလီများမှာ မျိုးနွယ်အရ မြန်မာ နိုင်ငံသို့ ရွှေ့ပြောင်း ရောက်ရှိလာသူများ ဖြစ်ကြောင်း၊
၂ ။ ရှေးယခင်ကတည်းက ၀င်ရောက်နေထိုင်ခဲ့သည့် ဘင်္ဂါလီ နှင့် နောက်မှ ၀င်လာသည့် ဘင်္ဂါလီ ဟူ၍ ၂ မျိုးကွဲပြားကြောင်း၊
၃ ။ ရှေးယခင်ကတည်းက ၀င်ရောက်နေထိုင်ခဲ့သည့် ဘင်္ဂါလီများကို နိုင်ငံသားအဖြစ်လက်ခံကြောင်း၊ ၄ ။ ယခု ပြဿနာမှာ နောက်မှဝင်ရောက်လာသည့် ဘင်္ဂါလီများကို လူ့အခွင့်အရေး အကြောင်းပြချက် ဖြင့် မြန်မာနိုင်ငံသားအဖြစ် အတင်းအကျပ် လက်ခံခိုင်းနေသည့် ကိစ္စဖြစ်ကြောင်း၊ စသည်များပင်ဖြစ်သည်။
ပြဿနာများ
ရွှေ့ပြောင်းဝင်ရောက်မှု နှင့် မွေးဖွားနှုန်း မြင့်မားမှု များကြောင့်၊ ရခိုင်မြောက်ပိုင်းတွင် ဘင်္ဂါလီဦးရေ ကြောက်ခမန်းလိလိ တိုးလာခြင်းသည် ဒေသတွင်း မတည်မငြိမ်ဖြစ်နေမှုများ၏အခြေခံကြောင်းရင်း ဖြစ်ပါသည်။ ထိုဒေသများတွင် အချို့ကျေးရွာများမှာ ဘင်္ဂါလီရွာများ လုံးလုံးဖြစ်နေသော အခါ၊ တရား ဥပဒေ စိုးမိုးရေးကိုပင် ဖော်ဆောင်ရ ခက်လာပါသည်။ ယခုတလော ဖြစ်နေသည့်ရခိုင်ကိစ္စသည် ရခိုင် အမျိုးသမီးငယ် တစ်ဦးကို ဧည့်နိုင်ငံသား ဘင်္ဂါလီများက အဓမ္မကျင့်ကြံ သတ်ဖြတ်ရာမှ စတင်ခဲ့သည် ကို လူတိုင်းသိထားပြီး ဖြစ်ပါသည်။ စဉ်းစားရန်ရှိသည်မှာ ဤမျှကြောက်မက်ဖွယ်ကောင်းသည့် ရာဇ၀တ်မှုမှာ တိုက်ဆိုင်မှု သက်သက်မှဟုတ်ရဲ့လား ဟူသောအချက်ဖြစ်ပါသည်။ ဘင်္ဂါလီများချည်း ရှိသောကျေးရွာ များ တွင် ရာဇ၀တ်မှုများ၊ လူစိမ်းဝင်ရောက်မှုများကို သတင်းပို့ ခြင်းများမရှိသဖြင့်၊ ရာဇ၀တ်မှုများ ရှိမှန်းမသိနိုင်သလို အရေးယူနိုင်ခြင်းများလည်း မရှိပါ။ ဤအခြေအနေကို အခွင့် ကောင်းယူ၍ ဆိုးသွမ်းသူများက အတင့်ရဲလာကာ ဤမျှ ကြမ်းကြုတ်ရက်စက်သော၊ လူမဆန်သော အမှုကိစ္စများကို လုပ်ရိုးလုပ်စဉ် ကျူးလွန်နေကြ ခြင်းလား ဟု စဉ်းစား ရန်ရှိပါသည်။ ထို့ပြင်လူစိမ်းများ ၀င်ရောက်နေထိုင်မှုကို မသိနိုင်ခြင်းသည် လူဝင်မှုကြီးကြပ်ရေးအပါအ၀င် ဒေသ တွင်းနှင့်နိုင်ငံလုံခြုံ ရေးတို့ အပေါ်မည်မျှ စိုးရိမ်စရာ ကောင်းသည်ကို ကမ္ဘာ့နိုင်ငံများ အနေဖြင့် နားလည်ပေးနိုင်မည်ဟု မျှော်လင့် မိပါသည်။
မြန်မာနိုင်ငံတွင်းသို့ မကြာမီကမှ ရောက်ရှိလာသော ဘင်္ဂါလီများသည်၊ ဒေသတွင်းရှိ ရခိုင်လူမျိုးစု များနှင့် သင့်မြတ်စွာ နေထိုင်တတ်ခြင်း မရှိသည်ကိုလည်း တွေ့ရပါသည်။ ဒေသခံတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို လေးစားခြင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားခြင်းများ ကင်းမဲ့နေ သည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။ အထူးသဖြင့် ယင်းတို့ဝါဒဖြန့်သည့် ရခိုင်ဒေသသည် ဘင်္ဂါလီတို့၏ မြေဖြစ်သည်ဆိုသောစကားများ၊ သီးခြားလွတ်လပ်သောနိုင်ငံထူထောင်မည် ဟူသော ပြောကြားချက် များသည် ဒေသခံရခိုင်တိုင်းရင်းသားများနှင့် မြန်မာပြည်သူများကို ဆတ်ဆတ်ခါနာကျည်းစေသည့်၊ မုန်းတီးမှုကို ဖြစ်ပေါ်စေသည့် လုပ်ရပ်များ ဖြစ်ပါသည်။ ယင်းမဆင်မခြင်လုပ်ဆောင်ချက်များသည်ပင် ဘင်္ဂါလီများကို မြန်မာလူထုနှင့် ဝေးရာသို့ ပို၍ပို၍ ပို့ဆောင်ပေးနေသည်ဟု ဆိုရပါမည်။
ဤနေရာတွင်သတိပြုရန်တစ်ချက်မှာ အချို့အဖွဲ့အစည်းများက ဘင်္ဂါလီတို့အား လူသားချင်းစာနာ သည့် အထောက်အကူ များပေးသည်ဆိုရာဝယ်၊ မိမိတို့၏လုပ်ဆောင်ချက်ကို ထိုကူညီသည့် ဘောင် အတွင်း ကန့်သတ် ထားရေးပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံပိုင် ဖြစ်သောရခိုင်ဒေသအတွင်းပြဿနာ များ ပြေလည်ရေးသည် ဘင်္ဂါလီများ၏ လူ့အခွင့်အရေး တစ်ခုတည်းသာမဟုတ်။ မြန်မာနိုင်ငံ၏အချုပ်အခြာ အာဏာ တည်ရှိမှု၊ မြန်မာနိုင်ငံသား အားလုံး၏လက်ခံနိုင်မှု၊ ရခိုင် တိုင်းရင်းသားများ၏ ကျေနပ်မှု တို့လည်း ပေါင်းစပ်ပါဝင်မှသာ ရေရှည်တည်တံ့နိုင်မည့် ဖြေရှင်းချက်ကို ရနိုင်မည်ဟု သဘော ပေါက် သင့်ပါသည်။ အဖြေကို (ပြဿနာ၏ ရင်းမြစ်ကိုသိသည့်) ပြည်တွင်းမှာပင် ရှာရပါမည်။ ပြည်ပမှ ဖိအား ပေး တောင်းဆိုမှုမျိုးသည် ပြည်တွင်းဆန့်ကျင်မှုများကိုသာ ပိုမိုတိုးပွားစေပြီး၊ မလိုလားအပ်သည့် အခက်အခဲများကို ဖိတ်ခေါ်ရာ ရောက်ကြောင်းအသိပေးလိုပါသည်။
နောက်ဆုံးအနေနှင့် ကမ္ဘာ့နိုင်ငံများသည် မိမိတို့ကြုံတွေ့ခဲ့ရသည့် ပြဿနာများကို အခြေခံ၍ မြန်မာ နိုင်ငံ၏ အခက်အခဲကို စာနာပါရန် ပန်ကြားလိုပါသည်။ မြန်မာနိုင်ငံလက်ရှိ ကြုံတွေ့ နေရသည့် အခက်အခဲ နှင့်ထပ်တူမကျ သော်မှ ဆင်တူသည့်ပြဿနာများကို ရုရှားနိုင်ငံ ကော့ကေးဆပ်ဒေသတွင် လည်းကောင်း၊ တရုပ်နိုင်ငံ ဆင်ကျင်းဒေသတွင်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် သီရိလင်္ကာ တွင်လည်းကောင်း၊ ဒေသတွင်း အာစီယံနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင် တောင်ပိုင်းနှင့် ထိုင်းနိုင်ငံတောင် ပိုင်းတို့တွင်လည်းကောင်း တွေ့ကြုံဖြေရှင်းခဲ့ (သို့မဟုတ်) ဖြေရှင်းနေရဆဲဖြစ်ပါသည်။ ထိုကိစ္စများတွင် တစ်နိုင်ငံခြင်းတွေ့ကြုံ ရသည့် အခက်အခဲအလျောက် မိမိနည်း၊ မိမိဟန်ဖြင့် နိုင်ငံလုံခြုံရေးကို အဓိက ထား၍ ဖြေရှင်းကြရသလို၊ မြန်မာနိုင်ငံ အရေးတွင်လည်း နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲ ရေး နှင့် နိုင်ငံသားတို့၏ လုံခြုံရေးတို့ကို ကုလသမဂ္ဂ ပဋိဥာည်စာတမ်းပါ အခွင့်အရေးအတိုင်း ဆောင်ရွက်ခွင့်ပြုသင့်ကြောင်း တင်ပြအပ်ပါသည်။

No comments:

Post a Comment